ကရင်နီပြည်နယ်၊ မယ်စဲ့ထောင်မှ ထောက်ဖောက်ထွက်ပြေးမှုဖြစ်စဥ်ကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့မှုအပေါ် တောင်းပန်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) ထုတ်ပြန်ထားပါတယ်။

အဲဒီဖြစ်စဉ်များ နဲ့ပတ်သက်ပြီး ပြည်သူလူထုရဲ့ စိတ်ပိုင်း နဲ့ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးကို အထူးအလေးထားကြောင်း၊ သက်ဆိုင်ရာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၊ တော်လှန်ရေးအင်အားစုများ နဲ့ ပူးပေါင်းပြီး ပြည်သူ့လုံခြုံရေးဆိုင်ရာ အစီအမံများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်သလို အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် အထူးစုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့စည်းကာ အရေးယူဆောင်ရွက်နေကြောင်းလည်း ဆိုထားပါတယ်။

ဇန်နဝါရီ ၁၈ ရက် မနက် ၁ နာရီလောက်မှာ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်အတွင်းမှ စစ်သုံ့ပန်း (၇၆) ယောက်၊ ထောင်ဝန်ထမ်း (၂) ယောက် နဲ့ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကျခံထားရသူ (၅) ယောက် စုစုပေါင်း (၈၃) ယောက်ထွက်ပြေးသွားခဲ့တာပါ။

အခုလို အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များနဲ့ အတူ နယ်မြေရှာဖွေရှင်းလင်းရေးလုပ်ဆောင်နေချိန်မှာ စစ်သုံ့ပန်းအချို့နဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ထိတွေ့မှုဖြစ်စဥ်အတွင်း ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတချို့က ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ရာ အကျဉ်းသားရှစ်ယောက်ကို အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို အရှင်ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၎င်းတို့ယူဆောင်သွားတဲ့ လက်နက်ငယ် ၅ လက်နဲ့ ကျည်အချို့ကိုလည်း ပြန်လည်သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကျန်လွတ်မြောက်သွားသူတစ်ချို့ကတော့ ထိုင်းစစ်တပ်ထံ လက်နက်ချ အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။

အဲဒီနယ်မြေရှင်းလင်းရေးကို နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အတူ ဇန်နဝါရီ ၁၈ ရက်ကနေ ၂၁ ရက်နေ့အထိလုပ်ဆောင်ခဲ့တာဖြစ်ပြီး နယ်မြေလုံခြုံရေးကင်းလှည့်တဲ့ အစီအမံကို ဇန်နဝါရီ ၂၄ ရက်နေ့အထိ ဆောက်ရွက်ခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းကာ ဌာနတွင်း စစ်ဆေးမှုပြုလုပ်ခြင်းနဲ့ ဖြစ်စဉ်အသေးစိပ်ကို အစီရင်ခံတင်ပြခြင်း၊ အကျဉ်းသားများ လွတ်မြောက်အောင် ပူးပေါင်းပါဝင်ခဲ့တဲ့ ထောင်အမှုထမ်းနှစ်ယောက်ကို ပြစ်မှုဆိုင်ရာ တရားစွဲဆို အမှုဖွင့်ခြင်းများ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်၊ ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့များနဲ့ ပူးပေါင်းကာ ကျန်ရှိနေတဲ့ စစ်သုံ့ပန်းများအပါအဝင် အကျဉ်းသားများဆိုင်ရာ လုံခြုံရေးအစီအမံကို နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေများအတိုင်း ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အကျဉ်းသားများ ရဲ့ ထွက်ဆိုချက်ကိုအခြေခံပြီး ထောင်ဖောက်ထွက်ပြေးဖို့အတွက် အတွင်းအပြင် ချိတ်ဆက်မှုများကို ၃ လခန့်ကြိုတင်ပြင်ဆင်ခဲ့ကြကြောင်း၊ ထောင်ဖောက်ထွက်ပြေးရာမှာ ၈ ယောက်ကနေ ၁၀ ယောက် တစ်အုပ်စု နဲ့ အုပ်စုဖွဲ့လှုပ်ရှားခြင်း နယ်စပ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအတွင်းရောက်ရှိတဲ့အခါ ဆုံမှတ်နေရာများကို ကြိုတင်သတ်မှတ်ထားခြင်း နဲ့ ဖုန်းဆင်းကဒ်များ ကြိုတင်စီမံပြီး ဆက်သွယ်ရမယ့် ဖုန်းနံပတ်များပေးထားခြင်း ၊ ထောက်ဖောက်ထွက်ပြေးရာလမ်းကြောင်းမှာ ပြန်လည်ခုခံဖို့ အတွက် အစီအမံများချထားခြင်း နဲ့ စားနပ်ရိက္ခာများ ယူဆောင်ခြင်း စတဲ့ အတွင်းအပြင် ပူးပေါင်းလုပ်ဆောင်ခဲ့တာြဖစ်ကြောင်းကို စိစစ်တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်သုံ့ပန်းများကို ထိန်းသိမ်းခြင်းနဲ့ ပတ်သက်ပြီး အကျဉ်းထောင်ဝန်ထမ်း အင်အားဖြည့်တင်းခြင်း ၊ လိုအပ်တဲ့ အခြေခံအဆောက်အဦးများ တည်ဆောက်ခြင်း နဲ့ အကျဉ်းထောင်လုံခြုံရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများကိုလည်း ဖော်ဆောင်သွားမှာဖြစ်သလို စစ်သုံ့ပန်းအရေး စီမံရာမှာ နိုင်ငံတကာအဖွဲ့အ စည်းများရဲ့ နည်းပညာအကူအညီနဲ့ ရန်ပုံငွေအထောက်အပံ့များ ဖိတ်ခေါ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ဖြစ်သွားတဲ့ဖြစ်ရပ်များအတွက် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကရင်နီ ပြည်သူလူထုတစ်ရပ်လုံး နဲ့ တော်လှန်ရေးအင်အားစုတစ်ရပ်လုံးကို တောင်းပန်ကြောင်းနဲ့ တာဝန်ယူ တာဝန်ခံမှုတို့နဲ့ ဆက်လက်ဆောက်ရွက်သွားမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ငါန်းဇွန်မှာ တိုက်ပွဲမရှိတဲ့ မြေတိုင်းရွာကို စစ်တပ်က ဗုံးသီး ၄၀ ကျော် ကြဲချတိုက်ခိုက်လို့ ၆နှစ်အရွယ် မိန်းကလေးငယ် သေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ နှစ်အရွယ် မိန်းကလေးငယ် ၁ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃ ယောက်ရှိတယ်လို့ Special Task Force Ngazun အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်တောင်းမြစ်တံတားပေါ် တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများ စနိုက်ပါဖြင့် ပစ်ခံရပြီး တပ်ကြပ် ၁ ဦး အပါအဝင် ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် စစ်တောင်းမြစ်တံတားပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ရာ တပ်ကြပ်တစ်ယောက်အပါအဝင် စစ်သား၂ ယောက်သေဆုံးသွားတယ်လို့ ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တာဝန်ရှိသူက မောင်း​ကို ပြောပါတယ်။
Read More

Sexy Dance ဖြင့် ဖျော်ဖြေခဲ့မှုကြောင့် သရုပ်ဆောင် သင်ဇာဝင့်ကျော် အမှုဖွင့်ခံထားရ

ရန်ကုန်မြို့က ဖျော်ဖြေပွဲတစ်ခုမှာ လိင်အသားပေး Sexy Dance အကနဲ့ ဖျော်ဖြေခဲ့တယ်ဆိုပြီး သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ကမာရွတ်မြို့နယ်ရဲစခန်းမှာ တရားစွဲဆိုထားတယ်လို့​ သိရပါတယ်။
Read More

မန္တလေးနှင့် ဝမ်းတွင်းတွင် စစ်မှုထမ်းမဲပေါက်သူများ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်ခံနေရ

မန္တလေးမြို့နဲ့ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က စစ်မှုထမ်းစာရင်းပါဝင်သူတွေကို ဆက်တိုက်ဆိုသလို တစ်အိမ်တက်ဆင်း ဖမ်းဆီးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဆောနယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၃ ဦး သေဆုံး ၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆောမြို့နယ်က ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။
Read More

ရှမ်းနီအမျိုးသားတပ် SNA တပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ် (SNA) တပ်မဟာ (၆၁၄) က တပ်သားတစ်ယောက် လက်နက်နဲ့တကွအလင်းဝင်ရောက်ခဲ့တယ်လို့ People’s Defence Force Katha District B - 04 ဆီက သိရပါတယ်။