ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်မှာ အတုအယောင် ရွေးကောက်ပွဲ လုံခြုံရေးယူပေးတဲ့ စစ်ကားတွေ တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား(၁၉) ယောက် သေဆုံးကာ ကားတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ရွာငံစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတု အပိုင်း(၂)ကာလအတွင်း ရွာငံမြို့နယ်မှာ လုံခြုံရေးယူပေးပြီး အရှေ့တောင်ပိုင်းစစ်ဌာနချုပ်ဆီ ပြန်တဲ့ စစ်ကားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ၂ ကြိမ်တိုက်တိုင် စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ရွာငံစစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ပထမဆုံးအကြမ်အဖြစ် ဇန်နဝါရီလ (၁၃)ရက်နေ့မှာ ရွာငံမြို့ပေါ်ကနေ လုံခြုံရေးယူပြီးပြန်လာတဲ့ စစ်ကားတန်းကို မြိုင်​ရွာ အရောက်မှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုကာ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကား(၁) စီးပျက်စီးပြီးကားပေါ်ပါလာတဲ့ အကြမ်းဖက််စစ်သား(၄) ယောက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ (၂၂)ရက်နေ့ မနက်ပိုင်းကလည်း ရွာငံမြို့ကနေ နောက်ထပ် တကြိမ် ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကားတွေကို မြို့မြောက်ဘက် ငုတ်ချောင်းအတက်အရောက်မှာ တော်လှန်ရေးတပ်တွေက ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒီတကြိမ်မှာလည်း စစ်ကား(၂) စီးမီးလောင်ပျက်စီးပြီး စစ်သား(၁၅) ယောက်သေဆုံး ခဲ့တယ်လို့ သိရပါတယ်။

“ရွာငံမှာ ရွေးကော်အတွက်လုံခြုံရေးယူ စစ်ကြောင်းဖြန့်ကျက်ရာက  တပ်ဆုတ်ပြီး တောင်ကြီး ရပခကို ပြန်ကြတာပါ။  နှစ်ကြိမ်ခွဲပြန်ကြတာ၊ ရွေးကောက်ပွဲ တတိယပိုင်း မြို့တွေကို လုံခြုံရေးသွား ယူကြတာ။  တိုက်ပွဲတွေထဲ၂ ကြိမ်စလုံး လက်နက်တော့ မကောက်လိုက်ရပါဘူး။  စစ်ကားတွေ ပြန်လှည့်ပစ်လို့။ ရဲဘော်တွေ အထိခိုက်မရှိပါဘူး” လို့ ရွာငံ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ဓနုတပ်ရင်းက လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက ရွာငံ၊ ရပ်စောက်၊ ဆီဆိုင်၊ ကလော၊ ကွန်ဟိန်၊ မိုင်းပန်၊ မောက်မယ်၊ မိုင်းကိုင်နဲ့လဲချားမြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲအတု အပိုင်း(၂)ကိုလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ရွာငံမြို့နယ်မှာ စစ်တပ်နောက်ခံ အင်အားကြီး ကြံ့ခိုင်ရေးပါတီကို ကျော်လွန်ပြီး ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက လွှတ်တော်(၄) နေရာစလုံး အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

PDF ရဲဘော်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး လမ်းပြုပြင်… (ဓာတ်ပုံသတင်း)

မကွေးတိုင်းအ​ခြေစိုက် Khut Daung Company Saw PDF က ရဲဘော်တွေအနေနဲ့ တပ်ရင်းစိုးမိုးနယ်မြေအတွင်းက မိုးတွင်းကာလမှာ ပျက်စီးခဲ့တဲ့လမ်းတွေကို နိုဝင်ဘာ ၁၀ ရက်က ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပြန်လည် ပြုပြင်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့အစွန်ရှိ စစ်အုပ်စု ဝန်ထမ်းအိမ်ရာအား မြင်းခြံခရိုင်တပ်ရင်း (၃) က  ဝင်ရောက်ရှင်းလင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ အကြမ်းဖက် စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရင်း တပ်စွဲထားတဲ့ ဝန်ထမ်းအိမ်ရာကိုပါ တစ်ပါတည်း မီးရှို့ရှင်းလင်းခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃) သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်အာဏာရှင်ကို ခေါင်းဆောင်ပီသစွာ တွန်းလှန်ရင်း ကျဆုံးခဲ့ရတဲ့ ဗိုလ်ပေတ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း အာဠာဝက မြို့ပြ ပြောက်ကျားတပ်ဖွဲ့  ခေါင်းဆောင် ကိုပေတ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ယောက် ကျဆုံးခဲ့ကြောင်း တပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများကို လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ရန်ကုန်မှာ ဆန္ဒပြ

လုံခြုံရေးတင်းကျပ်တဲ့ ရန်ကုန်မြို့မှာ ငလျင်ဒဏ်သင့် ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ပါတယ်။
Read More

အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်ရပေမယ့် Pre CDM (ဖရဲသီး) အဖြစ် တာဝန်ကျေရန် ပြည်သူ့ရင်ခွင် ဖိတ်ခေါ်

မလွဲမရှောင်သာ Non-CDM ဖြစ်နေရသူတွေအနေနဲ့ စစ်အုပ်စု ယန္တရားထဲကနေ ဟန်မပျက် တာဝန်ထမ်းဆောင်ပြီး Pre-CDM (ဖရဲသီး) အဖြစ် တာဝန်ထမ်းဆောင်ကြဖို့ ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်ထားပါတယ်။ 
Read More

မိုင်းလုံမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီလရှင် (၁)ပါးနှင့် အမျိုးသမီး (၁)ဦးသေဆုံး၊ သံဃာတော် (၂)ပါး၊ သာမဏေ (၃)ပါးနှင့် အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် သီလရှင် (၁)ပါးနဲ့ အမျိုးသမီး (၁) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၂)ပါး၊ သာမဏေ (၃)ပါးနဲ့ အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။