မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲ(၁၀) ကြိမ်ဖြစ်ပွားပြီး စစ်ကော်မရှင်ဘက်က အယောက်(၃၀)နီးပါး ထိခိုက်သေဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမပတ်လောက် ကတည်းက မင်းတုန်းမြို့နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး သရက်ခရိုင် အမှတ် (၄) တပ်ရင်းတပ်ဖွဲ့ဝင်တွေက ရက် (၂၀) ကြာခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အတုအယောင်ရွေးကောက်ပွဲ လုပ်ဆောင်ခွင့်မရ ခဲ့တဲ့ မင်းတုန်းမြို့နယ်အတွင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတွေ ပို့ဆောင်စေလွှတ်ခဲ့တာ​လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ မူးယစ်ဆေးဝါးသုံးစွဲရင်း ကျေးရွာတွေထဲ ဝင်ရောက်မီးရှို့တာ၊ ပစ္စည်းတွေ ကားနဲ့တိုက်ယူတာအပါအဝက် အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်တာနဲ့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပထမဆုံးအနေနဲ့ ဇန်နဝါရီလ (၁၇) ရက်နေ့ နေ့လည်ပိုင်းက မင်းတုန်းမြို့နယ် ကြပ်ကြီးကျေးရွာအနီးမှာအင်အား(၁၅၀) ပါစစ်ကြောင်းနဲ့ (၁၀)မိနစ်ကြာ ထိတွေ့မှု စဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ ပုသိမ် – မုံရွာ လမ်းပိုင်းပေါ်က မဲဇလီနဲ့ သရက်အုပ်ကျေးရွာတွေမှာ တပ်ဖြန့် နေရာယူရင်း ကျေးရွာတွေထဲဝင်ရောက်မွှေနှောက်ခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလည်း နောက်ထပ်တခါ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

သရက်ခရိုင်အမှတ်(၄) တပ်ရင်းတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

ဒီနောက်မှာတော့ စစ်ကြောင်းဟာ ပုသိမ် – မုံရွာ လမ်းပိုင်းအတိုင်း မင်းတုန်းမြို့ဘက်ဆီ ပြန်လည်ဆုတ်ခွာသွားခဲ့သလို ဇန်နဝါရီလ (၂၁) ရက်နေ့မှာလည်း မိုက်ကရို ဂိတ်ကနေ တဆင့် ကျေးရွာတွေ ထဲ ထပ်မံစစ်ကြောင်းထိုးလာခဲ့​တယ်လို့ ပြောပါတယ်။

စစ်ကြောင်းဟာ ထိန်ကိုင်းကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်ရင်း ဒေသခံတွေကို ဖမ်းစီးထားခဲ့သလို အဲ့ဒီနေ့ မနက်နဲ့ ညနေပိုင်းတွေမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ထိန်ကိုင်းကျေးရွာစာသင်ကျောင်းနဲ့ ကောက်ကွေ့ကျေးရွာဘက်ဆီ အကြမ်းဖက်စစ်သား​တွေ ရှေ့ပြေးပွိုင့်ထွက်လာချိန်မှာ ဒရုန်းတွေနဲ့(၆၀) မမဗုံးသီး​တွေကြဲချခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဟာ စစ်ကြောင်းရှေ့ဆက် မတိုးနိုင်ပဲ အဲ့ဒီကျေးရွာတွေထဲ ညအိပ်တပ်စွဲခဲ့ရပြီး နောက်တစ်နေ့မှာပဲ စစ်ကြောင်းဆက်လက်ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်ဇန်နဝါရီလ (၂၂) ရက်နေ့ ညနေပိုင်းမှာလည်း မင်းတုန်းမြို့နယ်၊ ထန်းလေးပင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို မြေပြင်ကရော ဝေဟင်ကနေပါ အပြင်းအထန်တိုက်ခိုက်ခဲ့သေးတယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သားတွ အထိနာကာ ထန်းလေးပင်ကျေးရွာက နေအိမ်(၆)လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းနဲ့ အနီးအနားက ပြောင်းကျေးရွာနဲ့ သီးပင်ကုန်းကျေးရွာတွေထဲဝင်ရောက်ပြီး အရပ်သားတွေကို လူသားဒိုင်းလုပ်တပ်စွဲနေခဲ့တယ်လို့ သိရပါတယ်။

ဒီနောက်မှာလည်း အကြမ်းဖက်စစ်တပ်နဲ့ သရက်ခရိုင် အမှတ်(၄) တပ်ရင်းတို့ ဇန်နဝါရီလ (၂၃) ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ထိတွေ့တိုက်ပွဲတွေရက်ဆက် ဖြစ်ပွားခဲ့ပါသေးတယ်။

” ဒီကနေ့ မနက်အထိ စစ်ကြောင်းက မင်းတုန်းမြို့အနီးက ရွာတွေထဲရောက်နေဆဲပါ။ ဒေသခံတချို့တဝက်ကစစ်ရှောင်နေရဆဲပါ။ စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲပါ။” လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။

စစ်ကြောင်းထိုးကာလအတွင်း အကြမ်းဖက်စစ်တပ်ဟာ ဝက်ကော်ကျေးရွာအတွင်းက နေအိမ် (၂၈)လုံး၊ ထန်းလေးပင်ကျေးရွာက နေအိမ် အလုံး(၅၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ကြီးရမ်းကား ပစ်ခတ်မှုကြောင့် ကင်းမွန်တောင့်ရွာ တစ်ရွာလုံးနီးပါးကို မီးလောင်ပြာကျခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့တဲ့ အရပ်သားတွေကိုလည်း ရိုက်နှက်ခဲ့တဲ့အတွက် သီးပင်ကုန်းဒေသခံ အမျိုးသား (၁)ယောက် သေဆုံးခဲ့ရပါသေးတယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ သရက်ခရိုင်တပ်ရင်း(၄) ရဲ့ နောက်တန်းစခန်းကိုလည်း ဂျက်ဖိုက်တာလေယာဥ်နဲ့လေကြောင်းတိုက်ခိုက်မူ (၁၀)ကြိမ်နီးပါးအပြင်းအထန်ပြုလုပ်ခဲ့တဲ့အတွက် စခန်းပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

 

0 Shares:
You May Also Like
Read More

မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်တပ် BGF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ BGF အကြမ်းဖက်စစ်တပ် ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွါးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲ ဖန်တီးခြင်းသည် ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ပြော

ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်တာဟာ ဒီမိုကရေစီကျင့်စဥ်ကို ချိုးဖောက်ပြီး ပြည်သူလူထုရဲ့ အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစားတာဖြစ်တယ်လို့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ် - ၁၃/၂၀၂၅" မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။
Read More

မုံရွာမြို့နယ် သာစည်ရွာ ရဲစခန်းကို တော်လှန်ရေးတပ်များ အနီးကပ် သွားရောက်ပစ်ခတ်၊ ထိခိုက်သေဆုံးမှုများ ရှိနိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာများကို စစ်တပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတချို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၉ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကိုင်း၊ အုန်းတောနယ်မြေအတွင်း ကင်းပတ်ထွက်လာသည့် စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောနယ်မြေမှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Generation Z Power က ထုတ်ပြန်ထားပါတယ်။ 
Read More

စစ်တပ်က မုံရွာမြို့တွင် ပေါ်တာဆွဲထားသည့် လူငယ် ၈၀ ကျော်ကို ထမင်းမကျွေးနိုင်တော့လို့ဆိုပြီး နမခထဲ ပို့ဆောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ထမင်းမကျွေးနိုင်တဲ့အတွက် နမခထဲကို ပို့ဆောင်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။