အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့အုပ်ချုပ်မှု ယန္တရားထဲက ပြည်ထဲရေးဝန်ကြီးရာထူးနေရာကို မကြာခဏ အပြောင်းအလဲပြုလုပ်လေ့ရှိကာ လက်ရှိပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင် နေရာမှာ စစ်ရေးချုပ် ဖုန်းမြတ်နဲ့ အစားထိုးခန့်အပ်လိုက်တယ်လို့ စစ်အုပ်စုထိန်းချုပ် မီဒီယာတွေမှာ မနေ့က ဖော်ပြခဲ့ကြပါတယ်။

လက်ရှိပြည်ထဲရေးဝန်ကြီးဖြစ်လာသူ ဖုန်းမြတ်ဟာ စစ်အုပ်စု အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ စစ်ရေးချုပ်နဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်တွေထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး စစ်သင်တန်း OTS ၇၃ ဆင်းသူ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ  ပြည်ထဲရေးဒုဝန်ကြီး အောင်ကျော်ကျော်ကို စစ်ဘက်‌နေရာပြန်ပို့ကာ  ဒုစစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ် မင်းသူကို အစားထိုးခန့်အပ်လိုက်တယ်လို့လည်း  ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စု ပြည်ထဲရေးဝန်ကြီးသစ် ဖုန်းမြတ်အား တွေ့ရစဥ်

ထွန်းထွန်းနောင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်းဖြစ်ပြီး နယ်စပ်ရေးရာဝန်ကြီးကနေ ၂၀၂၅ ဇန်နဝါရီမှာ ပြည်ထဲရေးကြီး ဖြစ်လာတာကြောင့် တစ်နှစ်တာဝန်‌ထမ်းဆောင်ပြီးနောက် စစ်ဘက်မူလ တာဝန်တွေပြန်လည်ထမ်းဆောင်ရမှာ ဖြစ်တယ်ဘို့ ဆိုပါတယ်။

သူပြည်ထဲရေးဝန်ကြီး အဖြစ်တာဝန်ယူချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့  ရွေးကောက်ပွဲအတု ဆန့်ကျင်သူ၊ ကန်ကွက်သူတွေကို အကြမ်းဖက်သမား လို့သတ်မှတ်ကာ ပြည်သူ ၄၀၀ ကျော်ကို ထောင်ဒဏ် နှစ်ရှည်ကျနိုင်တဲ့ ရွေးကာဥပဒေနဲ့ အရေးယူခဲ့သူလည်း ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်ထဲရေးဝန်ကြီး ရာထူးနေရာကို မကြာခဏ အပြောင်းအလဲ ပြုလုပ်လေ့ရှိရာ စိုးထွဋ်၊ ရာပြည့်၊ ထွန်းထွန်းနောင်တို့ဟာ  တာဝန်ထမ်းဆောင် ခဲ့ဖူးကြတယ်လို့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ မီဒီယာတွေက ဖော်ပြကြပါတယ်။

0 Shares:
You May Also Like
Read More

ပကဖရုံးချုပ်၊ ပြည်သူ့ရေးရာတာဝန်ခံ ဦးမောင်မောင်ဆွေက ပကဖများသည် စစ်ကောင်စီတပ် ချေမှုန်းသုတ်သင်နိုင်ရေးနှင့် ပြည်သူများကို ကူညီကာကွယ်စောင့်ရှောက်နိုင်ရေး အမြဲအသင့် ရှိစေဖို့ တိုက်တွန်း…

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ) ရုံးချုပ်က ပြည်သူ့ရေးရာတာဝန်ခံ ဦးမောင်မောင်ဆွေက ပကဖ တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ချေမှုန်းသုတ်သင်နိုင်ရေးနဲ့ ပြည်သူတွေကို ကူညီကာကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက် အမြဲအသင့် ရှိစေဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ပြည်သူ့အားဖြင့် သွားနေသည့် တော်လှန်ရေးမှာ စဥ်းစားမှုတိုင်းက ပြည်သူ့ဆန္ဒကို အခြေပြုဖို့ လိုအပ်ဟု NUG ဝန်ကြီးချုပ် ပြော

ပြည်သူ့အားနဲ့ သွားနေတဲ့ တော်လှန်ရေးမှာ ပြည်သူ့ဆန္ဒကို အခြေပြုတဲ့ စဥ်းစားမှုမျိုးတွေသာ ဖြစ်ဖို့လိုအပ်တယ်လို့ ဧပြီလ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၁၁ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်မှု ၈ လနီးပါး ကြာမြင့်ပြီးနောက် ဧပြီလ ၇ ရက် မနေ့ က ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ရေစကြိုမှာ စစ်ကောင်စီတပ်က PDF စခန်းကို လေကြောင်းဗုံးကြဲ၊ မြေပြင်စစ်ကြောင်းထိုးကာ ပြည်သူ ၁ယောက်ကို သတ်ဖြတ်သွား

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးနောက် မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်စဉ်မှာ ပြည်သူ ၁ယောက်ကို အကြောင်းမဲ့ သတ်ဖြတ်သွားတယ်လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ - YSO ထံက သိရပါတယ်။
Read More

တိုက်ပွဲကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ စစ်ကောင်စီလက်အောက်ခံ ၁၂၃ ယောက်ကို မြန်မာပြည်ပြန်ပို့

ရခိုင်ဒေသတိုက်ပွဲတွေအတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခိုလှုံခဲ့ကြတဲ့စစ်ကောင်စီတပ်သားနဲ့နယ်ခြားစောင့်ရဲစုစုပေါင်း၁၂၃ယောက်ကိုစက်တင်ဘာလ၂၉ရက်တနင်္ဂနွေနေ့ကမြန်မာပြည်ဘက်ပြန်လည်လွှဲပြောင်းခဲ့ကြောင်းဘင်္ဂလားဒေ့ရှ်သတင်းတွေကဖော်ပြထားပါတယ်။ စစ်ကောင်စီကမြန်မာပြည်မှာအကျဉ်းကျနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၈၅ယောက်ကိုသင်္ဘောနဲ့ဘင်္ဂလားဒေ့ရှ်ကော့ဘဇာဘက်ပြန်ပို့ပြီးနောက်သူ့ရဲ့လက်အောက်ခံတွေကိုပြန်လည်ခေါ်ဆောင်သွားတာပါ။
Read More

မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့က သပိတ်ကျင်းမြို့နယ် (ပကဖ) အဖွဲ့ ၊ နွေဦးမေနဲ့ သွေးချင်းညီမများအဖွဲ့နဲ့အတူ စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေကို ဇန်နဝါရီလ ၇ ရက်မှာ သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။