အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အာဆီယံအနေနဲ့ အသိအမှတ်မပြုဘူးလို့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ဒီကနေ့ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လဇရို   (Theresa Lazaro) က အခုလိုပြောကြားခဲ့တာပါ။

၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ကျင်းပခဲ့‌ပေမဲ့ အာဆီယံအနေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲ  အပိုင်း ၃ ခုလုံးကို အသိအမှတ် မပြုဘူးလို့  မစ်ထရီဇာက ဆိုပါတယ်။

အာဆီယံအနေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုတာ ဟုတ်ပါသလားလို့  သတင်းစာရှင်းလင်းပွဲမှာ  မေးမြန်းစဉ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး “ဟုတ်ပါတယ်၊ အခုအချိန်အထိတော့ အသိအမှတ်မပြုပါဘူး” လို့ ဖြေကြားခဲ့တာပါ။

“အပိုင်း ၃ ပိုင်းနဲ့ ကျင်းပခဲ့တဲ့ စစ်တပ်ရဲ့ရွေးကောက်ပွဲကို အာဆီယံက ထောက်ခံအတည်ပြုထားတာ မရှိဘူး” လို့လည်း ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီး ဆိုပါတယ်။

အာဆီယံရဲ့ အခု ဆုံးဖြတ်ချက်ကြောင့်  အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲကို နိုင်ငံတကာ အသိအမှတ်ပြုမှုရရေး  ကြိုးပမ်းနေမှုအပေါ်  ကြီးမားတဲ့ ထိခိုက်မှုဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး၊ မြန်မာအရေးဖြေရှင်းဖို့   အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် ကို ဆက်လက်အကောင်အထည်ဖော်သွားမယ်ဆိုတာကို  ထပ်မံအတည်ပြုခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အာဆီယံ AHA Centre က ငလျင်အတွက်အကူအညီများပေးအပ်

မြန်မာနိုင်ငံက အင်အားပြင်းငလျင်​ဘေးအတွက် အာဆီယံ AHA Centre က လှူဒါန်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတွေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးနှင့် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လန်ဒန်မြို့ ပါလီမန်ရှေ့ မြန်မာ ၇၀၀ ခန့် ဆန္ဒပြ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ဦးဆောင်တဲ့ All in One Piece ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ဒီဇင်ဘာ ၁၃ ရက် မနေ့က လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ဘန်ကောက်မှာ သုံးပြီးသား Vape များ ပြန်ရောင်းသည့်လုပ်ငန်းမှ မြန်မာ ၅ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တရားမဝင် Vape ထုတ်လုပ်ရေးနေရာအဖြစ် အသုံးပြုနေတဲ့ အငှားအိမ်တစ်လုံးကို ထိုင်းရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၂ ယောက်နဲ့ မြန်မာနိုင်ငံသား ၅ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အနေနဲ့ ပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကို အားပေးထောက်ခံပြီး စစ်အုပ်စုကို ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၂၀ ကျော်က တောင်းဆို

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ(UN Human Rights Council – UNHRC) အနေဖြင့်  မြန်မာ့အရေးမှာ စစ်ကောင်စီကို အရေးယူမှုတွေအတွက် အဓိပ္ပါယ်ပြည့်ဝ ခိုင်မာအားကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပေးဖို့  ဒေသတွင်းနှင့် နိုင်ငံတကာအရပ်ဘက်လူထုအဖွဲ့အစည်း ၁၂၁ ဖွဲ့က အိတ်ဖွင့်ပေးစာတစ်ရပ်နဲ့  ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
Read More

အာဆီယံက စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ပြီး အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ရန် Justice For Myanmar တောင်းဆို…

အာဆီယံအနေနဲ့ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ပြီး နိုင်ငံရေးအရ တရားဝင်မှုကို ဖန်တီးဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကနေ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (နလအက) အဖြစ် အမည်ပြောင်းလဲမှုကလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ တရားဝင်မှုရရှိရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းကို လှည့်စားဖို့ ပရိယာယ်တစ်ရပ်သာဖြစ်ကြောင်းကို အာဆီယံက ရှင်းလင်းစွာ ရှုမြင်သဘောပေါက်ဖို့ JFM က သတိပေးထားပါတယ်။
Read More

အာဏာသိမ်းစစ်တပ်လက်ထဲက နိုင်ငံတကာက ပေးအပ်တဲ့ ငလျင်အလှူငွေတွေကို စောင့်ကြည့်ဖို့လိုအပ်ဟု သတိပေး

အာဏာသိမ်းစစ်တပ်လက်ထဲမှာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် နိုင်ငံတကာကလှူဒါန်းထားတဲ့ စီးဆင်းငွေ အမေရိကန်ဒေါ်လာ ၁၃၆ သန်းအထိ ရရှိထားတာကြောင့် ပြည်သူတွေထံ ရောက်ရှိဖို့ စောင့်ကြည့်ရမယ်လို့ Burma News International နဲ့ Myanmar Peace Monitor တို့က ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။