တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲက ကျေးရွာတချို့မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူပေါင်းတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့  KNDO Drone Forces က သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က စတင်ကာ ပုလောမြို့နယ် တပိုရွာနဲ့ သင်္ကန်းတောကျေးရွာတွေမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ စတင်ခဲ့တာလို့ သိရတာပါ။

“တပိုရွာမှာက စစ်တပ်ကတိုးလာတော့ တိုက်ပွဲဖြစ်တာ။ သင်္ကန်းတောရွာမှာကျတော့ ကျွန်တော်တို့ဘက်က ဝင်ပစ်တာ။ နှစ်နေရာလုံးကို ဒရုန်းနဲ့ ချပေးခဲ့တယ်။ ဒီရွာနှစ်ရွာက ရွာချင်းဆက်နေတာမျိုး မဟုတ်ဘူး။ ထိတွေ့မှုကတော့ အနည်းငယ်ဖြစ်ခဲ့တယ်”လို့ KNDO Drone Forces ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုကြောင့် တပိုရွာမှာ အကြမ်းဖက်စစ်တပ်အရာရှိ (၁) ဦး အပါအဝင် (၆) ဦး သေဆုံးခဲ့ပြီး (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် သင်္ကန်းတောရွာမှာလည်း အကြမ်းဖက်စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေရရှိထားပေမဲ့ အသေးစိတ်အချက်အလက်ကိုတော့ စိစစ်အတည်ပြုဆဲ ဖြစ်တယ်လို့ သိရပါတယ်။ 

“သင်္ကန်းတောမှာ ၃ ယောက်လောက် သေတယ်လို့ သတင်းရတယ်။ ကားနဲ့ လာသယ်တယ်လို့တော့ သိရတယ်”လို့  ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုကို KNU တပ်မဟာ (၄)၊ KNDO တပ်ရင်း (၇)၊ တပ်ခွဲ (၂)၊ KNDO Drone Forces၊ ပုလောမြို့နယ် ပကဖ နဲ့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း T2 Sky Shadow UAV Forces တို့ ပူးပေါင်းပြီး Drop Bomb တွေနဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေးကို အထူးသတိပြုကြဖို့နဲ့ မလိုအပ်ဘဲ ခရီးသွားလာတာတွေကို ရှောင်ရှားကြဖို့ KNDO Drone Forces က မေတ္တာရပ်ခံအသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

တီးတိန်မြို့ ခလရ ၂၆၈ က စစ်ကောင်စီတပ်သား လက်နက်နဲ့အတူ အလင်း၀င်ရောက်လာ

ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၈ တပ်ရင်းက တပ်သား ၁ ယောက်ဟာ လက်နက်တွေ ယူဆောင်လာပြီး အလင်းဝင်လာလို့ ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်မှာ ခမရ ၅၅၈ တပ်၊ စစ်ကောင်စီတပ် လုံခြုံရေးကင်းနှင့် ရိက္ခာပို့စစ်ကြောင်းတို့ကို တိုက်ခိုက်ခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၅၈ တပ်ရင်းနဲ့ စစ်ကောင်စီ လုံခြုံရေးကင်းတို့ကို ဖေဖော်ဝါရီလအတွင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုန် ၄ အဖွဲ့ - တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပအိုဝ်းတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုနှင့် ရဲစွမ်းသတ္တိများက ဖက်ဒရယ်နိုင်ငံတည်ဆောင်ရန် အထောက်အပံ့အင်အား ဖြစ်ကြောင်း CRPH သဝဏ်လွှာ ပေးပို့ 

ပအိုဝ်းတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ရဲစွမ်းသတ္တိတွေဟာ မြန်မာနိုင်ငံရဲ့  ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ အရေးပါတဲ့ အထောက်အပံ့အင်အား ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား ပကဖ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ အကြမ်းဖက်စစ်သားတွေ ဝင်ရောက်တပ်စွဲနေတဲ့ ဘုန်းကြီးကျောင်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့ကြောင်း သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က ထုတ်ပြန်ပါတယ်။
Read More

ဂုတ်ထိပ်တံတား ပြိုကျခြင်းဟာ အကြမ်းဖက်စစ်တပ်၏ ဒရုန်းကြောင့်သာဖြစ်သည်ဟု ဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကြားမှာရှိတဲ့ သမိုင်းဝင် ဂုတ်ထိပ်တံတား ပြိုကြပျက်စီးခဲ့တာဟာ စစ်တပ်ရဲ့ ဒရုန်းတွေကြောင့် ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောဆိုလာပါတယ်။
Read More

နေပြည်တော်နှင့် ရှမ်းတောင်အစပ် ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူ ၂ ဦး သေဆုံး

နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အစပ်က ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့သစ်၊ သပြေကုန်းအုပ်စု၊ ဧဒင်ကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေနဲ့ လူ ၂ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။