ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် စစ်တောင်းမြစ်တံတားပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ရာ တပ်ကြပ်တစ်ယောက်အပါအဝင် စစ်သား၂ ယောက်သေဆုံးသွားတယ်လို့ ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တာဝန်ရှိသူက မောင်း​ကို ပြောပါတယ်။

ဇန်နဝါရီလ (၂၉)ရက် မနေ့က မနက်ပိုင်းနဲ့ နေ့လည်ပိုင်းအချိန်တွေမှာ စစ်တောင်းမြစ်တံတား၊ မုန်း-အုတ်ဖြတ်လမ်းပိုင်းပေါ်က စစ်အုပ်စုတပ်ဖွဲ့ဝင်​တွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ၂ ချိန်ခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့လို ဒီတိုက်ခိုက်မှုတွေထဲ နေပူဆာထွက်လှုံတဲ့ သက်ကြီးပိုင်းစစ်သားနဲ့ အဝတ်ထွက်လှမ်းတဲ့ တပ်ကြပ်တစ်ဦး နေရာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

” ​နေ့လည်ပိုင်းပစ်တာမှာ ထိတာက ၂ရစ်နဲ့ပါ။ ၂ရစ်ကိုမှရဲနေတာပဲ။ ကြားထဲမှာက စစ်တောင်းမြစ်ပဲခြားတော့ ပစ်ပြီးမကြာဘူး။ သူတို့ဘက်ကလည်း ရမ်းသမ်းပြန်ပစ်တယ်” လို့ ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တာဝန်ရှိသူက မောင်း​ကို ပြောပါတယ်။

ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ


ဒီတိုက်ခိုက်မှုတွေကို KNLA တပ်ရင်း(၈) နဲ့အတူ ARMS Local PDF တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့သိရပါတယ်။

” ဒီဂိတ်က အရပ်သားတွေဖြတ်မရဘူး။ သူတို့နဲ့ပက်သက်သူတွေပဲဖြတ်လို့ရတာ၊ အဲ့တော့အခြားလမ်းသုံးကြရပါတယ်။ နောက်ပြီးအဲ့ဂိတ်က ဖြူးနဲ့​ဆို 20km လောက်ဝေးပါတယ်” လို့ ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

ဒီတပ်ရင်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၇) ရက်နေ့ကလည်း မုန်း-အုတ်ဖြတ်လမ်းပိုင်း၊ စစ်တောင်းမြစ်တံတားပေါ်က စစ်တပ်ဂိတ်ကို စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့​ရာ အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့ အဲ့ဒီ မုန်း-အုတ်ဖြတ် လမ်းပိုင်း၊ စစ်တောင်းမြစ် တံတားဂိတ်ဟာ အကြမ်းဖက်စစ်တပ်က ပိတ်ဆို့ထားတာကြောင့် အရပ်သားတွေ ဖြတ်သန်းသွားလာခွင့်မရှိဘူးလို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်က ပခုက္ကူမြို့နယ်ထဲက ဇောက်ဂျမ်းကုန်းကျေးရွာကို ရွာလုံးကျွတ်နီးပါး စစ်ကြောင်းထိုးမီးရှို့

အကြမ်းဖက်စစ်အုပ်စုစစ်‌ကြောင်းဟာ ပခုက္ကူမြို့နယ်၊ ဖေါင်းကွဲအုပ်စု ၊ ဇောင်ဂျမ်းကုန်းရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ ဖျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ အဆိုပါစစ်တပ်နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းဟာ မနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အဆိုပါ ဇောင်ဂျမ်းကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အခုလို မီးရှို့မှုတွေကို လုပ်ဆောင်ခဲ့တာလို့ သိရတာပါ။ ဒါ့အပြင် ဇော်ဂျမ်းကုန်းကျေးရွာရှိ ပြည်သူပိုင် စားနပ်ရိက္ခာတွေကိုလည်း အဆိုပါစစ်ကြောင်းက သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
Read More

ရိက္ခာပိုင်း မပြည့်မစုံဖြစ်နေသည့် အရှိုချင်းကာကွယ်ရေးတပ် (ACDF) ၏ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း ပြုလုပ်နေရာ ​အခြေခံစစ်ပညာသင်တန်းမှာ တက်ရောက်သင်ယူနေတဲ့ ရဲဘော်ရဲမေတွေအနေနဲ့ စစ်သင်တန်းရဲ့ ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေအပြင် အစားအသောက်နဲ့ ရိက္ခာပိုင်းဆိုင်ရာ မပြည့်စုံတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
Read More

AA ထိုးစစ်နှင့်အတူ စစ်ကောင်စီအတွက် စိုးရိမ်ရေမှတ် ရောက်ရှိလာသည့် မြို့တော် စစ်တွေ

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေကို အာရက္ခတပ်တော် AA က ဖေဖော်ဝါရီလဆန်းပိုင်းမှာ စတင်ထိုးစစ်တိုက်ခိုက်ခဲ့တာဟာ မြို့တော်နဲ့ မိုင်အနည်းငယ်အကွာကို ရောက်ရှိလာပြီဖြစ်ပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတွေကို ဒရုန်းတွေ တိုက်မိုင်းတွေနဲ့ စောင့်ကြိုတိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်​ဂေါမြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာ ၆ယောက်ထက်မနည်းထိခိုက်သွားကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်ဒေသခံ ၇ ဦး ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကိုရင်တွေနဲ့ အရပ်သားတွေ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။