ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲ နီးကပ်လာတာချိန်မှာ ထိုင်းကွန်ဆာဗေးတစ်ပါတီတစ်ခုဖြစ်တဲ့ ထိုင်းပက်ခ်ဒီး (Thai Pakdee) ပါတီက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ NGO အဖွဲ့အစည်းတွေကို ပစ်မှတ်ထားပြီး လူမျိုးရေးလှုံ့ဆော်မှုတွေနဲ့ မဲဆွယ်စည်းရုံးလာ ကြောင်း ထိုင်းမီဒီယာတွေ ကဖော်ပြကြပါတယ်။

မနေ့က ဇန်နဝါရီလ ၂၇ ရက်နေ့ ညပိုင်းမှာ ထိုင်းပက်ခ်ဒီးပါတီရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တဲ့ မဲဆွယ်ဗီဒီယိုမှာတော့ သူတို့သာ အနိုင်ရခဲ့ရင် ထိုင်းနိုင်ငံထဲက မြန်မာအလုပ်သမား အခွင့်အရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေကို အပြတ်အသတ် ဖြိုခွင်းသွားမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

အဲ့ဒီ ပါတီရဲ့ စွပ်စွဲချက်တွေအရ မြန်မာ NGO တွေဟာ အလုပ်သမားသမဂ္ဂတွေ ထူထောင်နိုင်အောင် ကူညီပေးနေပြီး ဒါကို ခွင့်ပြုထားမယ်ဆိုရင် ရေရှည်မှာ ထိုင်းနိုင်ငံရဲ့ အစိတ်အပိုင်းတချို့ကို မြန်မာတွေက သိမ်းပိုက်သွားတာမျိုးအထိ ဖြစ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမည်မဖော်ပြထားတဲ့ ထိုင်းနိုင်ငံရေးပါတီ နှစ်ခုဟာ မြန်မာ NGO တွေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲထားပြီး လက်ရှိ ထိုင်းနိုင်ငံရဲ့ အခြေအနေဟာ ဥရောပမှာ မွတ်ဆလင်တွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုကြောင့် ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းနဲ့ တူညီနေပြီလို့လည်း လှုံ့ဆော်ထားပါတယ်။

(ဓာတ်ပုံ Khaosod)



ဇန်နဝါရီလ ၁၁ ရက်နေ့က ဘန်ကောက်မြို့အနီး စားသောက်ဆိုင်တစ်ခုမှာ မြန်မာအလုပ်သမားတွေနဲ့ ထိုင်းနိုင်ငံသား Delivery အချို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် “နှုတ်ခမ်းမွေးနဲ့အဖွဲ့” လို့ လူသိများတဲ့ ထိုင်းအမျိုးသားရေး အစွန်းရောက်တွေက မြန်မာမုန်းတီးရေး လှုပ်ရှားမှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။

“နှုတ်ခမ်းမွေးနဲ့အဖွဲ့” ကြောင့် အယုဒ္ဓယအပါအဝင် ဒေသအချို့မှာ မြန်မာလုပ်သားတွေ ရိုက်နှက်ထိုးကြိတ်ခံရတဲ့ ဖြစ်စဉ်တွေပါ ပေါ်ပေါက်လာခဲ့ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကျင်းပမယ့် ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကာလအတွင်း အန္တရာယ်ရှိနိုင်တာကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ သတိထား နေထိုင်ကြဖို့ကို အလုပ်သမားအရေး ကူညီပေးနေသူတွေက တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

တောမီးကြောင့် ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင်မြို့တော်နဲ့ သန်းကြွယ်သူဌေးတွေရဲ့ နေအိမ်တွေ မီးလောင်ကျွမ်းနေ

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မှာ တောမီးတွေ ဆက်လက်လောင်ကျွမ်းနေတာကြောင့် နာမည်ကြီး လူသိများတဲ့ ကမ္ဘာ့ ရုပ်ရှင်မြို့တော် Hollywood အပါအဝင် သန်းကြွယ်သူဌေးတွေရဲ့ ဇိမ်ခံအိမ်ကြီးတွေ မီးလောင်ကျွမ်းခံနေရတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

NUG အစိုးရပါဝင်သည့် ၃ ပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ 113th International Labour Conference ကို တက်ရောက်ခဲ့

၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားရေးရာညီလာခံ (113th ILC) ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပါဝင်တဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ NUG အစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီများ အမေရိကန် ဆိုင်းငံ့

အမေရိကန်အနေနဲ့ ယူကရိန်းကို ပေးအပ်တဲ့  စစ်ရေးအကူအညီတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ယောက်က မတ်လ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။
Read More

ရှမ်းမြောက်နဲ့ ဆက်စပ်ဒေသတွေက တရုတ်စီမံကိန်း ၁၃ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ အပြည့်အဝထိန်းချုပ်ထား..

ရှမ်းပြည်နယ် မြောက်ပိုင်းအပါအဝင် ဆက်စပ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာရှိတဲ့ တရုတ်စီမံကိန်း ၁၃ ခုကို တိုင်းရင်းသား လက်နက်ကိုင် (EAOs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDFs) တွေက အပြည့်အဝထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရှမ်းမြောက်နဲ့ ရခိုင်မှာ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ် စီမံကိန်းကို စတင်နိုင်မယ်လို့ တရုတ်ကို ကတိပေးပြန်

နယ်မြေဒေသ မငြိမ်သက်ဘဲ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာမှာ ဖောက်လုပ်မယ့် မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ်  စီမံကိန်းကို စတင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောကြားလိုက်ပါတယ်။
Read More

ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ခဲ့သူ ရှီကျီကျန်းကို ထိုင်းအစိုးရ တရုတ်ထံ ပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ရာ ငွေလိမ်ဂိုဏ်းခေါင်းဆောင် ရှီကျီကျန်းကို ထိုင်းအစိုးရက ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်မှာ တရုတ်အစိုးရထံ လွှဲပြောင်းပို့ဆောင်ပေးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။