တော်လှန်ရေးရန်ပုံငွေ ဘယ်လောက်ပဲခက်ခဲပါစေ မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်ပါတယ်။

‎အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်စိုးမိုးတဲ့ နယ်မြေအတွင်း ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ်‎တွေ ကနေဖမ်းဆီးသိမ်းထားတဲ့  မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးတဲ့ အချိန်မှာ အခုလိုပြောကြားခဲ့တာပါ။

‎မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးတဲ့ပွဲကို ဇန်နဝါရီ ၂၅ ရက်ကပြုလုပ်ခဲ့ပြီး ဘိန်းဖြူ ၆၅၄၅ခွက်၊WY စိတ်ကြွဆေးပြား ၄,၆၇၂,၀၀၀ပြား ဖျက်ဆီးခဲ့ကာ  ကာလတန်ဖိုး ကျပ်သိန်းပေါင်း တစ်သိန်းခန့်ရှိတယ်လို့ သိရပါတယ်။

‎အဲဒီလိုမူးယစ်ဆေးဝါးတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ( PDF ) တပ်ရင်း၊ တပ်ဖွဲ့တွေက ဖမ်းဆီးရမိတာဖြစ်တယ်လို့သိရပါတယ်။

‎”မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် လုံးဝ ကျွန်တော်တို့ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ နိုင်ငံတော်ကိုရော တော်လှန်ရေးကိုရော လူငယ်ကိုတွေရော ပြည်သူတွေကိုရော လမ်းမှားကိုဘယ်တော့မှ မရောက်စေရဘူး။ ‎ကျွန်တော်တို့ တော်လှန်ရေးရဲ့ ရန်ပုံငွေရှာဖွေရေးဘယ်လောက်ပဲခက်ခဲ မူးယစ်ဆေးဝါးနဲ့အလုပ်မလုပ်ပါဘူး။ ကျွန်တော်တို့ဟာ ဖြူစင်တဲ့တော်လှန်ရေးဖြစ်တယ် ” လို့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဆိုပါတယ်။

‎မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် နိုင်ငံတော်ရဲ့ အမျိုးသားညီညွတ်ရေအစိုးရရဲ့ တော်လှန်ရေးရပ်တည်ချက်က မူဝါဒရော ဥပဒေရော ပြတ်သားပြီးသား ဖြစ်လို့ ပြည်သူလူထုနဲ့ လူငယ်တွေကို ဘယ်တော့မှလမ်းမှားရောက်စေမှာ မဟုတ်ဘူးလို့ ဆက်လက်ပြောဆို ပါတယ် ။

‎ဒါ့အပြင် မူးယစ်ဆေးဝါးသယ်ဆောင်မှုနဲ့ ပတ်သက်တဲ့တရားခံတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။

‎အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက ကမ္ဘာ့ဘိန်းစိုက်ပျိုးမှုအဆင့်မှာ တစ်ဖြစ်ပြီး ၁၀ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံး ဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ပြန် ထားပါတယ်။

‎မြန်မာနိုင်ငံဟာ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ်ထဲ ကျဆင်းကာ ဆင်းရဲမွဲတေမှုနဲ့ မတည်ငြိမ်မှုတွေ ရင်ဆိုင်နေရတာကြောင့် မြန်မာ တောင်သူတွေဟာ ဘိန်းစိုက်ပျိုးမှုတွေကို ပိုမိုလုပ်ဆောင်လာကြတယ်လို့ UNODC အစီရင်ခံစာက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ကျေးရွာများရှိ နေအိမ်များကိုစစ်ကောင်စီနှင့် PNA ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံ - ညောင်ရွှေနယ်စပ် ဖယ်ခုံမြို့နယ်မှာ အကြမ်း ဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ အင်းလေးလူထုလှုပ်ရှားမှုက သတင်းထုတ်ပြန်ပါတယ်။
Read More

စလင်း- စေတုတ္ထရာလမ်းပိုင်းရှိ ၁၈မိုင်စခန်းကုန်းကို PDF ပူးပေါင်းတပ်ရင်းများ သိမ်းပိုက်ရရှိ၊ စစ်သုံ့ပန်းနှင့် လက်နက်အချို့ရရှိပြီး စခန်းမီးရှို့နိုင်ခဲ့

မကွေးတိုင်း၊ စလင်း- စေတုတ္ထရာလမ်းပိုင်းကအကြမ်းဖက်စစ်ကောင်စီရဲ့ ၁၈ မိုင်စခန်းကုန်းကို သိမ်းပိုက်ရရှိထားကြောင်း ပါဝင်ခဲ့တဲ့ တပ်ရင်းအချို့က ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ကျောက်မဲမြို့နယ် စစ်ဘေးရှောင် ပြည်သူများအတွက် SSPP/SSA စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ ပြုလုပ်…

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်ဇော်မင်းထွန်းရဲ့ တူတော်စပ်သူလို့ သတင်းထွက်ပေါ်နေတဲ့ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို အသေဖမ်းမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတိုက်ပွဲကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကြမ်းဖက်ဇော်မင်းထွန်းရဲ့ တူတော်စပ်သူ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို တော်လှန်ရေးတပ်တွေ လိုက်လံပစ်ခတ်ရာ အသေဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီ၏ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကို သိမ်းပိုက်ရရှိမှု KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားတဲ့ ခလရ (၃၁) ပွိုင့် ၁၂၄၈ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။