မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ ကျေးရွာ ၃ ရွာက နေအိမ်တွေကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး လူ ၂ ယောက်ကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မကွေးမြို့အခြေစိုက် အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်က အင်အား ၁၂၀ ဝန်းကျင်နဲ့ ထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းဟာ ဇန်နဝါရီ  ၂၈ ရက်နေ့ မနက် ၅ နာရီလောက်မှာ မကျီးကုန်းကျေးရွာထဲကို ဝင်ရောက်ခဲ့ပြီးအိမ်ခြေ ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်သားတွေ ကျေးရွာထဲဝင်ရောက်လာမှာကို မကျီးကုန်းရွာခံတွေက ကြိုသိထား တဲ့အတွက် ရှောင်တိမ်းခဲ့တာကြောင့် ဖမ်းဆီးခံရသူမရှိခဲ့ဘူးလို့ သိရပါတယ်။

“မကျီးကုန်းမှာက အိမ်ခြေက ၁၆၀ လောက်ရှိတာ။ အဲ့မှာမီးလောင်သွားလို့ အိမ်ခြေ ၂၀ နီးပါးပဲ ကျန်ခဲ့တယ်။ ကျန်တဲ့အိမ်တွေ အကုန်ပြာကျကုန်တယ်။ ရွာသားတွေကတော့ ရွာထဲပြန်လာနေတာမျိုးမရှိသေးဘူး။ တစ်ရွာ လုံးနီးပါး မီးလောင်သွားတော့ စစ်ဘေးရှောင်အနေနဲ့ဘဲ အပြင်မှာနေကြတယ်”လို့ ချောက်နယ်ခံတစ်ယောက် က မောင်းကို ပြောပါတယ်။

မကျီးကုန်းရွာကိုမီးရှို့ဖျက်ဆီးပြီး ညပိုင်းလောက်မှာတော့ အဲဒီ အကြမ်းဖက်စစ်တပ်ဟာ လွန်ကြယ်ထိန်ကန်ရွာထဲကိုဝင်ရောက်သွားပြီး တစ်ညအိပ်စခန်းချကာ ရွာထဲကနေအိမ် ၆ လုံးနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ရဲ့ ဆိုင်ကယ်တချို့ကိုလည်း မီးရှို့ ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

မနက်ပိုင်းလောက်မှာတော့  သူတို့ဖမ်းဆီး ခေါ်ဆောင်လာတဲ့အမျိုးသားတစ်ယောက်နဲ့ လွန်ကြယ်ထိန်ကန်ရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုး သားတစ်ယောက်ကို ရွာထဲမှာ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

“တစ်ခြားရွာက ခေါ်လာတဲ့လမ်းပြကိုလည်းသတ်ပစ်တယ်။ ရွာမှာရှိတဲ့ အရူးတစ်ယောက်ကိုလည်း အရပ်အ ဝတ်အစား အသစ်ဝတ်ခိုင်းပြီးတော့ သတ်ပစ်တယ်။ ရဲဘော်တွေရဲ့ ဆိုင်ကယ်အကုန်လုံးကိုလည်း မီးရှို့သွား တယ်”လို့ ဒေသခံက ဆက်ပြောပါတယ်။

ဇန်ဝါရီ ၂၉ ရက်မနက်ပိုင်းလောက်မှာတော့  အကြမ်းဖက်စစ်တပ်ဟာ လွန်ကြယ်ထိန်ကန်ရွာ ထဲကနေ ပြန်လည် ထွက်ခွာလာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ ဥယျာဉ်ကျေးရွာထဲကို ဆက်လက်ဝင်ရောက်သွားပြီး ရွာထဲက နေအိမ်သုံးလုံး၊ ကားဂိုဒေါင်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးသွားသောနေအိမ်များအား တွေ့ရစဥ် (ဓာတ်ပုံ ပေးပို့)

0 Shares:
You May Also Like
Read More

တန့်ဆည်ရှိ မူးတိမ် ပျူစောထီးရွာအား တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ လက်နက် ၅လက် ရရှိ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ဝါသဝလက်အောက်ခံ မူးတိမ် ပျူစောထီးရွာကို နိုဝင်ဘာ ၂၈ရက်နေ့မနက်ပိုင်းမှာ တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၂၇ရက် ညပိုင်းကစလို့ သဃ်န်းဝတ်ဝါသဝလက်အောက်ခံ ပျူစောထီးရွာတွေထဲက တစ်ရွာဖြစ်တဲ့ မူးတိမ်ရွာကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ၂၈ရက်နေ့ မနက်ပိုင်းမှာ သိမ်းမိတာဖြစ်ကာ စစ်အုပ်စုဝင်အများစု ထွက်ပြေးသွားခဲ့တယ်လို့လည်း ဓူဝံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေဦးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငါ့သရောက်တွင် စစ်ကြောင်းထိုးသည့် အကြမ်းဖက်စစ်အုပ်စု ကြားဖြတ်တိုက်ခံရပြီး ၇၀ ကျော် သေကာ စစ်ကြောင်းလိုက် ပြုတ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ငါ့သရောက်မြို့နယ်ခွဲအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ပျူစောထီး ၇၄ ယောက်အထိ သေဆုံးပြီး စစ်ကြောင်းပျက်စီးသည်အထိ ချေမှုန်းနိုင်ခဲ့ကြောင်းက သိရပါတယ်။
Read More

စရဖအရာရှိချုပ်၏ သားဖြစ်သူ ဦးဆောင်ပြုလုပ်သည့် NOID Music Festival မှာ ပျော်ပျော်ပါးပါး​ဖျော်ဖြေခဲ့သည့် Hip Hop အဆိုတော်များ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရ…

စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် ဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hop 25 ပွဲမှာ ​ဟစ်ဟော့(ပ်)အဆိုတော်တွေ ပျော်ပျော်ပါးပါး ပါဝင်​ဖျော်ဖြေခဲ့တဲ့အပေါ် အားပေးခဲ့တဲ့ ပရိတ်သတ်တွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
Read More

ငလျင်ကြောင့် မဟာမြတ်မုနိဘုရား အဆောက်အအုံ အပါအဝင် သမိုင်းဝင် မယ်နုအုတ်ကျောင်း၊ ရွှေစာရံစေတီတို့လည်း ပြိုကျပျက်စီးခဲ့

မတ်လ ၂၈ရက် ဒီနေ့ နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မန္တလေးနဲ့ စစ်ကိုင်းအတွင်းမှာ မန္တလေး မဟာမြတ်မုနိဘုရားကြီးရှိရာ အဆောက်အအုံ အပါအဝင် သမိုင်းဝင် အင်းဝမယ်နုအုတ်ကျောင်း၊ ပုထိုးတော်ကြီးနဲ့ ရွှေစာရံစေတီတော်တို့ ပြိုကျပျက်စီးခဲ့ကြောင်း သိရပါတယ်။
Read More

မွန်၊ ကရင်၊ တနင်္သာရီ၊ ကရင်နီဒေသတွေမှာ ထိတွေ့တိုက်ပွဲတွေ များပြားလာပြီး လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာ

မြန်မာပြည်တောင်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တော်လှန်ရေးတပ်တွေနဲ့  စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲတွေ သိသိသာသာ မြင့်တက်လာပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း အရေအတွက်များပြားလာကြောင်း Rehmonnya Institute for Civic Engagement - RICE  က အသိပေးထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကိုကျင်းပနိုင်အောင် လုံခြုံရေးကို အထူးဂရုစိုက်ဖို့ မင်းအောင်လှိုင်က မှာကြား

အခုနှစ် ဒီဇင်ဘာလထဲမှာ နိုင်ငံတစ်ဝန်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။