မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအပါအဝင် မြေပြန့်ဒေသတွေရှိ စစ်ရေးတင်းမာနေတဲ့နေရာတွေမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ လက်နက်ငယ်နဲ့ ပြန်လည်တိုက်ခိုက်နိုင်မှု အားနည်းတဲ့အတွက် အကြမ်းဖက်စစ်တပ်က ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာသုံးပြီး အရပ်သားပြည်သူတွေအပေါ်  ပစ်မှတ်ထား ဦးတည်တိုက်ခိုက်တာတွေ တိုးလာတယ်လို့ Fortify Right က ဇန်နဝါရီ ၂၆ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇန်နါရီ ၁၁ ရက်နေ့အထိ  ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ အရပ်သားပြည်သူအပေါ် တိုက်ခိုက်မှုပေါင်း ၃၀၄ ကြိမ်ထိ ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ပါဝင်ပါတယ်။

အကြမ်းဖက်စစ်တပ်က ကျယ်ပြန့်စွာအသုံးပြုနေတဲ့ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာဟာ အနိမ့်ပျံသန်းရပြီး အရှိန်နှေးကွေးလို့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုဒဏ်ကို အလွယ်တကူခံရနိုင်ပေမယ့် လက်နက်ငယ်နဲ့ ပြန်လည်တုန့်ပြန်နိုင်မှု အားနည်းတဲ့နယ်မြေတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း၊ မြေပြန့်ဒေသဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ဧရာဝတီနဲ့ ပဲခူးတိုင်းတွေမှာ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာတိုက်ခိုက်မှုဟာ လက်နက်မဲ့အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ပါဝင်ပါတယ်။

“မြန်မာစစ်တပ်ဟာ မောင်းနှင်သူကိုယ်တိုင် ဖြုတ်ချရတဲ့ လမ်းညွှန်စနစ်မဲ့ မော်တာဗုံးသီးတွေ တပ်ဆင်ထားတဲ့ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာတွေကို အသုံးပြုပြီး ကောင်းကင်ပေါ်ကနေ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ နည်းဗျူဟာသစ်ကို ကျင့်သုံးနေကြောင်းသိရတယ်” လို့ Fortify Right ၏ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ မချစ်ဆိုင်းက ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က ပါရာမော်တာ အသုံးပြုပြီးတော့ စာသင်ကျောင်းတွေ ဘာသာရေးအဆောက်အအုံတွေနဲ့ တခြားအကာကွယ်ပေးထားတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရာဇတ်မှုဖြစ်သလို အဲဒီနေရာကို အချိန်တိုအတွင်း ပစ်မှတ်ထား ထပ်မံတိုက်ခိုက်တာလည်း စစ်ရာဇဝတ်မှုဖြစ်တယ်လို့ Fortify Right အစီရင်ခံစာမှာ ပါဝင်ပါတယ်။

“ဒါတွေ (ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာ ) က ရေရှည် စစ်ဆင်နွှဲဖို့အတွက် ကုန်ကျစရိတ်သက်သာပြီးတော့ ထိရောက်မှုရှိတယ်။ မြန်ဆန်သုံးလို့ရတယ်။ အဓိကလူပေါ့။  အထူးလေ့ကျင့်ထားတဲ့ ပိုင်းလော့တစ်ယောက် သုံးစရာမလိုဘူးလေ။ လေယာဉ်တစ်စီးဆို ဒေါ်လာ သန်းချီရှိတယ်။ ပါရာမော်တာ က လေယာဉ်ဘီး တစ်လုံးစာပဲရှိတယ်”လို့  လေတပ်မှ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောကြားပါတယ်။

အကြမ်းဖက်စစ်တပ် အသုံးပြုနေတဲ့ အဲဒီတိုက်ခိုက်ရေးယာဉ်တွေဟာ ပိတ်ဆို့အရေးယူမှု မရှိသေးတဲ့ အင်ဂျင်အစိတ်အပိုင်းတွေနဲ့ ရိုးရှင်းတဲ့ GPS လမ်းညွှန်ကိရိယာတွေ လိုတဲ့အတွက် လက်ရှိလေယာဉ်ဆီနဲ့ အခြားပိတ်ဆို့မှုတွေကို ရှောင်ကွင်းနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆိုမှုတွေကို တင်းကြပ်စွာအကောင်ထည်ဖော်ဖို့နဲ့ အရပ်ဘက် – စစ်ဘက်သုံး စက်ကရိယာတွေ၊ နည်းပညာတွေ ရောင်းချတာ သို့မဟုတ် လွှဲပြောင်းတာကို ထိရောက်စွာတားမြစ်တဲ့ ပိတ်ဆို့မှုအသစ်တွေ ချမှတ်ရမယ်လို့ Fortify Right ထောက်ပြထားပါတယ်။

“ကြမ်းတမ်းရက်စက်တဲ့ အာဏာသိမ်းကြိုးပမ်းမှု ဖြစ်ပွားလာခဲ့တာ ၅ နှစ်ရှိခဲ့ပြီဖြစ်‌ပေမဲ့၊  စစ်အုပ်စုအနေနဲ့ ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်နေတာတွေကို မရပ်သေးပါဘူး။ ထိရောက်ပြီး ညှိနှိုင်းပူးပေါင်းထားတဲ့ နိုင်ငံတကာရဲ့ ဝင်ရောက်စွက်ဖက်မှုမရှိရင် ဒီရာဇဝတ်မှုတွေက ရပ်တန့်သွားမှာ မဟုတ်ပါဘူး”လို့ Fortify Right ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ မချစ်ဆိုင်းက ဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ် တရားဝင် လူသတ်လိုင်စင် မရစေဖို့ မဲမပေးကြရန် KNU နှိုးဆော်

အကြမ်းဖက်စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲထည့်ပြီး စစ်တပ်ကို တရားဝင် လူသတ်လိုင်စင် မပေးဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မလုပ်မိစေဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နှိုးဆော်လိုက်ပါတယ်။
Read More

ရေစကြိုမှာ စစ်ကောင်စီတပ်က PDF စခန်းကို လေကြောင်းဗုံးကြဲ၊ မြေပြင်စစ်ကြောင်းထိုးကာ ပြည်သူ ၁ယောက်ကို သတ်ဖြတ်သွား

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးနောက် မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်စဉ်မှာ ပြည်သူ ၁ယောက်ကို အကြောင်းမဲ့ သတ်ဖြတ်သွားတယ်လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ - YSO ထံက သိရပါတယ်။
Read More

မကွေးတိုင်းအတွင်း တိုင်း ပကဖ က ပြည်သူတွေဆီ စစ်သတင်းလွှာ ဖြန့်ဝေပေးနေ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနက အပတ်စဉ် ထုတ်ဝေနေတဲ့ စစ်သတင်းလွှာကို အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်းအတွင်းရှိ ပြည်သူလူထုတချို့ဆီ ဖြန့်ဝေပေးခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မန္တလေးတိုင်းရှိ NUG စိုးမိုး‌ကျေးရွာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စိုးမိုး‌ကျေးရွာတွေမှာ ငလျင်ဒဏ်သင့် ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံ – နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းဆုတ်လာတဲ့စစ်သားတွေ မိုင်းဆွဲခံရပြီး စစ်ကြောင်းမှူးအပါ ၁၃ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံ-နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းပြန်ဆုတ်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူးအပါအဝင် စစ်သား ၁၃ယောက် သေဆုံးကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

နောင်ချိုနှင့် ကျောက်မဲတွင် စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁) ဦး သေဆုံး၊ (၃) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချမှုနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်  ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။