ပြည်သူများ NO Vote လုပ်တာကြောင့် ကြံ့ခိုင်ရေးပါတီက အစိုးရဖွဲ့နိုင်ခြင်းဖြစ်ပြီး  နောက်ထပ်ရွေးကောက်ပွဲမှာတော့ မှန်ကန်အောင် ရွေးချယ်ဖို့လိုတယ်လို့ စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း V V Chen က ပြည်သူကိုအပြစ်တင်ပြောဆိုလိုက်ပါတယ်။

လိင်ပညာပေး ဘလော့တွေ ရိုက်ကူးရာကနေ စစ်တပ်လုပ်ဆောင်တဲ့ ရွေးကောက်ပွဲအတုမှာ အကျိုးအမြတ်မျှော်ကိုးပြီး ဝင်ရောက်ယှဉ်ပြိုင်တယ်ဆိုပြီး ဝေဖန်ခံရတဲ့ ဒေါ်နန်းဆုသဇင်(ခ) VV Chen က အခုလို ပြောဆိုလိုက်တာပါ။

လက်ရှိရွေးကောက်ပွဲ ရလဒ်တော်တော်များများ သိရှိပြီးချိန်မှာ သူမရဲ့ လူမူကွန်ရက်စာမျက်နှာက တဆင့် အခုလိုပြည်သူကို အပြစ်တင်တဲ့ပုံစံ ရေးသားပြောဆိုခဲ့တာပါ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို ပုတ်ခတ်ပြီး ၈၈ ကျောင်းသားဟောင်း ဦးကိုကိုကြီးရဲ့ ပြည်သူပါတီကနေ ဝင်ရောက်ယှဥ်ပြိုင်ဖို့ ကြိုးစားခဲ့တဲ့ VV Chen ဟာ နောက်ဆုံးမှာတော့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ဝင်ပြိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

VV Chen ဟာ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း) က ပြည်သူလွှတ်တော်နေရာအတွက် ကြံ့ခိုင်းရေးပါတီက အလုပ်သမားဝန်ကြီး ဦးအောင်ကျော်ဟိုး အပါအဝင် ကိုယ်စားလှယ်လောင်း ၇ ယောက်နဲ့ ယှဥ်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။

VV Chen က အသစ်တက်လာမယ့် အစိုးရဟာ ပြည်သူတွေ No Vote လုပ်တာကြောင့် အနိုင်ရခြင်း ဖြစ်ပြီး နောက်ထပ် ရွေးကောက်ပွဲတွေမှာ အခုလိုထပ်လုပ်ရင် ဒီလိုပဲထပ်ဖြစ်မယ်လို့ ပြောဆိုထား ပါတယ်။

“ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ၊ အသစ်တက်လာတော့မယ့်အစိုးရ အုပ်ချုပ်စီမံမှုအောက်မှာ ၅နှစ်တာ ဖြတ်သန်းကြရတော့မှာ ဖြစ်ပါတယ်။ နောင် ၅နှစ် လာမယ့်ရွေးကောက်ပွဲမှာ အခုတစ်ကြိမ်လိုပဲ ရွေးကောက်ပွဲကို No vote ထပ်လုပ်ကြပြီး၊ အခုတက်လာမယ့် အစိုးရအဖွဲ့အစည်းကိုပဲ ပြည်သူလူထုတွေက နောက်ထပ်တစ်ကြိမ်ရွေးကောက်တင်မြှောက်ကြမလား ဆိုတာကတော့ အခုတစ်ခါလိုပဲ ပြည်သူလူထုတွေရဲ့ ရွေးချယ်မှုပေါ်မှာပဲ မူတည်ပါတယ်” လို့ VV Chen က ပြစ်တင်ရေးသားပြော ဆိုထားပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက  အခြားသောပါတီတွေထက် အစစအရာရာ သာလွန်အခွင့်အရေးတွေနဲ့ အလွယ်တကူ ယှဥ်ပြိုင်ခဲ့တာဖြစ်ပြီး၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူအများစုကတော့ ဒီရွေးကောက်ပွဲ အတုအပေါ်  စိတ်မဝင်စားမှု မရှိပါဘူး။ ဒါပေမဲ့ စစ်တပ်ကို အလိုလိုက် အကြိုက်ဆောင် အောက်ကျို့ပြီး ဝင်ပြိုင်ခဲ့ကြတဲ့ VV Chen လို ပါတီဝင်တချို့ကတော့ မနိုင်မှန်း သိရမမယ့်ရွေးကောက်ပွဲကို လက်တွေ့ရှုံးတဲ့အခါ စစ်တပ်အပေါ် အပြစ်မတင်ရဲဘဲ အခုလို ပြည်သူအပေါ် ပြစ်တင်ဝေဖန် ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မင်းတုန်းမြို့နယ် တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၃၀ ခန့် သေပြီး စစ်သုံ့ပန်း ၁ ယောက် ဖမ်းမိ၊ လက်နက်ခဲယမ်းတွေအပြင် ပြည်သူတွေဆီက ခိုးယူထားတဲ့ လက်ဝတ်ရတနာတချို့ သိမ်းဆည်းရမိ…

မကွေးတိုင်း ၊ မင်းတုန်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် ညအိပ်စခန်းချနေချိန် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က စစ်သား ၃၀ ခန့် သေဆုံးပြီး စစ်သုံ့ပန်း ၁ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဟားခါးတွင် အရပ်သားဟန်ဆောင် သတင်းထောက်လှမ်းနေသည့် ရဲ ၂ ဦးကို ဖမ်းဆီးရမိ…

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အရပ်သားပြည်သူ ဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေတဲ့ ရဲ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force - Hakha က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ဆုံးရှုံးရင်း Countdown ရေဦးမယ့် စစ်ကောင်စီ

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေက မြန်မာနိုင်ငံအနှံ့အပြား တော်လှန်ရေးတိုက်ပွဲတွေကို အောင်မြင်စွာ ဆင်နွှဲနေကြပါတယ်။ 
Read More

ပဲခူးရိုးမအတွင်းရှိ ဘန့်ဘွေးကုန်းရွာ စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်များ ဝင်တိုက်၊ စခန်းကို အပြီးသတ်ရရှိခါနီးမှ ရန်သူ့စစ်ကူကြောင့် ပြန်ဆုတ်ခဲ့ရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်က ဘန့်ဘွေးကုန်းရွာ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၂ ယောက် သေ၊ ၃ ယောက် ဒဏ်ရာရခဲ့ပြီး စခန်းအပြီးသတ်သိမ်းပိုက်ဖို့ ကြိုးစားချိန် ရန်သူ့စစ်ကူကြောင့် ပြန်ဆုတ်ခဲ့ရကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ငုံ့မခံ တုံ့ပြန်ခဲ့ကြသည့် ဒေါက်တာတေဇာဆန်းတို့အဖွဲ့ကို စစ်အုပ်စု အသည်းအသန် ပိုက်စိပ်တိုက်ရှာဖွေ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လမ်းကြောင်းရှိတာကြောင့် လုံခြုံရေးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်၊ စျေးချိုမှာ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနဲ့ သပိတ်အဖွဲ့ဝင်တွေ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။ ဒီဇင်ဘာ ၃ရက် မနေ့က မနက်အစောပိုင်းမှာ ဆန္ဒပြခဲ့တာဖြစ်ပြီး ဒေါက်တာတေဇာဆန်းနဲ့အတူ ကိုနန်းလင်း(ရန်ကုန်)၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း)နဲ့ မြို့နေလူထု ပါဝင်ခဲ့တယ်လို့သိရပါတယ်။
Read More

နိုင်ငံတဝန်း ရေဘေးကြောင့် သေဆုံးရသူ ၁၁၀ ကျော်သွားပြီလို့ စစ်ကောင်စီထုတ်ပြန်၊ မြေပြင်မှာ အရေအတွက် ပိုမိုများပြားနိုင်ကြောင်း လူမှုကူညီရေးအသင်းတွေပြော

နိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၁၀ ကျော်သွားပြီဖြစ်ကာ ၆၄ ယောက် ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးက ဒီနေ့ စက်တင်ဘာ ၁၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၁၃ ယောက်ရှိပြီး ပျောက်ဆုံးသူ ၆၄ ယောက်၊ ဒဏ်ရာရရှိသူ ၁၄ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။