စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က အကြမ်းဖက်စစ်ကော်မရှင်တပ်စွဲထားတဲ့ နေရာတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းဗုံးသီးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူကာကွယ်ရေးအဖွဲ့ (Salingyi) ဆီက သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက် မနက် ၁၁ နာရီခွဲကနေ ညနေ ၃ နာရီခွဲအထိ ဆားလင်းကြီးမြို့ပေါ်က ရဲစခန်း၊ မင်းကန်ကြီး၊ တာဝတိ့သာကျောင်း၊ ထွေအုပ်ရုံးစတဲ့ နေရာတွေကို ဒရုန်းနှစ်စီးနဲ့ တစ်ချိန်ထဲ သွားရောက် တိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

” တစ်ချိန်ထဲ ၄ နေရာခွဲတိုက်ခိုက်ခဲ့တာ၊ လေးဖွဲ့ခွဲပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်။ ဒရုန်းက နှစ်စီးနဲ့ချတာ‌။ သေဆုံးထိခိုက်မှုကတော့ ရှိမရှိစုံစမ်းနေတယ်” လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူကာကွယ်ရေးအဖွဲ့ (Salingyi) တာဝန်ခံက မောင်းကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ရှိပေမယ့်လည်း အရေအတွက် အတိအကျကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ၆၀ မမ၊ ၄၀ မမ၊ လက်နက်ငယ်တွေ၊ စက်လက်နက်တွေနဲ့ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အခုလိုတိုက်လိုက်ခံရတဲ့ အတွက် အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ မြို့ပေါ်မှာ လုံခြုံရေးတိုးမြှင့်တာနဲ့ စစ်ဆေးတာတွေ မလုပ်ရဲတော့ပဲ စခန်းထဲမှာသာ နေထိုင်ကြတယ်လို့ ဆိုပါတယ်။

” ကျွန်တော်တို့ သေဆုံးမှုနဲ့ ပတ်သက်တာတော့ ဘာမှမပြောနိုင်သေးဘူး။ ပစ်ခတ်မှုဖြစ်ပွားပြီနောက်ပိုင်း စစ်ဆေးရေး ကြမ်းတာတို့ဘာတို့မရှိဘူး။ မြို့ပေါ်မှာ သူတို့မလုပ်ရဲဘူးဖြစ်နေတယ်။ ဘယ်မှမထွက်ရဲဘူး စခန်းထဲမှာပဲ နေနေကြတာ။ စခန်းထဲ ကျရောက်ပေါက်ကွဲတာတွေရှိတယ်။ သူတို့ဘက်ကနေ လက်နက်ကြီးတွေ  ငါးကြင်းမြီးတွေနဲ့ ပြန်ပစ်တာတော့ရှိတယ်” လို့ တာဝန်ခံက ဆက်ပြောပါတယ်။

အဲ့ဒီပါတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက်ပြည်သူကာကွယ်ရေးအဖွဲ့(Salingyi)၊ SOLO အောင်ကြီး(Salingyi)၊  S PDF၊ ချင်းတွင်းကာကွယ်ရေး(CDF) မျိုးဆက်သစ် လူငယ်၊ S R Aနဲ့ တိုက်နယ် ပကဖတို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲတွင် တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီတပ် ထိခိုက်မှုများပြား၊ PDF ကာကင်းစခန်းတစ်ခု လက်လွှတ်ခဲ့ရကာ PDF ရဲဘော် ၁ ဦး ကျဆုံး

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ရေးအတွက် အင် အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလျက်ရှိတယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် (၁) ထံက သိရပါတယ်။
Read More

အလွမ်းကဖီးရဲ့ ဒေါင့်လေးမှာ ဂျေညီညီ မရှိတော့ပါ

၁၉၈၀ ခုနှစ် ရေဒီယိုခေတ်တွေမှာ တချိန်ကနာမည်ကြီးခဲ့တဲ့ တေးသံရှင် ဂျေညီညီဟာ ဒီနေ့ မတ်လ ၃၁ ရက် မနက်အစောပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။
Read More

မဲဆောက်မြို့တွင် “ဧရာဝတီမ” ဆိုသူ အွန်လိုင်းဆယ်လီတစ်ဦး လုယက်သတ်ဖြတ်ခံရ

လူမှုကွန်ရက်စာမျက်တွေမှာ ဟာသဗီဒီယိုတွေနဲ့ လူသိများတဲ့ LGBT အွန်လိုင်းဆယ်လီတစ်ဦးဖြစ်သူ “ဧရာဝတီမ” (ခ) ကိုတင်ဇော်ထွေးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ လုယက်သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ငလျင်အတွက် NUG Public affairs hotline ကနေ ဝန်ဆောင်မှုပေးနေဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ က NUG public affairs hotline နဲ့ ငလျင်ဘေးသင့် ပြည်သူများအတွက် ဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေတယ်လို့ မနေ့က ဧပြီ ၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြောက်ဦးဆေးရုံ ဗုံးကြဲမှုကို AA စစ်စခန်းဖြစ်သည့်အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်က ထုံးစံအတိုင်း လိမ်လည်ဝါဒဖြန့်

ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုဟာ အာရက္ခတပ်တော်(AA) က စစ်စခန်းအဖြစ် အသုံးပြုနေတာကြောင့်ဖြစ်ကြောင်းနဲ့ ထိခိုက်သေဆုံးသူတွေဟာ AA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေသာဖြစ်ကြောင်း စစ်အုပ်စုက ထုံးစံအတိုင်း လိမ်လည်သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်မှာရှိတဲ့ မြောက်ဦးပြည်သူ့ဆေးရုံကြီးပေါ်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၁စီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုသနေတဲ့ လူနာများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၃၃ယောက်သေဆုံးကာ ၇၆ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
Read More

လူငယ်ထုကို ချနင်းကာ အာဏာတည်ဆောက်နေသည့် စစ်အုပ်စုကို တော်လှန်ဖို့အတွက် NUG နှင့် NUCC ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲရန် GSCB အကြံပြု

တရုတ်နိုင်ငံအပါအဝင် အိန္ဒိယ၊ ရုရှား၊ ဘီလာရုစ်နိုင်ငံတို့ကို ကျောထောက်နောက်ခံပြုပြီး လူငယ် ၇၀၀၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က အကြံပြုတိုက်တွန်းထားပါတယ်။