ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဒေါနတပ်ရင်းရဲ့ ဒေါနစစ်ကြောင်း−၃ အဖြစ် တာဝန်ထမ်းဆောင်တဲ့ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ − KBDF ကနေ အမှတ် (၈၀၀၂) တပ်ရင်း KBDF အဖြစ်ပြောင်းလဲ ဖွဲ့စည်းလိုက်တယ်လို့ အဲ့ဒီတပ်ရင်းရဲ့တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန (MOD)ကို တပ်ရင်းဖွဲ့စည်းပုံတင်ပြပြီး စစ်ကြောင်းအဆင့်ကနေ တဆင့်တိုးကာ တပ်ရင်းအဆင့်အဖြစ် ပြောင်းလည်းဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
“လက်ရှိကတော့ ရဲဘော်တွေကို ပိုမိုကျစ်လစ်ကောင်းမွန်တဲ့ စုစည်းမှုတွေ၊ စည်းကမ်းကောင်းမွန်တဲ့ ရဲဘော်တွေဖြစ်လာအောင် ပြန်လည်ပြင်ဆင် တည်ဆောက်နေဆဲဖြစ်ပါတယ်”လို့ရဲဘော်ကိုခန့်က မောင်းကို ပြောပါတယ်။
ဒီလို ပြောင်းလဲခွင့် အမိန့်စာဟာ ဇန်နဝါရီလ ၁၂ ရက်နေ့ကရရှိပေမယ်လည်း ဇန်နဝါရီ ၂၆ ရက်နေ့မှသာ အမှတ် (၈၀၀၂) တပ်ရင်း KBDF အဖြစ်ပြောင်းလဲ ဖွဲ့စည်းကြောင်းကို ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
အခုလို ပြောင်းလဲဖွဲ့စည်းလိုက်ပေမယ့်လည်း စစ်ရေးလှုပ်ရှားမှုကိုတော့ မဟာမိတ်တွေနဲ့ အတူတကွ ရှေ့ဆက်ပုံမှန်စစ်ဆင်ရေး လှုပ်ရှားသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

