‎မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှ တပ်ကုန်းမြို့ကိုသွားတဲ့ တောင်ညိုလမ်းမှာ  ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့ ကားမှောက်လို့ ၁၂ ဦးသေဆုံးသွားတယ်လို့ စစ်ကော်မရှင်ထိန်းချုပ် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က မနေ့က သတင်းထုတ်ပြန်ပါတယ်။

‎‎မနေ့က ဇန်နဝါရီ ၂၈ ရက်နေ့မှာ တောင်တွင်းကြီးကနေ တပ်ကုန်းမြို့ကို ဖျော်ဖြေရေးအသွားလမ်းခရီးမှာ ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့သားတွေ ပါဝင်တဲ့ကား ချောက်ထဲကျတိမ်းမှောက်ခဲ့တာဖြစ်ပြီး၊ ၂၇ ဦးအနက် ၁၂ ဦးပွဲချင်းပြီး သေဆုံးတယ်လို့ သိရပါတယ်။

‎‎”နေပြည်တော်နဲ့ တောင်တွင်းကြီလမ်း၊ ဂွေးချိုကျေးရွာမှာ ဇာတ်အဖွဲ့ ကား အရှိန်လွန် ချောက်ထဲပြုတ်ကျလို့ ထိခိုက်ဒဏ်ရာရသူတွေရှိပြီး အသက်ဆုံးရှုံးရသူတွေလည်းရှိပါတယ်။ ကရိန်း၊ လူနာတင်ယာဉ်အစရှိတဲ့ လိုအပ်တဲ့အကူအညီတွေ ဆောင်ရွက်ပေးနေတယ်လို့” မွန်မြတ်သူလူမှုကူညီရေးအသင်းရဲ့ Facebook page မှာ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ မွန်မြတ်သူလူမှုကူညီရေးအသင်း)
(ဓာတ်ပုံ မွန်မြတ်သူလူမှုကူညီရေးအသင်း)

‎‎ယာဉ်မတော်တဆမှုအတွက် ညတွင်းချင်းအကူညီတွေ ချိတ်ဆက်ဆောင်ရွက်ပေးကာ လိုအပ်တဲ့အကူအညီတွေ ပေးနိုင်ဖို့ အခင်းဖြစ်ပွားရာနေရာကို အမှုဆောင်တွေလိုက်သွားမယ်လို့လည်း သဘင်အစည်းအရုံး (ဗဟို) ကထုတ်ပြန်ပါတယ်။

‎အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်းအခြေအနေတွေ ပုံမှန်ဖြစ်နေပြီဆိုတာမျိုးကို ပြသလိုတဲ့ စစ်ကော်မရှင်ရဲ့အားပေးထောက်ပံ့မှုနဲ့ အခုနှစ်ပိုင်းတွေမှာ ဇာတ်သဘင်ပွဲတွေ ပြန်လည်စည်ကားလာပြီး၊ နာမည်ကြီးအငြိမ့်တွေ ဇာတ်တစ်ပွဲကရင် ဆုကြေးငွေ အမြောက်အများ ရရှိနေတယ်လို့လည်း သိရပါတယ်။

(ဓာတ်ပုံ မွန်မြတ်သူလူမှုကူညီရေးအသင်း)
(ဓာတ်ပုံ မွန်မြတ်သူလူမှုကူညီရေးအသင်း)
0 Shares:
You May Also Like
Read More

စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့ ရန်ကုန်သပိတ်ရဲဘော် ၄ ဦး ဖမ်းဆီးခံရ

တကသ ကျောင်းသားဟောင်းများ အင်အားစု တွဲဖက်တည်ထောင်သူ အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC) ရဲ့ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC) အဖွဲ့ဝင် မမြမဉ္စူ နဲ့ နိုင်ငံရေး အကျဥ်းသူဟောင်း မနှင်းအိခိုင် တို့ ၄ ဦးတို့ဟာ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းမှာ မိသားစုနဲ့ နောက်ဆုံး အဆက်အသွယ်ရရှိခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရတာပါ။
Read More

ကြံခင်းမြို့နယ်ထွေအုပ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ်သားသစ် မပေးနိုင်ရင် တစ်ယောက်စာအတွက် ၈၅ သိန်း တောင်း

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက ရက်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းအတွက် တပ်သားသစ် စုဆောင်းခိုင်းထားပြီး မစုဆောင်းနိုင်ရင် တပ်သားသစ် တစ်ယောက်စာအတွက် ၈၅ သိန်း သွင်းခိုင်းကာ ဖိအားပေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

မန္တလေးအိုးဘို အကျဉ်းထောင် ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံရေးအကျဉ်းသားများ သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ PPNM ထပ်မံထုတ်ပြန်အတည်ပြု …

"အဓိကရည်ရွယ်ချက်တော့ အကျဉ်းထောင်ထဲမှာ လူမသိသူမသိ သေဆုံးသွားတဲ့ဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ဖို့ နဲ့ ထောင်ထဲမှာ အသက်ပေးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားတစ်ယောက်ချင်းစီရဲ့ ဂုဏ်သိက္ခာ၊ သတင်းဖျောက်ဖျက်ခံလိုက်ရတဲ့အတွက် နှစ်နာခံရတဲ့ မိသားစုဝင်တွေ၊ ကိုယ်တိုင်အသက်ပေးလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက် ကျနော်တို့အဖွဲ့အနေနဲ့နဲ့ တရားမျှတမှု ပြန်လည်ရရှိဖို့နဲ့ ဒီဖြစ်စဉ်က တကယ်ဖြစ်ခဲ့တယ် ဆိုတဲ့ ခိုင်မာတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ကျနော်တို့က ပြည်သူလူထုကို၊ ပြီးတော့ဝေဝါးနေတဲ့သူတွေကို ကျနော်တို့အသိပေးချင်တဲ့အတွက် အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

လက်ရုံးတပ်များ တဖြည်းဖြည်း ပြုတ်ကျလာနေသည့် စစ်ကောင်စီ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ အမှတ် ၂ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် (စလစ ၂) နဲ့ အမတ (၃၆၆) တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မအူပင်မြို့၊ ၁ရပ်ကွက် မြို့အဝင်တံတားပေါ်မှာ ယာဥ်တိုက်မှုဖြစ်ပြီး မြေတိုင်းစာရေးတစ်ဦးသေဆုံး

မအူပင်မြို့၊ အမှတ် ၁ရပ်ကွက် မြို့အဝင်တံတားပေါ် မှာ ယာဥ်မတော်တဆဖြစ်ပြီး၊ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းဖွဲ့စည်း၊ အထူးတိုင်းစစ်ဌာနသို့ စစ်ကြောင်းအပ်နှံ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်မယ့် ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း ဖွဲ့စည်းခြင်းနဲ့ စစ်ကြောင်းအပ်နှံပွဲကို အောက်တိုဘာ ၅ ရက် မနေ့က KNU တပ်မဟာ (၁) နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။