စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ ပြည်သူတွေဆီက ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၂၆ ရက် ညနေပိုင်းနဲ့ နိုဝင်ဘာလ ၂၇ ရက် မွန်းလွဲပိုင်းမှာ ဆားတောင်မြို့ ရဲစခန်းက ရဲတွေနဲ့ ညောင်ငုတ်တို ပျူစောထီးရွာက စစ်ကောင်စီ တပ်သားတွေ ဆက်ကြေးပိုက်ဆံကောက်နေချိန် တော်လှန်ရေး တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း တော်လှန်ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပေမယ့် ဒရုန်း ၁ စီး ဂျမ်မာ ထိမှန်ကာ ပျက်စီး ဆုံးရှုံးခဲ့သလို ပျက်ကျသွားတဲ့ဒရုန်းကို အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေက စစ်ဆေးမှု ပြုလုပ်နေတယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Royal Falcon Guerrilla Force (Sadaung Falcon) ၊ Phoenix -Sagaing၊ Unicorn Guerrilla Force ၊ စစ်ကိုင်း ခရိုင် အမှတ် ၇ တပ်ရင်းတို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး Phoenix – Sagaing က ထုတ်လုပ်တဲ့ ဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ရွှေမှော်မှ ပြန်လာသည့် ပြည်သူ ၆ ဦးကို စစ်အုပ်စု အရှင်လတ်လတ် မီးရှို့သတ်၊ ၁ ဦး ထွက်ပြေးလွတ်မြောက်လာ

အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ရွှေမှော်ကနေ ပြန်လာတဲ့ အရပ်သားပြည်သူ ၇ ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ရာ ၁ ယောက်သာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမြို့နယ်မှာ စစ်ဘေးရှောင်မိသားစုဝင်တွေကို PDF ရဲဘော်တွေက ဟင်းချက်စရာအသီးအနှံတွေ ထောက်ပံ့… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုရှိ စစ်ဘေးရှောင်မိသားစု ၃၃ စုကို 'ဖွယ်ဖွယ်ရာရာ ဟင်းချက်စရာ ထောက်ပို့ကူညီပါ' အစီအစဥ်နဲ့ နွေဦးတော်လှန်ရေးမှာ အသက်ပေးလှူခဲ့ရတဲ့ ကျဆုံးရဲဘော်ညီနောင်အပေါင်းကို ရည်စူးကာ ဟင်းချက်စရာအသီးအနှံတွေကို မြို့နယ် PDF ၊ ပင်မ ပြန်ကြားရေးဌာနရဲ့ တပ်ခွဲ ရေခဲမြစ်ငယ်နွေက နိုဝင်ဘာလ ၂၄ ရက် ​ဒီနေ့မှာ သွားရောက် ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။
Read More

နှစ်ပေါင်း ၃၀ နီးပါး စစ်တပ် တပ်စွဲထားသည့် ဘောတိစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိ

ထားဝယ်မြို့နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်ရှိ စစ်အုပ်စုရဲ့ ဘောတိစခန်း (ခေါ်) ပွိုင့် ၂၅၆၆ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၁၀ ရက် ဒီနေ့မနက် ၁၀ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Force For Federal Democracy - FFD တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

အောက်တိုဘာလအတွင်း စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားပြီး စစ်တပ်ဘက်က ၂၉ ယောက်သေ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေမှာ အောက်တိုဘာလအတွင်း တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်သား ၂၉ ယောက် သေဆုံးခဲ့ကြောင်း KNU က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် မြို့နယ် ပကဖ မှ စစ်ရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေဆီ သွားရောက်ပြီး ကျန်းမာရေးအသိပညာမျှဝေကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရဲဘော်ငရဲ ကျဆုံးခြင်း တစ်နှစ်ပြည့် ဆွမ်းသွပ် တရားနာ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က ရဲဘော်ငရဲ ကျဆုံးခြင်း တစ်နှစ်ပြည့် အခမ်းအနားနဲ့အတူ နှစ်ပြည့်ဆွမ်းသွပ် တရားတော်နာကြားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။