မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ပျဉ်းချောင်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်သားတွေကို စီးနင်းလာတဲ့ ကားအား ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက ထောက်ကြံ့ကွင်းဂိတ်မှ ပျဉ်းချောင်းရွာသို့ ပြန်လာတဲ့ စစ်ကော်မရှင် တပ်သားတွေကို တပ်တွင်းဖရဲသီးရဲ့ သတင်း‌ပေးပို့ချက်အရ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ကားပေါ်ရှိ ဗိုလ်ကြီး ၁ အပါအဝင် တပ်သား ၂ ဦးဒဏ်ရာရရှိသွားပြီး တပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသွားတဲ့ စစ်ကော်မရှင်တပ်သားတွေကို မကွေးစစ်ဆေးရုံကြီးမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်မကွေးတောင်တွင်းကြီးအထူးပြောက်ကျားတပ်ဖွဲ့ တို့က လုပ်ဆောင် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ

0 Shares:
You May Also Like
Read More

KNDF ဒုစစ်ဦးစီးချုပ် မာဝီ ပြောတဲ့ တိုက်ပွဲတစ်ပွဲရဲ့ အဆုံးအဖြတ်က ဘာလဲ (ရုပ်/သံ)

တော်လှန်ရေးအောင်နိုင်ခြင်း၊ မအောင်နိုင်ခြင်းနဲ့ တိုက်ပွဲတစ်ပွဲရဲ့ အရေးကြီးအဆုံးအဖြတ်က ဘာလဲဆိုတာ KNDF ဒုစစ်ဦးစီးချုပ် မာဝီက ယခုလိုပဲ ပြောကြားခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေမှု မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ် မြ၀တီမြို့နယ်၊လေးကေ့ကော်ဒေသက စစ်ကောင်စီရဲ့ အရေးပါတဲ့ စွယ်တော်ကုန်းကျပြီးတဲ့နောက် လက်ကျန် အောင်ဇေယျစစ်ကြောင်း နဲ့ ကရင်တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်နေတဲ့ ရုပ်သံကို တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ဖော်ပြလာပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ အထမ္မကောက်ကျေးရွာနဲ့ တပေါင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၊ လက်ဆည်ကျေးရွာရဲစခန်းတွေကို ဒီဇင်ဘာ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး ရော့ကတ်တွေ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်း စစ်အုပ်စု ဂိတ်စခန်းနှင့် တပ်စခန်းများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အထိုင်ချထားတဲ့ စစ်အုပ်စုရဲ့ ဂိတ်စခန်းနဲ့ တပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force M.D.F က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်-မြိတ်အမှတ် (၈) လမ်းပေါ်ရှိ စစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်-မြိတ် အမှတ် (၈) လမ်းပေါ်ရှိ ရွှေဂူဂိတ်ကို ဖေဖော်ဝါရီ ၁၀ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ T5 Wings ဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။