မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်အုပ်စုတွေ အခြေချတပ်စွဲထားတဲ့ ရွှေဘုံသာရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ စစ်အုပ်စု၂ ယောက် မျက်မြင်သေဆုံးပြီး  ၄ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၅ရက်၊ မနေ့ကမနက်အစောပိုင်းမှာ ရွှေဘုံသာရွာပျူစောထီးစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီကလည်း ရွှေဘုံသာရွာပြည်သူ့စစ်စခန်းအတွက် မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်တာတွေအပြင် လေကြောင်းကနေ ဂျက်ဖိုက်တာတွေနဲ့ပါပစ်ကူပေးခဲ့တယ်လို့သိရပါတယ်။

ပေါက်မြို့နယ်ကို စစ်ကောင်စီရဲ့ မကွေးလေတပ်စခန်းတက် ဂျက်ဖိုက်တာ၃စီးနဲ့ ၇ကြိမ်နီးပါးလေကြောင်းတိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရွှေဘုံသာရွာကို တိုက်ခိုက်မှုမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်သား၁ယောက်နဲ့ ပျူစောထီး ၃ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး သေနတ် ၁ လက်နဲ့ ရွှေဘုံသာရွာ ကင်းကုန်းတွေအထိ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပေါက်မြိုင် တပ်ပေါင်းစု၊ Seven Star၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ် ၁၊ ၁၂၊ ၁၅၊ ၁၆၊ ၁၈၊ ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦးနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်နေစဥ် တချိန်တည်းမှာပဲ ပေါက် ကပစ ၂၄ ထဲကနေ သီးခြောက်ကျေးရွာကို ၁၂၂ မမဟောင်ဝစ်ဇာနဲ့ ၃ ချက် ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ ၈၁ မမ လက်နက်ကြီး ထိမှန်ခဲ့လို့ စပါးမျောကျေးရွာသား ၁ယောက်သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ရက်နေ့ကလည်း စစ်ကောင်စီပစ်ခတ်လိုက်တဲ့ ၁၂၀မမ ကျည်တွေ ခင်ရှည်တောင်ရွာထဲ ကျရောက်ပေါက်ကွဲပြီး ကလေးငယ်၁ယောက်နဲ့ သက်ကြီးပိုင်းအမျိုးသမီး၁ယောက် သေဆုံးခဲ့ပါသေးတယ်။

စက်တင်ဘာလနှောင်းပိုင်းကစလို့ ပျူစောထီးတွေနဲ့ စစ်အုပ်စုအထိုင်ချရာစခန်းကုန်းတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းကရော လက်နက်ကြီးနဲ့ပါ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ်အတွင်း တိုက်ပွဲမှာ Earthqauke People’s Defence Force တပ်စိတ်မှူး ရဲဘော် အသေးလေး ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း Earthqauke People's Defence Force က အားထားရတဲ့ တပ်စိတ်မှူး ရဲဘော် အသေးလေး ကျဆုံးခဲ့ရကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေး လိုအပ်ချက်ကို ဖြည့်ပေးရင်း ဆေးမှူးဖြစ်လာခဲ့သူ ရဲဘော် Lightning ရှေ့တန်းစစ်မြေပြင်တွင် ကျဆုံး

ပဲခူး - ရန်ကုန် လမ်းပိုင်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ဟာ တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ် (ACDF) (၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် (ACDF) အနေနဲ့ နိုဝင်ဘာ ၁၆ ရက်မှာ ကျရောက်တဲ့ (၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို တပ်ဖွဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စလင်းမြို့နယ်တွင် ခရီးသွား ကိုယ်ဝန်ဆောင်အမျိုးသမီးကို စလင်း ပကဖ ဆေးတပ်ဖွဲ့မှ အရေးပေါ် ကလေးမွေးဖွားပေးခဲ့ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ခရီးသွား ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ကို ခရီးသွားနေချိန် လမ်းပိုင်းတစ်နေရာမှာ အရေးပေါ် မွေးဖွားကူညီစောင့်ရှောက်ပေးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် သူ့ကို အဖက်ပင်မလုပ်ကြောင်း မင်းအောင်လှိုင် ပြောဆို

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးဖို့ သူ့ဘက်က ဖိတ်ခေါ်ခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူ့ကို အဖက် မလုပ်ဘဲ ဆက်လက်တိုက်ခိုက်နေကြောင်း ပြောကြားလိုက်ပါတယ်။
Read More

စစ်အာဏာရှင်ကို တော်လှန်လိုသည့် တော်လှန်ပြည်သူများအား SSNDF / KNDF B-102 ဖိတ်ခေါ် (ရုပ်/သံ)

စစ်အာဏာရှင်ကို တော်လှန်လိုတဲ့ တော်လှန်ပြည်သူတွေကို ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF / KNDF) B-102 က အတူလက်တွဲဖို့ ဖိတ်ခေါ်နေပါတယ်။