တပ်ဖွဲ့ဝင်များရဲ့ စစ်ရေးစွမ်းရည်၊ စည်းကမ်းလိုက်နာမှုနှင့် နိုင်ငံရေးခံယူချက်များကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ပြီး အပတ်စဉ် ၉/၂၀၂၆ အခြေခံစစ်သင်တန်းနဲ့ အထူးလှုပ်ရှားတိုက်ခိုက်ရေးသင်တန်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ SOUTHERN YSO PDF တပ်ဖွဲ့မှ  ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီ ၂၇ ရက်က အခြေခံစစ်သင်တန်း (မွမ်းမံ) သင်တန်းမှာ သင်တန်းသား ၄၈ ဦးနဲ့ အထူးလှုပ်ရှားတိုက်ခိုက်ရေး သင်တန်းမှာ ရဲဘော် ၃၀ ဦးတို့ကို ပထမအသုတ် သင်တန်း အဖြစ် အောင်မြင်စွာ ပြီးစီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းမှာ စစ်ရေးနည်းပညာများကိုသာ အခြေခံသင်ကြားပေးတာမဟုတ်ဘဲ တော်လှန်ရေးရဲ့ အခြေခံအင်အားဖြစ်တဲ့ နိုင်ငံရေးသဘောတရား၊ ပြည်သူအပေါ် တာဝန်ယူမှု၊ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားများကို အခြေခံအုတ်မြစ်အဖြစ် ထားကာ ရဲဘော် ၁ ဦးချင်းစီကို ပြည်သူကို ကာကွယ် ရမယ့် တာဝန်ရှိသူ၊ အာဏာရှင်စနစ်ကို အဆုံးသတ်ရမယ့် တော်လှန်ရေးဝင်ရိုးစွန်းအဖြစ် ပုံဖော် ထူထောင်ပေးဖို့ ရည်ရွယ်ခဲ့တယ်လို့ သိရပါတယ်။ 

Video – Southern YSO PDF

0 Shares:
You May Also Like
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြား တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးစနိုက်ဘာရဲဘော်ရဲ့ မှတ်တမ်းပုံရိပ်တွေ PDF-Zoland ထုတ်ပြန်

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ PDF-Zoland (Sniper Team) ရဲ့ အမျိုးသမီးရဲဘော် ၁ ယောက် တိုက်ပွဲဝင်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို PDF-Zoland မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

စလင်းမြို့နယ်အတွင်း ရိက္ခာအတွက် အစားအသောက်ခိုးယူနေသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ရိက္ခာပြတ်ကာ ပြည်သူနေအိမ်တွေကနေ အစားအသောက် ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ယောက် သေဆုံးခဲ့တယ်လို့ Rocket Fighter အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရှမ်း-မန်း စစ်ဆင်ရေးပြန် ‌ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းရဲဘော်တွေကို ဒေသခံပြည်သူများ အောင်သပြေနဲ့ ကြိုဆို (ရုပ်/သံ)

ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဆုတောင်းစကားတွေပြောဆိုပြီး အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့  အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေရဲ့ အစောင့်အကြပ်နဲ့ လေယာဉ်ဆီတင်ဆောင်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့ကနေ မုံရွာမြို့ကို အကြမ်းဖက်စစ်သား အစောင့်အကြပ်တွေနဲ့ လေယာဉ်ဆီတင်ဆောင်လာတဲ့ ယာဉ်တန်းကို နိုဝင်ဘာ ၄ ရက် နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း ၄  (Monywa The Boys) ထံက သိရပါတယ်။
Read More

လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေ ကြဲချလို့ ပြည်သူ ၁ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီနေ့ မနက် ၁ နာရီဝန်းကျင်ခန့်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေးပြောက်ကျားတပ်မှ မဟာမိတ်များနှင့် ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း (၂) ရေးပြောက်ကျားတပ် (YGF) က ဒေါနစစ်ကြောင်း(၃)၊ ဒေါနတပ်ခွဲ (၄) KBDF၊ ဒေါနတပ်ခွဲ (၇) LPF၊ NMSP (AD) RMA ၊ MSRF ၊ Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့တို့နဲ့ ပူးပေါင်းပြီး ဇွန်လ ၂ ရက်မှာ စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။