မ​ကွေးတိုင်း၊ မင်းဘူးမြို့နယ် အ​နောက်ပိုင်းက မုန်​​တောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ရဲတွေ ထွက်ပြေးသွားတဲ့အတွက် စခန်းတစ်ခုလုံးကို သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မင်းဘူးခရိုင်၊ အမှတ် (၆) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ရက်နေ့ မနက်ပိုင်းမှာ ရဲစခန်းကို ဝင်​ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စတင်တိုက်ခိုက်ချိန်မှာပဲ စခန်းအတွင်းက ရဲတွေအကုန် ထွက်ပြေးသွားတာကြောင့် ၁၅ မိနစ်အတွင်းမှာပဲ စခန်းကိုသိမ်းယူ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ စခန်းအတွင်းက ရဲအသုံးအ​ဆောင်ပစ္စည်းတွေနဲ့  အရပ်သားတွေဆီက လုယက်ယူဆောင်ထားတဲ့ ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သလို စခန်းကိုလည်း မီးရှို့နိုင်ခဲ့တယ်လို့ မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

မုန်တောင်ရဲစခန်းသိမ်း ပုံရိပ်များအား တွေ့ရစဥ်
မုန်တောင်ရဲစခန်းသိမ်း ပုံရိပ်များအား တွေ့ရစဥ်

“စခန်းဝင်သိမ်းတဲ့အချိန်ထွက်​ပြေးကြတာ ဘာမှတောင်သိပ်လုပ်စရာမလိုဘူး” လို့ သူက ပြောပါတယ်။

တိုက်ခိုက်မှုအပြီး မီးရှို့ခဲ့မှုကြောင့် စခန်းအတွင်းအချုပ်ခန်းတိုင်ပဲ ကျန်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မုန်တောင်ရဲစခန်းဟာ အရပ်သားတွေကိုနည်းလမ်းမျိုးစုံသုံးပြီး ​ငွေညှစ်တာ၊ ဖမ်းဆီးတာတွေအပြင် လူငယ်တွေကိုလည်း စစ်မှုထမ်းအတွက် ပေါ်တာဆွဲတာတွေလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ရဲစခန်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေနဲ့ အရပ်သားတွေဆီက အလှူခံတာ၊ ခြိမ်း​ခြောက်​ငွေညှစ်တာတွေ မရှိဘူးလို့လည်း မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်းက အသိပေးထားပါတယ်။

ဒါ့အပြင် အဆိုပါ ရဲစခန်းတိုက်ခိုက် သိမ်းပိုက်ခံရပြီးနောက်ပိုင်း မင်းဘူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းတွေ ထိုးနေခဲ့ပြီး ပင်းတလဲရွာကိုလည်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မုန်တောင်ရဲစခန်းသိမ်း ပုံရိပ်များအား တွေ့ရစဥ်
မုန်တောင်ရဲစခန်းသိမ်း ပုံရိပ်များအား တွေ့ရစဥ်
0 Shares:
You May Also Like
Read More

တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဆိုပြန်

တိုင်းရင်းသားတွေရဲ့ နယ်မြေတွေကို ပစ်မှတ်ထားပြီး နည်းမျိုးစုံနဲ့တိုက်ခိုက်နေတဲ့စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။
Read More

တောင်သာမြို့နယ် သံဘိုရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ သံဘိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ယောက် သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

KNDF ဗဟိုကော်မတီဝင်များ KNDF တပ်ရင်း ၁ ထံတွင် လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအ‌ရွေ့၊ အခင်းအကျင်း လာရောက်ဆွေးနွေးခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုကောင်မတီက တာဝန်ရှိပုဂ္ဂိုလ်တွေက KNDF အမှတ်(၁)တပ်ရင်းနဲ့အတူ လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအ‌ရွေ့၊အခင်းအကျင်းအပေါ် လာရောက်ချပြဆွေးနွေးတင်ပြခြင်းအစီအစဉ်တစ်ရပ်ကို အောက်တိုဘာလ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်လအတွင်း တစ်ဒေါ်လာ ၂၅၀၀ ကျပ် နီးပါးအထိ ကျဆင်း

ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ငွေလဲလှယ်နှုန်းဟာ တစ်လကျော်အတွင်း တစ်ဒေါ်လာ ၂၅၀၀ နီးပါးအထိ ကျဆင်းလာပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း တစ်ဒေါ်လာ ၇၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ရာကနေ အခုအခါ အောက်တိုဘာလ ပထမပတ်အတွင်းတစ်ဒေါ်လာ ၄၅၈၀ အထိ ပြန်လည်ကျဆင်းခဲ့တာပါ။
Read More

သန္ဓေတပ်သားက စစ်မှုထမ်းတပ်သားကို ကပ်ကြေးဖြင့် ထိုးသတ်

နေပြည်တော်က အမှတ် (၃) စစ်ကြောရေးနဲ့ တည်းခိုးရေးတပ်မှာ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ယောက်ကို သန္ဓေစစ်သားက ကတ်ကြေးနဲ့ ထိုးသွင်းသတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ပခုက္ကူမှ ထွက်လာသည့်စစ်ကြောင်း ထိခိုက်သေဆုံးများစွာဖြင့် ပေါက်ကို ရောက်ရှိကာ ပျူနှင့် စစ်တပ်အသိုင်းအဝိုင်း ဟန်ပြကြိုဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ- ကမ္မ-ပေါက်လမ်းပိုင်းမှာ လနဲ့ချီပိတ်မိနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ရိက္ခာကားတန်းဟာ ထိခိုက်သေဆုံးအများအပြားနဲ့ ပေါက်မြို့ကို ရောက်ရှိသွားပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။