ဖိလစ်ပိုင်နိုင်ငံ ရှရစ်ဖ်အဂူအတ်မြို့တော်ဝန် အက်မဒ် မီထရာ အမ်ပါတွာန် စီးနင်းလာတဲ့ ကားကို  ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းက လက်နက်ကိုင်လူတစ်စုက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မြို့တော်ဝန်စီးနင်းလာတဲ့ လန်ခရူဇာကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး ယာဉ်အောက်ပိုင်းကို ထိမှန်ခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်မှာတော့ ကားတစ်စီးပေါ်ကနေ လူ ၂ ဦးဆင်းလာပြီး ဖိလစ်ပိုင် မြို့တော်ဝန်စီးနင်းလာတဲ့ ကားကို  RPG နဲ့ ပစ်ခတ်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

တိုက်ခိုက်ခံရတဲ့ ကားဟာ ကျည်ကာအားဖြည့်ထားတဲ့ ယာဉ်အမျိုးအစားဖြစ်တဲ့အတွက် ယာဉ် အောက်ပိုင်းကို ထိမှန်ခဲ့ပေမယ့် ဆက်လက်မောင်းနှင်သွားနိုင်ခဲ့ပြီး မြို့‌တော်ဝန်ရဲ့ အသက်အန္တရာယ်ကို ကာကွယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခဲ့သူတွေကို ဖိလစ်ပိုင်တာဝန်ရှိသူတွေက ရှင်းလင်းနိုင်ခဲ့ပြီး ဘာကြောင့်တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

0 Shares:
You May Also Like
Read More

မိတ္ထီလာမြို့ပေါ် ကင်းလှည့်နေသည့် ရဲကား လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခံရ

မန္တလေးတိုင်း မိတ္ထီလာမြို့ပေါ်မှာ ကင်းလှည့်နေတဲ့ ရဲကားကို လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

အုန်းတောရွာမှာ ကင်းပတ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှု ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာမှာ အထိုင်ချတပ်စွဲပြီး ကင်းပတ်လာတဲ့ အကြမ်းစစ်ကောင်စီတပ်သားတွေကို အုန်းတောမြောက်ရေတွင်းနားမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Taw Twin Tup Pee Local အဖွဲ့ထံက သိရပါတယ်။
Read More

ထုတ်လုပ်ထားတဲ့ AR-15 သေနတ်များ ကရင်နီရှေ့တန်းစစ်မျက်နှာပြင်မှာ အသုံးပြုနေပြီဖြစ်ကြောင်း Hornet PDF ထုတ်ပြန် (ရုပ်/သံ)

Hornet PDF မှာ ထုတ်လုပ်ထားတဲ့ AR-15 သေနတ်များ ကရင်နီရှေ့တန်းစစ်မျက်နှာပြင်မှာ အသုံးပြုနေပြီဖြစ်တယ်လို့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံဖိုင်နဲ့ တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

KIO/KIA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ်အားလုံးကို တရုတ် ပြန်ဖွင့် (ရုပ်/သံ)

တရုတ်အစိုးရနဲ့ KIO ခေါင်းဆောင်တွေရဲ့ ဆွေနွေးမှုရလဒ်အဖြစ် တရုတ်ဘက်ခြမ်းနဲ့ KIO/KIA ထိန်းချုပ်ထားတဲ့ မြန်မာနယ်စပ်က ဂိတ်အားလုံးကို ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်မှာ ပြန်လည်ဖွင့်လှစ် လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ကောင်းပြည့်ဆီဆိုင်အနီး အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစခန်းကို ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်တပ်အရာရှိအပါ ၁၀ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစခန်းကို နိုဝင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၄ ရက်အထိ ဒရုန်းစစ်ဆင်ရေးပြုလုပ်ပြီး ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA အဖွဲ့ထံက သိရပါတယ်။