အကြမ်းဖက်စစ်တပ်က မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင်းရှိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးသွားသလို ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဂူဗိမာန်ကိုတွေလည်း ဖျက်ဆီးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီက သိရပါတယ်။

ဇန်နဝါရီ ၂၈ ရက်နေ့က တွင်းမ ပျုစောထီးကျေးရွာထဲမှာ ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ တွင်းမရွာရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ သစ်ပုလွေကုန်း၊ သံဘို စတဲ့ ကျေးရွာတွေကို  မီးရှို့ဖျက်ဆီးပြီး အဲဒီကျေးရွာမှာရှိတဲ့ ကာကွယ်ရေးတပ်သားတွေရဲ့ ဂူဗိမာန်တွေကိုလည်း ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

“အနားတစ်ဝိုက်က တောတိုက်အိမ်တွေကို မီးရှို့တယ်။ ကျဆုံးကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဂူဗိမာန်တွေကိုပါ မီးရှို့ခဲ့တာ၊ ဒီ စကစတွေက ပခုက္ကူ ၁၀၁ ကနေ ထွက်လာတဲ့ စစ်ကြောင်းက၊ အဲ့စစ်ကြောင်းကတော့ ဒီဇင်ဘာထဲကနေ ဇန်နဝါရီ အခုချိန်ထိ တောက်လျှောက်မွှေနေတာ” လို့ အညာမြေတပ်ပေါင်းစုမှ သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။

ပခုက္ကူမြို့နယ် ကံရပ်ကြီးရွာအား စစ်တပ်က မီးရှို့မှုမြင်ကွင်း။

ဒါ့အပြင် ဇန်နဝါရီ ၂၉ ရက် နေ့လည်လောက်မှာလည်း ပခုက္ကူတပ်မ(၁၀၁) ကနေ တက်လာတဲ့ ပါရာမော်တာနှစ်စီးဟာ မြိုင်နယ်တောင်ပိုင်းက ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပြီး ထိခိုက်မှုတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ဇန်နဝါရီ ၃၀ ရက် ဒီနေ့မှာတော့ မြိုင်မြို့နယ် ဇီးတောကျေးရွာထဲကို ဆက်လက်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

“အခုလက်ရှိအထိတော့ မြိုင်မြို့နယ် ဇီးတောရွာထဲမှာရှိနေတယ်၊ အင်အား ၂၀၀ ခန့်လောက်ပါတယ်။ ရွာထဲမှာ တန်ဖိုးရှိပစ္စည်းတွေကို အဓမ္မယူတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေလည်း ရှိတယ်လို့ကြားပေမဲ့ စစ်ကြောင်းရှိနေသေးတော့ အတည်မပြုနိုင်သေးဘူး” လို့ ကိုဘိုဘိုသန့်ဇင်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း တပ်မ (၁၀၁)က အကြမ်းဖက်စစ်ကြောင်းဟာ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နဲ့ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကြာနီကန်ရွာ လမ်းမကြီး အရှေ့နှင့် အနောက်ဘက်ခြမ်းက နေအိမ်များကို အစိုးရပိုင်ဟုဆိုကာ စစ်အုပ်စုက ၃ရက်ဆက် ဖျက်ဆီးခဲ့…

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ရွာ လမ်းမကြီးဘေးမှာရှိတဲ့ နေအိမ်ရာနဲ့ချီကို စစ်ကောင်စီက လမ်းပိုင်မြေ မလွတ်ဘူးဆိုပြီး ဘူဒိုဇာတွေနဲ့ ၃ ရက်ဆက် ဖျက်ဆီးခိုင်းခဲ့တယ်လို့ MDY Revolution တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အင်းတော်ကြီးဒေသတွင် စစ်တပ်နှင့် SNA တပ်စွဲထားသည့် မိုင်းနောင်နှင့် မမုံကိုင်ရွာကို ပြန်လည်သိမ်းပိုက်ဟု KIA ထုတ်ပြန်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ အကြမ်းဖက်စစ်တပ်နဲ့ SNAပြည်သူ့စစ်တို့ တပ်စွဲထားတဲ့ မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန Laiza TV ကနေ ဩဂုတ် ၁၆ရက် မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မံစီက သိမ်းပိုက်ရရှိတဲ့စစ်ကောင်စီ လက်ကျန်တပ်စခန်းတွေမှာ KIO/KIA အလံတွေကို စတင်လွှင့်ထူ

ကချင်ပြည်နယ်၊ မံစီမြို့ ကို KIA က သိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက် မြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ကာ KIO/KIA အလံတွေကို လွှင့်ထူထားတဲ့ ဓာတ်ပုံတွေကို စစ်ရေးသတင်းအရင်းအမြစ်တချို့မှာ ဖော်ပြလာပါတယ်။
Read More

ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ ဦး သေဆုံး… အတည်ပြုဖို့ လိုနေတဲ့ ၄၇ ဦးကို စာရင်းပြုစုဖို့ လုပ်ဆောင်နေဟု AAPP ဆို..

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း အရပ်သားပြည်သူ အမျိုးသမီး (၆) ယောက်နဲ့ အမျိုးသား (၉) ယောက် စုစုပေါင်း (၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းတွင် စစ်ကြောင်းထိုးမီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သားများအနက် မူးယစ်ဆေး အလွန်အကျွံ သုံးစွဲသူများပါဝင်

"အရှင် ဖမ်းမိတဲ့ သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်အရဆို တပ်ထဲမှာ မူးယစ်ဆေးက လိုရင် လိုသလောက် ရတယ်တဲ့။ နယ်မြေရှင်းလင်းဝင်တော့ ရှေ့တန်းပွိုင့်ရဲ့ နေရာတိုင်းလိုလိုမှာ အပ်တွေတွေ့ရတယ်။ အလွန်အကျွံ သုံးကြတာပါ။ ရှေ့တန်းမှာတောင် ဒီလောက်တွေ့ရရင် နောက်တန်းမှာဆို ဒီထက်ပိုဆိုးနိုင်တယ်" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

မြင်းခြံမြို့နယ်၊ စွန်းလွန်းစစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေရှိနေတဲ့ စွန်းလွန်းဂိတ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Natogyi Regional Defence Force- NRDF က သတင်းထုတ်ပြန်ပါတယ်။