တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်း KNLA အထူးတပ်ဖွဲ့ထောင်ထားတဲ့ မိုင်းနင်းမိပြီး အကြမ်းဖက်စစ်တပ်အရာရှိ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိ သွားတယ်လို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က ဇန်နဝါရီ ၂၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်က ပုလောမြို့နယ် လှည်းကျွန်းမကျေးရွာကနေ တောင်ယာကမ်းကျေးရွာ လမ်းဆုံဂိတ်ကို အင်အား ၃၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေဟာ KNLA အထူးတပ်ဖွဲ့ထောင်ထားတဲ့ မိုင်းနင်းမိပြီးခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၈ ရက်က ကျောက်စုစစ်တပ်ဂိတ်အကို ဒရုန်းနဲ့ ဗုံးသီး ၁၂ လုံး၊ ဒီဇင်ဘာ ၂၀ ရက်က ပုလောမြို့ အမှတ် (၅) ဂိတ်ကို 8kg  ဗုံးသီး ၁ လုံး၊ ဒီဇင်ဘာ ၂၂ ရက်က နန်းတောင်ရွာစစ်တပ် စခန်းကုန်းကို 15kg ဗုံးသီး ၁ လုံး၊ ဒီဇင်ဘာ ၂၃ ရက်က ပုလောမြို့ အမှတ် (၄) ဝန်ထမ်းအိမ်ရာကို 5kg ဗုံးသီး ၂လုံး၊ 2kg ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ပြီး  ဒီဇင်ဘာ ၂၈ ရက်က နန်းတောင်ဂိတ်စခန်း၊ ကျောက်စုဂိတ်၊ ပုလောမြို့ အမှတ် (၇) နဲ့ တောင်ယာကမ်းရွာဂိတ်စခန်းတွေကိုလည်း  တော်လှန်ရေးရဲ‌ဘော်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Video – KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ပွင့်ဖြူမြို့နယ်အတွင်း အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်‌၊ ညောင်ကိုင်းကျေးရွာမှာ အင်အား ၂၀၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြား ထိခိုက်မှုရှိခဲ့တယ်လို့ COBRA ONE အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကသာမှ အင်းတော်ဘက်သို့ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကူလာသည့် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၄၀ ခန့် သေကာ ၃၀ ကျော် ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကသာမြို့ကနေ အင်းတော်မြို့ဘက်သို့ စစ်ကူလာတဲ့ တပ်မ ၇၇ က အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ အယောက် ၄၀ ခန့် သေပြီး ၃၀ ကျော် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ တပ်စွဲထားတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲပြီး အနီးကပ်ဝင်ရောက်ပစ်ခတ်ရာ ၇ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ တပ်စွဲအထိုင်ချထားတဲ့ အင်အား ၃၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို ဒီဇင်ဘာ ၂ ရက်က တော်လှန်ရေးပူး ပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။
Read More

တောင်ငူမြို့ ရေကြီးရေလျှံမှုကြောင့် လူထောင်ပေါင်းများစွာ အရေးပေါ်ရွှေ့ပြောင်းနေရပြီး အရေးပေါ်သုံးပစ္စည်းများ လိုအပ်နေ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိပြီး လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၅၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရကာ အရေးပေါ်သုံး ဆေးဝါးနဲ့ စားနပ်ရိက္ခာ၊ အဝတ်အ ထည်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
Read More

ကမ္မရဲစခန်းထဲ ဗုံးသီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ရဲစခန်းထဲကို ဗုံးသီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Three Brother Defence Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှားအစိုးရ၏ ထောက်ပံ့မှုတွေ ရပ်တန့်ဖို့ လန်ဒန်မြို့ ရုရှားသံရုံးရှေ့ တော်လှန်ရေးအင်အားစုများ ဆန္ဒပြ (ရုပ်သံ)

လန်ဒန်မြို့ ရုရှားသံရုံးရှေ့မှာ မတ်လ ၁၉ ရက် မနေ့က  ယူ‌ကေရောက် တော်လှန်ရေးအင်အားစုတွေက ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။