အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့ဆက်ဆံတဲ့ ဘယ်လိုနိုင်ငံ၊ အဖွဲ့အစည်းမဆို ရာဇဝတ်မှုမှာ ကြံရာပါသူတွေဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ အမှုဆောင်ဒါရိုက်တာ Ben Lee က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်ဟာ နိုင်ငံတကာအသိအမှတ်ခံရဖို့အတွက် ဟန်ပြရွေးကောက်ပွဲ ကျင်းပတာ ဖြစ်ပြီး ဘယ်လို အစီစဉ်တွေကမှ မျက်နှာပွင့်အောင် မလုပ်နိုင်ဘူးလို့လည်း သူကပြောကြားခဲ့ပါတယ်။

စစ်အုပ်စုရဲ့ ရုပ်ပျက်ဆင်းပျက် ရွေးကောက်ပွဲပြီးဆုံးပြီး သူတို့ရဲ့ အကြမ်းဖက်ခြောက်လှန့်မှု လုပ်ငန်းတွေကို အဆုံးသတ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဖို့လည်း အချိန်လွန်နေပြီဖြစ်တယ် ဆိုတဲ့ အစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး ကောင်စီ (SAC-M) က အခုရက်ပိုင်းမှာ ထုတ်ပြန် ပြောကြားလိုက်တာလည်းဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာမှာ စစ်အုပ်စုအသည်းအသန် လိုအပ်နေတဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုရရှိဖို့အတွက် အနှစ်သာရမရှိတဲ့ ဟန်ပြရွေးကောက်ပွဲကိုအကွက်ချစီစဉ်ခဲ့ပြီး အယောင်ဆောင် ရာဇဝတ်စီးပွားရေး အုပ်စုတစ်ခုထက်မပိုဘူးလို့လည်း ဆိုထားပါတယ်။

“စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာ ဒါမှမဟုတ် အသိအမှတ်ပြုမှုပေးတာ စတဲ့အပြုအမူတွေကနေတဆင့် စစ်အုပ်စုကို တရားဝင်မှုပေးတဲ့ ဘယ်နိုင်ငံ၊ ဘယ်ကုလသမဂ္ဂအေဂျင်စီ ဒါမှမဟုတ် ဘယ်ကမ္ပဏီမဆို သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်သူတွေ ဖြစ်သွားမှာပါ “ ဟု မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) ၏ အမှုဆောင်ဒါရိုက်တာ Ben Lee က ပြောပါတယ်။

ဒါ့အပြင်စစ်ရာဇဝတ်မှု ကျူးလွန်သူအဖြစ် စွပ်စွဲခံထားရတဲ့ မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စုအဖွဲ့ဝင်တွေ ကျူးလွန်ထားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက်တာဝန်ခံစေဖို့ နိုင်ငံတကာဘက်က အရေးယူဖို့၊ တားဆီးနိုင်ဖို့ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ဖို့ အတွက် ခိုင်မာတဲ့အရေးယူမှုဟာ အရေးတကြီးလိုအပ်နေတယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

အလားတူ သက်ဆိုင်ရာ နိုင်ငံတကာ အစိုးရတွေအနေနဲ့လည်း နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)က မြန်မာနိုင်ငံအပေါ် စုံစမ်းစစ်ဆေးမှုကို တိုးချဲ့ဆောင်ရွက်ပေးဖို့နဲ့ ဖမ်းဝရမ်း အမြန်ဆုံးထုတ်ပြန်ပေးဖို့ အားပေးတိုက်တွန်းပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ နိုင်ငံတကာတရားရုံး (ICJ) မှာ စစ်ဆေးနေတဲ့ မြန်မာနိုင်ငံအပေါ်စွဲဆိုထားတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ အပြည်ပြည်ဆိုင်ရာစီရင်ဆုံးဖြတ်ပိုင်ခွင့်ကို ကျင့်သုံးကာ စစ်အုပ်စုကို အရေးယူနိုင်အောင် အားပေးရမှာဖြစ်တယ်လို့လည်း (SAC-M) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စုကို K.N.D.O ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ရာ သေနတ် ၆ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။
Read More

ပင်လည်ဘူး တိုက်ပွဲကနေ ပြန်လာတဲ့ ယင်းမာပင်ခိုင် တပ်ရင်း ၆ ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆို

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ဆင်နွှဲပြီး ပြန်လာကြတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ က တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
Read More

Special Operation Group (S.O.G) စစ်ကြောင်းရဲ့ ပထမအကြိမ် လက်နက်တပ်ဆင်ပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲ အမှတ်(၃) ၊ Special Operation Group (SOG) စစ်ကြောင်းမှာရှိတဲ့ ရဲဘော်အင်အားရဲ့ ၅၀ ရာခိုင်နှုန်းကို လက်နက်တပ်ဆင်ဖို့ သဘောတူညီမှုအရ ဒီဇင်ဘာလ ၇ ရက်မှာ လက်နက်၂၀ ရာခိုင်နှုန်း ပထမသုတ်အနေနဲ့ လက်ခံရရှိခဲ့တယ်လို့ SOG စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ခမရ ၁၅ တပ်ရင်း၏ စစ်ဆေးရေးဂိတ်ကို MBT နှင့် ပူးပေါင်းတပ်များ ပြောက်ကျားဝင်ပစ်၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံ၊ ခမရ -၁၅ စစ်ဆေးရေးဂိတ်ကို ပြောက်ကျားပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

လေးမျက်နှာမြို့နယ် စက်စက်ယိုရွာကို AA ပူးပေါင်းတပ်များ ထိန်းချုပ်ထား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စက်စက်ယိုရွာကို‌ အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ညောင်ဦးတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ၁၀ ယောက် ကျဆုံးကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များ ဖော်ပြနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်ပြီး ကာကွယ်ရေးတပ်တွေဘက်မှာ သေဆုံးသူတွေရှိထားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် သတင်းချန်နယ်တွေမှာ ဖော်ပြကြပါတယ်။