တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မ ရဲစခန်းနဲ့ စ.ရ.ဖ ရုံးတွေကို ၃ ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒုရဲအုပ်အဆင့်ရှိသူ အပါအဝင် ၆ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ သွားတယ်လို့ လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ ( L.L.S.B.F) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်း ကစတင်ကာ L.L.S.B.F တပ်ဖွဲ့ဝင်တွေက မြို့မရဲစခန်းနဲ့ စ.ရ.ဖ ရုံးနေရာတွေကို (၃) ရက်​ဆက်တိုက် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ပထမဆုံးအနေနဲ့ ဇန်နဝါရီလ (၂၁)ရ​က်နေ့ ညနေ (၅) နာရီအချိန်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လောင်းလုံးမြို့မရဲစခန်းရှိရာဆီ ဒရုန်းနဲ့ ဗုံးသီး(၃) လုံး စတင်ကြဲတိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့ ဇန်နဝါရီလ (၂၂) ရက်နေ့ညနေပိုင်းမှာလည်း ဗုံးသီး(၅) လုံးကို (၂) ကြိမ်ခွဲပြီး ကြဲချခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေပိုင်းကလည်း လောင်းလုံး စ.ရ.ဖရုံးရှိရာဆီ ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေမှာ စစ်အုပ်စုဘက်က ဒုရဲအုပ်အပါအဝင်သေဆုံးသူ ၆ ယောက်အထိရှိခဲ့ပြီး ထိခိုက်သူတွေကို ညတွင်းချင်း ကား(၂) စီးနဲ့ ထားဝယ်ဆေးရုံဆီပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

” လောင်းလုံးမြို့မရဲစခန်းရယ် စ.ရ.ဖရုံးရယ်ကို ဒရုန်းနဲ့ ဗုံးသီးတွေ ၃ ရက်ဆက်ကြဲခဲ့တာပါ။ ပစ်ခတ်မှု့ တော့မဖြစ်ဘူး။ သူတို့အသေပျောက်များတာ ၂၂ ရက်နေ့ကပါ” လို့လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ ( L.L.S.B.F) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုအပြီး လောင်းလုံးမြို့ပေါ်မှာ အတုအယောင်ရွေးကောက်ပွဲအတွက် စစ်အုပ်စုက အလုပ်များခဲ့ပြီးနှစ်ဖက် စစ်ရေးတင်းမာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လောင်းလုံးမြို့နယ် အတွင်းက ကျေးရွာတွေကို ပင်လယ်ဘက်က​နေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက​ ပြောပါတယ်။

0 Shares:
You May Also Like
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း ရိက္ခာနှင့် စစ်ကူ ပို့သည့် စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ သင်္ဘော ၁ စီး မီးလောင်

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစခန်းတွေကို ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ (CSRAF) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေသည့် ထုံခါ- မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်က ချောင်းနှစ်ပေါက်တံတားကို စစ်ကောင်စီ ဗုံးကြဲ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်မှာရှိတဲ့ ချောင်းနှစ်ပေါက် တံတားကို စစ်ကောင်စီက ဒီနေ့ (မတ်လ ၂၃) နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ တံတားပြိုကျပျက်စီးသွားကြောင်း သိရပါတယ်။
Read More

၄ လတာအတွင်း ထိတွေ့တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးကာ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း MBT တပ်ဖွဲ့ ထုတ်ပြန် 

ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး နိုဝင်ဘာလအထိ ၄ လတာအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ များစွာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေ များပြားသလို လက်နက်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ပုလဲတိုက်ပွဲအတွင်း စစ်ကောင်စီက အပြင်းအထန် လေကြောင်းဗုံးကြဲနေလို့ တော်လှန်ရေးတပ်တွေ ယာယီဆုတ်ခွါပေးထားရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ကာ မြို့ကိုထိန်းချုပ်ဖို့ ကြိုးစားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယာယီပြန်လည်ဆုတ်ခွါပေးထားရတယ်လို့ သိရပါတယ်။
Read More

ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းဆီ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့ အလင်းဝင် (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းဆီ အခုတစ်ပတ်အတွင်း စစ်​ကောင်စီတပ်သား ၂ ယောက်က လက်နက်နဲ့ အလင်းဝင်​ရောက်လာခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်​​-မန္တလေး အမြန်လမ်းမှာ မီးသတ် ညွှန်မှူး ရွှေဘတို့ ဇနီးမောင်နှံ၊ ဗိုလ်ကြီးဇနီးတစ်ယောက် အပါအဝင် စစ်ကောင်စီလက်အောက်ခံ ၆ ယောက် ဖမ်းဆီးရမိ

ရန်ကုန်​​-မန္တလေး အမြန်လမ်းမှာ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရွှေဘတို့ ဇနီးမောင်နှံ၊ ဗိုလ်ကြီးဇနီး အပါအဝင် စစ်ကောင်စီလက်အောက်ခံ စုစုပေါင်း ၆ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။