အကြမ်းဖက် စစ်တပ်မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံမှာ တာဝန်ပြီးဆုံးလို့ပြန်လည်ထွက်ခွါတော့မယ့် ထိုင်းနိုင်ငံသံအမတ်တို့ နှစ်ဦးတွေဆုံရာမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုက တရားမျှတပြီးသန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ အချင်းချင်းချီးမွမ်း ပြောဆိုခဲ့ကြပါတယ်။

မနေ့က နေပြည်တော်မှာ အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visiststump တို့တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ထိုင်းနိုင်ငံသံရုံးက ပါဝင်လေ့လာခဲ့ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ၊ သန့်ရှင်းတဲ့ရွေးကောက်ပွဲ၊ မဲဆန္ဒရှင်တွေဆန္ဒအတိုင်း မဲ ပေးတာတွေ့ရတယ်လို့ အချင်းချင်းတွေ့ဆုံရာမှာ ချီးမွန်းခန်းဖွင့် ပြောကြားခဲ့ကြတာလို့ စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြနေပါတယ်။

ထိုင်းနိုင်ငံဟာ စစ်တပ်ရဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အသိအမှတ်မပြုဘူးလို့ ယတိပြတ်ငြင်းဆိုထားတာ မရှိပေမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Mohamad Hasan ကတော့ အာဆီယံဟာ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲတွေကို အသိအမှတ်မပြုဘူးလို့ ပြောကြားထားတာဖြစ်ပါတယ်။



အကြမ်းဖက်စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကို ကုသလသမဂ္ဂ၊ EU အပါအဝင် အနောက်နိုင်ငံတွေက တရားဝင်မှုမရှိဘဲ အသိအမှတ်မပြုဘူးလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖပ်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ထိုင်းနိုင်ငံသံရုံးအပါအဝင် အိန္ဒိယ၊ နီပေါ၊ ဘယ်လာရုစ်၊ ကမ္ဘောဒီးယား၊ နီကာရာဂွါနိုင်ငံတွေမှ ရွေးကောက်ပွဲစောင့်ကြည့်တွေ ရောက်ရှိလာတယ်လို့ စစ်တပ်ကထုတ်ပြန်ထားပါတယ်။

တွေဆုံပွဲမှာ မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ နှစ်နိုင်ငံကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှုတွေ ပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ စစ်တပ်ချင်းပူးပေါင်းရေး၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နယ်စပ်ဒေသပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေအကြောင်းဆွေးနွေးတယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အီရန်ကို ဗုံးကြဲသည့် စစ်ဆင်ရေး ထရမ့်ကိုယ်တိုင် စောင့်ကြည့်ကွပ်ကဲမှု ပုံရိပ်များ အိမ်ဖြူတော် ထုတ်ပြန်

အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန်လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှုအခန်း (situation room)​ကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စောင့်ကြည့်ကွပ်ကဲနေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်လာပါတယ်။
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှသာ လူကုန်ကူးမှုအပါအဝင် ဆိုက်ဘာမှုခင်းများကို‌ အပြီးတိုင် တိုက်ဖျက်နိုင်မည်ဟု  ဦးကျော်မိုးထွန်း ပြောကြား

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းအောင် လုပ်ဆောင်နိုင်မှသာ မြန်မာနိုင်ငံအတွင်း ကင်ဆာရောဂါသဖွယ် ပြန့်ပွားလာနေတဲ့ လူကုန်ကူးမှုအပါအဝင် ဆိုက်ဘာမှုခင်းတွေကို အပြီးတိုင် တိုက်ဖျက်နိုင်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောပါတယ်။
Read More

နိုင်ငံတကာပါလီမန်များညီလာခံကို မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နေ

နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖက်ဆစ်ဆန့်ကျင်ရေး အခမ်းအနားတွင် ဖက်ဆစ်အာဏာရှင် ခေါင်းဆောင်များ ဖက်လှဲတကင်း တွေ့ဆုံ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနဲ့ ဒုတိယကမ္ဘာစစ် အောင်နိုင်တဲ့ နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားမှာ ဖက်ဆစ်အာဏာရှင် မင်းအောင်လှိုင်က အာဏာရှင်ခေါင်းဆောင်တွေနဲ့ ဖက်လှဲတကင်း တွေ့ဆုံခဲ့တဲ့ပုံရိပ်တွေကို နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ 
Read More

ကမ္ဘောဒီးယား၏ အပစ်ရပ်ချိုးဖောက်မှု အစီရင်ခံစာ မလေးရှား၊ တရုတ်နှင့် အမေရိကန်တို့ကို ထိုင်း တင်ပြ

ဇူလိုင်လ ၂၈ ရက်က မလေးရှားမှာ ပြုလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ အိမ်ရှင်အဖြစ်နဲ့ သက်သေတွေအဖြစ် တက်ရောက်ခဲ့ကြတဲ့ မလေးရှား၊ အမေရိကန်နဲ့ တရုတ်တို့ကို ကမ္ဘောဒီးယားရဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ချိုးဖောက်ခဲ့တဲ့အကြောင်း အစီရင်ခံစာ တင်သွင်းခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယန်ပွန်က ဇူလိုင်လ ၂၉ ရက်မှာ ပြောပါတယ်။
Read More

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများနှင့် NUG အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းဦး ဦးဆောင်တဲ့အဖွဲ့က ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ တွေ့ဆုံခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။