စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ လေဘိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်း ကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲဘအတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ Indaw Revolution – IR ဆီက သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက် ည ၉ နာရီလောက်မှာ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ လေဘိုရွာထဲကို ပေါင် ၅၀၀ ဗုံးသီး ၂ လုံးနဲ့ ကြဲချခဲ့ရာမိသားစု ခုနှစ်ယောက်နဲ့ အိမ်နီးနားက ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“လေဘိုရွာက ဘာတိုက်ပွဲမှမရှိဘူး။ ဒီအတိုင်းလာကြဲသွားတာ ၈ ရောက်သေတယ်။ ၇ ယောက်ကျတော့ တစ်အိမ်တည်းနေတဲ့ မိသားစု၊ အဲ့မှာလသား ကလေးလည်းပါတယ်။ သေဆုံးသူတွေထဲမှာ အလောင်းက ၂ လောင်းပဲ အကောင်းအတိုင်းပြန်ရတယ်။ ကျန်တဲ့ဟာကတော့ တစ်စစီပေါ့”လို့ Indaw Revolution – IR မှတာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်ဆီးတာတွေရှိနိုင် ပေမယ့် ဖုန်းလိုင်းအခက်အခဲ၊ အင်တာနက်လိုင်းအခက်အခဲကြောင့် ပျက်ဆီးသွားတဲ့နေအိမ် အတိအကျကို မသိရှိရဘူးလို့ ဆိုပါတယ်။

“လေဘိုရွာက အရင်က လေကြောင်းတိုက်ခိုက်ခံရမှုတစ်ခုမှမရှိဘူး။ စစ်ကြောင်းတောင်မထိုးဖူးဘူး။ တိုက်ပွဲ လည်းမဖြစ်ဖူးဘူး။ တကယ့်ကို ချောင်ကျတဲ့ ရွာတစ်ရွာဆိုတော့ စစ်ကြောင်းထိုးဖို့လည်းမရှိဘူး။ ထိုးစရာ လည်းမရှိဘူး။ လေဘိုရွာက နည်းနည်းဝေးလံခေါင်တဲ့ရွာလို့ပြောလို့ရတယ်။ အိမ်ခြေက ၁၀၀ လောက်ပဲ ရှိတယ်”လို့ Indaw Revolution – IR မှတာဝန်ရှိသူက ဆက်ပြောပါတယ်။

လေဘိုရွာဟာ အိမ်ခြေ ၁၀၀ လောက်သာရှိတဲ ရွာငယ်လေးတစ်ရွာဖြစ်ပြီး အခုလို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့လေကြောင်း တိုက်ခိုက်တဲ့ အတွက် ရွာသား တွေ ကြောက်လန့်ကာ တောတွေထဲ ရှောင်တိမ်း နေထိုင်နေကြရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးတွင် ၁၇ရက်ကြာ တပ်စွဲနေတဲ့ စစ်တပ်စစ်ကြောင်း ပြန်ဆုတ်လာစဥ် တော်လှန်ရေးတပ်များ တိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကညိုကျွန်းကျေးရွာအတွင်း မွှေနှောက်ဖျက်ဆီးပြီး ၁၇ ရက်ကြာတပ်စွဲနေတဲ့ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဆုတ်ခွာလာစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

၈၆ သိန်းကျော်အထိ အကျမရှိဘဲ တက်နေဆဲ မြန်မာ့ရွှေဈေးကွက်

မြန်မာ့ရွှေဈေးကွက်မှာ အခေါက်ရွေ တစ်ကျပ်သားကို ၈၆ သိန်းကျော်အထိ ကျဈေးမရှိဘဲ ဆက်လက်မြင့်တက်နေတယ်လို့ ရွှေကုန်သည်တွေဆီက သိရပါတယ်။ 
Read More

ဘားအံ ဂေါက်ကွင်းမှာ စစ်ကောင်စီ ခေါင်းဆောင်အချင်းချင်း လုပ်ပိုင်ခွင့်ကိစ္စပြောဆိုရင်း ထိုးကြိတ်မှု ဖြစ်ပွါးခဲ့

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်ကလေး ဂေါက်ကွင်းမှာ ဂေါက်ရိုက်နေတဲ့ အရှေ့တောင်ပိုင်းတိုင်း ဒုတိုင်းမှူးနဲ့ စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်တို့ လုပ်ပိုင်ခွင့် အငြင်းပွါးရင်း ထိုးကြိတ်မှု ဖြစ်ခဲ့တယ်လို့ ဂေါက်ကွင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် (၈) သင်တန်းဆင်းပွဲ

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၂၃ ရက်က ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီခရိုင် အမှတ်-၃ တပ်ရင်းရဲ့ အပတ်စဉ် (၂) အခြေခံစစ်သင်တန်း ပုံရိပ်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ်-၃ တပ်ရင်းရဲ့ အခြေခံ စစ်သင်တန်းအပါတ်စဉ် (၂) သင်တန်း ဓာတ်ပုံမှတ်တမ်းတွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မန္တလေး PDF စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်ဖွဲ့စည်းပြီး ၂၀၂၅ မှစ၍ စစ်ဆင်ရေးအရှိန်အဟုန် တိုးမြှင့်သွားမည်

မန္တလေး PDF အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ တပ်မဟာအသစ်တစ်ခုဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။