အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်် (NLD) အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်တာဝန်ယူခဲ့တဲ့ ဒေါက်တာမြင့်ထွေးဟာ ဇန်နဝါရီလ (၂၆) မနေ့ညပိုင်းမှာ ကွယ်လွန်သွားခဲ့ရပြီလို့ သိရပါတယ်။

ဒေါက်တာမြင့်ထွေး သေဆုံးတဲ့အကြောင်းကို ညီဖြစ်သူ ဦးမင်းဟန်ထွေးကလည်း သူ့ရဲ့လူမူ့ကွန်ရက်အကောင့်ကတဆင့် အသိပေးအတည်ပြုခဲ့ပါတယ်။

ဦးမင်းဟန်ထွေးက ” အကိုအကြီးဆုံး Dr.မြင့်ထွေးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘာမင်ဂရက်ဆေးရုံမှာ ဒေသစံတော်ချိန်၊ ဇန်နဝါရီလ ၂၆ရက်၊ ၂၀၂၆ ခုနှစ်၊ ညနေ ၅နာရီ ၄၃ မိနစ်တွင် ကွယ်လွန်အနိစ္စရောက်သွားပါကြောင်း ဆွေမျိုးမိသဂ်ဟများကို သိစေအပ်ပါသည်” ဆိုပြီးရေးသား အတည်ပြုထားပါတယ်။

ဒေါက်တာမြင့်ထွေး ကွယ်လွန်ချိန်မှာ အသက် ၇၇ နှစ်ရှိပြီဖြစ်ကာ မည်သည့်ရောဂါနဲ့ ကွယ်လွန်တယ်ဆိုတာကို အသေးစိတ် မသိရသေးပါဘူး။

ဒေါက်တာမြင့်ထွေးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှာ ဆေးပညာရှင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို ၂၀၁၆ ခုနှစ်မှာ NLD အစိုးရရဲ့ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သူပါ။

NLDအစိုးရလက်ထက် ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးအားတွေ့ရစဉ်



သူဟာ အကြမ်းဖက်စစ်တပ် အာဏာသိမ်းတဲ့မနက်ပိုင်း ဖမ်းဆီးမခံရခင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် ဝန်ကြီးအဖြစ်ဆက်လက် တာဝန်ထမ်းဆောင်ဖို့ မဖြစ်နိုင်တော့ကြောင်း ရေးသားဖော်ပြခဲ့သူလည်း ဖြစ်ပါတယ်။

“အာဏာသိမ်းတော့ စစ်ကျွန်အဖြစ် အမှုမထမ်းပဲ ခေါင်းမော့ရင်ကော့ အိတ်ဆွဲပြီး ရဲရဲဝံ့ဝံ့ ကားစုတ်လေးနဲ့ နေပြည်တော်က ထွက်ပြခဲ့တဲ့သူ၊ ဆရာဝန်တစ်ယောက်ကို လက်ရှိလစာထက် ၂ဆလောက် ပိုပေးချင်တာပါလို့ ရိုးရိုးသားသားပြောဖူးခဲ့တဲ့သူ၊ သူ့တာဝန် သူကျေပွန်ဖို့ကလွဲရင် ဘာအခွင့်အရေးမှမယူခဲ့တဲ့သူ၊ ကိုဗစ်ကာလတုန်းက အနောက်နိုင်ငံတွေ ချမ်းသာတဲ့နိုင်ငံတွေ လူးနေအောင်ခံရချိန်မှာ “ကျွန်တော်တို့ ပြင်ဆင်ထားမှု့တွေသိရင် ရူးတောင်သွားဦးမယ်”ဆိုတဲ့စကားတွေ ပြောပြီး ပြည်သူလူထုကျန်းမာရေးအတွက် အကောင်းဆုံး တိုက်စစ်ခံစစ်တွေနဲ့ ကာကွယ်ပေးခဲ့သူ မြင့်မြတ်သော ဘုံဘဝမှာ ရောက်ရှိနေလိမ့်မယ်လို့ ယုံကြည်ပါတယ် ဆရာကြီး ” ဆိုပြီး ဒေါက်တာမြင့်ထွေးဆုံးပါးသွားတဲ့အပေါ် မိတ်ဆွေတစ်ဦးကလည်း သူ့ရဲ့ခံစားချက်ကို လူမူ့ကွန်ရက်အကောင့်က တဆင့်ရေးသား ဖော်ပြခဲ့ပါတယ်။

ဒေါက်တာမြင့်ထွေးဟာ မြန်မာနိုင်ငံကို ကိုဗစ်-19 ကပ်ရောဂါ စတင်ကူးစက်လာချိန်ကစလို့ နိုင်ငံအတွင်း ရောဂါ ထိန်းချုပ်၊ ကုသရေးစတဲ့ကျန်းမာရေး စောင့်ရှောက်မှုပိုင်းဆိုင်ရာ လုပ်ငန်းစဥ်တွေမှာ ရှေ့တန်းကနေ အားကြိုးမာန်တက် လုပ်ဆောင်ခဲ့သူ (၁) ယောက်လည်းဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အာဇာနည်နေ့ အထိမ်းအမှတ် စစ်ကောင်စီအထိုင်စခန်းကို ၆၀ မမ စိန်ပြောင်း၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မနေ့ကကျရောက်တဲ့ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်  ပခုက္ကူမြို့နယ် အရှေ့ဘုန်းကံရွာမှာ  အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အဝေးပစ် ၆၀ မမစိန်ပြောင်းအပြင် ၄၀ မမ ဗုံးသီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF  က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

အလင်းဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်ခေါ်ထုတ်ချိန် ကျဆုံးခဲ့သည့် နေပြည်တော် ပကဖ ရဲဘော်နှင့် အလင်းဝင် စစ်သား ၃ ဦး ကျဆုံးမှု ၃ လပြည့် ပြုလုပ်

မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက် မနေ့က နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်ဆင်ကြီး၊ အလင်းဝင်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်က ရဲဘော်ညီညီဝင်းမော်၊ ရဲဘော်သိန်းမိုးမင်းနဲ့ ရဲ‌ဘော်မျိုးဇော်အေးတို့ အသက်နဲ့ခန္ဓာပေးလှူသွားခဲ့တဲ့ (၃) လပြည့် အထိမ်းအမှတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

KNU ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ KMU ရဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနားကို KNU ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ KNU ဗဟိုက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေထံမှ ငြိမ်းချမ်းရေးယူလိုကြောင်း သက်သေပြနိုင်မှာသာ တွေ့ဆုံနွေးနွေးမယ်လို့ မင်းအောင်လှိုင်ပြော

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထံကနေ ငြိမ်းချမ်းရေးလိုလာကြောင်းပြသမှသာ နိုင်ငံရေးအရ ဆွေးနွေးမှု လုပ်ဆောင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်
Read More

ကလေးမှာ စစ်မှုထမ်းဖို့ လူငယ် ၁၈၀ ကျော် ဖမ်းဆီးခံရ

ကလေးမြို့နယ်မှာ စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီးခံရသူ လူငယ် ၁၈၅ ဦးရှိပြီး တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံနေရတယ်လို့  ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကောင်စီက နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၀၀၀ ကျော် ပြုလုပ်ခဲ့

စစ်အာဏာသိမ်းမှု ၄ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီက တစ်နိုင်ငံလုံးကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ  ၄၀၀၀ ကျော်ပြုလုပ်ခဲ့ကြောင်း  Blood Money အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။