စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စုတပ်စခန်းကို ဒရုန်းတွေ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့က ဒီနေ့သတင်း ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေချိန် ဆားလင်းကြီးမြို့ပေါ်မှာ စစ်သားနဲ့ ရဲ အင်အား ၁၀၀ လောက်အထိုင်ချတပ်စွဲထားတဲ့ နေရာကို တော်လှန် ရေးပူးပေါင်းတပ်တွေဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲချိန်   ၂ နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး မျက်မြင်စစ်သား ၁ ဦးသေဆုံးခဲ့ကာ နောက်ထပ် ၃ ဦး သေဆုံးခဲ့တာကို တပ်တွင်း သတင်းရင်းမြစ်တွေက တဆင့် အတည်ပြုနိုင်တယ်လို့  Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။

“တိုက်ပွဲစဖြစ်တော့ ၇ယောက်၊ ၈ယောက်လောက်က ရှေ့ဆုံးကနေ ထွက်လာတာ။ အဲ့မှာ အင်္ကျီအမဲနဲ့ တယောက်က လုံးလုံးမှောက်သွားပြီး ကျန်တဲ့ကောင်တွေ ပြန်ပတ်ပြေးတာ။  နောက်မှ စခန်းထဲက ဖရဲသီးဆီက ၃ ယောက် ထပ်သေတယ် ဆိုပြီးသိရတယ်” လို့  ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့နဲ့ အတူ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ လက်ရုံးတပ်)၊ ဆားလင်းကြီးမြို့နယ် ပလဖ၊ C.D.F ချင်းတွင်းကာကွယ်ရေးအဖွဲ့၊ မျိုးဆက်သစ်လူငယ် S.P.D.F၊ Solo အောင်ကြီး၊ SRA၊ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ BED ငညို ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကနေ မဟာမိတ်ညီနောင်တွေအဖြစ် ပူးပေါင်းဆင်နွှဲခဲ့ကြတာလို့ သိရပါတယ်။

Video-𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ထားဝယ်မြို့နယ် ရွှေဂူတောင်ပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ဦးသေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို စီးနင်းတိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရှားတောရွာမှ ထွက်လာသည့် စစ်တပ် တိုက်ခိုက်ခံရပြီး အများအပြား ထိခိုက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရှားတောရွာကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင် တပ်တွေကို တိုက်ခိုက်ခဲ့ရာ အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ခွဲရှိ စစ်ကောင်စီဌာနရုံးတွေကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ရှင်းလင်း (ရုပ်/သံ)

မန္တလေးတိုင်း ‌ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ခွဲရှိ စစ်ကောင်စီလက်အောက်ခံ ဌာနရုံးတွေကို နို ဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ Popa Production & Guerilla Force အဖွဲ့ထံက သိရပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ချောင်းမွန်ကျေးရွာနဲ့ ဝါးဒင်းကျေးရွာကြားရှိ တော်လှန်ရေးပူး ပေါင်းအဖွဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ မော်ဖိုးကေတပ်စခန်းကို KNLA ပူးပေါင်းတပ်များ စတင်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့က စစ်ကောင်စီတပ်ရဲ့ မော်ဖိုးကေ တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက မေလ ၁၉ ရက် ဒီနေ့ မနက်ပိုင်းက စတင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်လျက်ရှိတယ်လို့ ထိုင်းသတင်း Khaosod ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

မေမေ့အတွက် အဝေးရောက် ခရစ္စမတ်ဆုတောင်း (ရုပ်/သံ)

''အခုချိန်မှာ မေမေ့ဆီ လာလည်လို့မရသလို မေမေ့ကို ဆက်သွယ်လို့ မရတာတွေက သားအတွက်တော့ နည်းနည်းခက်ခဲပါတယ်။ မေ့မေရဲ့ ခရစ်စမတ်အချိန်အခါလေးကလည်း တည်ငြိမ်အေးချမ်းမှုတွေနဲ့ ပြည့်နှက်နေမယ်လို့ သားမျှော်လင့်ပါတယ်''