ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ အင်အား ၁၅၀ နီးပါးရှိတဲ့ အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ချေမှုန်းခံရပြီး အယောက် ၅၀ နီးပါးထိခိုက်သေဆုံးကာ စစ်ကြောင်းပျက်စီးသွားတယ်လို့ ပဲခူးရိုးမ PDF၊ ဗျူဟာ (၂၂) ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့များဖက်ကလည်း တပ်ဖွဲ့ဝင် (၄)ယောက်ကျဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၈ရက်နေ့ ညနေပိုင်းမှာ အုတ်တွင်းမြို့နယ်၊ ပေါက်ခေါင်း- အုတ်တွင်း လမ်းပိုင်းအတိုင်း နယ်မြေရှင်းလင်းရေးထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြောင်းချောင်းကျေးရွာမှာ ဗျူဟာ(၂၁) နဲ့ ဗျူဟာ (၂၂) လက်အောက်ခံတပ်ရင်းတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သိမ်းဆည်းရရှိသည့် လက်နက်များနှင့်အတူ PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

အဲ့ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ကတည်းက တိုင်းဗဟို (၆) အမြောက်တပ်ကနေ အင်အား ၁၂၀ နီးပါးနဲ့ ပြည်-ပေါက်ခေါင်းဘက်ကို ရောက်နေခဲ့တာဖြစ်ပြီး အဲ့ဒီကမှတဆင့် နောက်ထပ် အင်အား ၃၀ ခန့်ထပ်မံဖြည့်တင်းကာ အုတ်တွင်း-ပေါက်ခေါင်း လမ်းပိုင်းဘက်ကို ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာလို့ ပဲခူးရိုးမ PDF၊ ဗျူဟာ(၂၂) က ဖော်ပြပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို ဗျူဟာ (၂၂) ကွပ်ကဲမှုနဲ့ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်က (၃၆၀၁) တပ်ရင်း တပ်ခွဲ (၄)၊ ဗျူဟာ (၂၂)ကွပ်ကဲမှုအောက်က ဗျူဟာရုံးတိုက်ခိုက်‌ရေးအဖွဲ့ ၊ ပဲခူးခရိုင်တပ်ရင်း (၃၇၀၁) တပ်ခွဲ (၂)နဲ့ တပ်ရင်းရုံးအဖွဲ့၊၊သာယာဝတီခရိုင်တပ်ရင်း (၃၈၀၁) တပ်ရင်း တပ်ခွဲ (၂၊ ၆) တပ်ရင်းရုံးတပ်ဖွဲ့၊ သာယာဝတီခရိုင်  တပ်ရင်း (၃၈၀၂) တပ်ခွဲ (၁) ၊တပ်ခွဲ (၅) BTZM ၊သာယာဝတီခရိုင် တပ်ရင်း (၃၈၀၃) တပ်ရင်း ၊ သာယာဝတီခရိုင်ပကဖ တပ်ဖွဲ့ (၁) တပ်ခွဲ (၃)၊ သာယာဝတီခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့၊ ပြည်ခရိုင်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့(၇) တပ်ခွဲ (၁)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သိမ်းဆည်းရရှိသည့် လက်နက်များနှင့်အတူ PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

တိုက်ပွဲအတွင်း Ma2 သေနတ် (၁) လက်၊ Ma1 သေနတ် (၂) လက် ၊ Ma3 သေနတ် (၂) လက်၊  RPG 7 (၁) လက်၊ 60 ကွန်မန်ဒို (၁) လက်၊ 5.56 ကျည်-၃၀၀၀တောင်၊  7.62 G3 ကျည် -(၅၈၀) တောင့် ၊ ကျည်ဘောက် (၃၂) ခု၊ RPG အဖူး(၈)ဖူး၊RPG ပိုယမ်းတောင့် -(၇)တောင့်၊ 60 မမအသီး(၈) လုံး၊ 40မမ အသီး (၁၉)လုံး၊ အီနာဂါ (၁၉)လုံး၊လက်ပစ်ဗုံး(၂၄)လုံး၊ 14မိုင်း(၄၂)လုံး၊ ရှေ့ထွက်မိုင်း (၂) လုံး၊ စကားပြောစက်(၁)လုံး၊ စတားလင့်ဘန် (၁)ခု၊ မီတာဘုတ် (၁)ခု၊ မီးစက် (၁)လုံး၊ ဓါတ်ဆီဗူး(၂၀)ဗူး၊ ကီးပတ်ဖုန်း  (၄)လုံး၊ ဖုန်း(၁၁)လုံး၊ဓါး(၁၉)ချောင်း၊ စစ်သုံးကျောပိုးအိတ်၊ ဦးထုတ် (၁၄) လုံးနဲ့ စစ်ဝတ်စုံအများအပြားကို တော်လှန်ရေးတပ်တွေက သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ တိုက်ပွဲအပြီး ထိခိုက်သေဆုံးမှုအများပြားနဲ့ တပ်ပျက်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လိုက်လံရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မှော်ဘီ ရဲတပ်ရင်းက ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆု ချီးမြှင့်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲတပ်ရင်း (၅) က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတာကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာနက ရှေ့တန်းစစ်မျက်နှာတွေမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ကျည်ကာ Helmet တွေနဲ့ ကျည်ကာ Plate ပြား အစုံ (၁၀၀) တပ်ဆင်

ပြည်သူကာကွယ်ရေးတပ်မတော် PDF ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနက ရှေ့တန်းစစ်မျက်နှာတွေမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ကျည်ကာ Helmet တွေနဲ့ ကျည်ကာ Plate ပြား အစုံ (၁၀၀) ကို အောက်တိုဘာ ၉ ရက်မှာ နေပြည်တော်အနီး ရှေ့တန်းစစ်မြေပြင်ဆီ သွားရောက်တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော် ကိုစိုင်း ညှင်းပန်းသတ်ဖြတ်ခံရမှု ၃ ရက်အတွင်း ဖြေရှင်းပေးဖို့ ကယန်းပြည်သစ်တပ်မတော်ကို အသိပေး

ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာ နယ်မြေအတွင်း​ ညှင်းပန်းသတ်ဖြတ်ခံခဲ့ရတဲ့ နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို အသတ်ခံရတဲ့ကိစ္စအပေါ် အမိန့်ပေးစေခိုင်းသူနဲ့ ကျူးလွန်သူတွေကို ၃ရက်အတွင်း ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ နေပြည်တော် PDF က  မတ်လ ၁၃ ရက်နေ့မှာ  ထုတ်ပြန်လိုက်ပါတယ်။
Read More

ရိက္ခာလာပို့တဲ့စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် စစ်သား ၅ ဦး သေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာဘက်မှ လက်ယက်စခန်းကို ရိက္ခာပို့ဖို့ထွက်လာတဲ့ အင်အား (၃၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး အင်အားစုတွေက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက အသိပေးထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမြို့မရဲစခန်းနဲ့ ရုပ်သံကုန်းက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲ ဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က စစ်ကောင်စီတပ်စွဲရာ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာအမှတ် (၈၁) - ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

အိုးဘိုထောင်တွင် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရထားသည့် အကျဉ်းသားများကို စစ်ကောင်စီ ဆေးကုခွင့် ကန့်သတ်ထား

ငလျင်ဒဏ်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ထားတဲ့ မန္တလေး အိုးဘိုထောင်က အကျဥ်းသား၊သူတွေကို စစ်ကောင်စီက ဆေးကုသခွင့် ကန့်သတ်ထား​ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းကို ပြောပါတယ်။