မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စမ်းကုန်းရွာက သားအဖ နှစ်ဦးကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ဖမ်းဆီးနှိပ်စက်ပြီး မီးရှို့ သတ်ဖြတ်သွားတယ်လို့ နတ်မောက်မြို့နယ် ပကဖတာဝန်ခံဆီက သိရပါတယ်။

ဇန်နဝါရီလ ၂၅ ရက် မနက်၁၁ နာရီလောက်မှာ ရွာမွန်ကျေးရွာအထိုင်ချ အကြမ်းဖက်စစ်ကြောင်းဟာ အင်အား ၄၀ ဝန်းကျင်နဲ့ စမ်းကုန်းကျေးရွာထဲကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်း ကျေးရွာထဲဝင်ရောက်လာတာကို ဒေသခံတွေက မင်္ဂလာပွဲရှိတာကြောင့် သတိမထားမိကြချိန် သားအဖ နှစ်ယောက်ဖြစ်တဲ့  ဦးစံမောင် (၅၃) နှစ်နဲ့ မောင်နိုင်လင်းမောင် (၂၁) နှစ်တို့ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

“ထိတွေ့မှုလုံးဝမရှိဘူး။ စစ်ကြောင်းထိုးဝင်လာပြီးအခုလိုလုပ်သွားတာ။ ရွာထဲမှာမင်္ဂလာဆောင်ရှိတော့ လူအဝင်ထွက်များတယ်။ စစ်ကြောင်း ဝင်လာတာ မသိလိုက်တော့ အဖမ်းခံလိုက်ရတာပါ” လို့ နတ်မောက်မြို့နယ်ပကဖတာဝန်ခံ အဆိပ်သီးက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အဲဒီသားဖနှစ်ယောက်ကို ရွာတောင်ဘက်ကို လမ်းပြအဖြစ်ခေါ်သွားပြီး ရွာအနောက်ဘက်အရောက်မှာ မီးရှို့သတ်ဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

“ဖမ်းပြီးတဲ့အခါကျတော့ သူတို့ကလမ်းပြဆက်ခေါ်သွားတယ်။ ရွာအနောက်ဘက်မှာ ထန်းတဲရှိတယ်။  ထန်းတောထဲမှာ သတ်ပြီးတော့ သူ့တဲပေါ်တင် မီးရှို့ပြီးတော့အလောင်း ဖျောက်တာပါ” လို့ တာဝန်ခံ အဆိပ်သီးက ဆက်ပြောပါတယ်။

လက်ရှိအချိန်ထိလည်း အဲ့ဒီစစ်ကြောင်းဟာ စမ်းကုန်းကျေးရွာနား တစ်ဝိုက်မှာကင်းပုန်းဝပ်နေသလို တစ်ချို့ကလည်းရွာထဲမှာ ဆက်လက်ရှိနေဆဲဖြစ်တဲ့အတွက် ဒေသခံတွေ ကျေးရွာထဲ ပြန်မဝင်နိုင်သေးဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အေအေရဲ့ ‘သူပုန်ဖြူ Team’ အဖွဲ့က  CNO/CNDF ဒဏ်ရာရ ရဲဘော်များအတွက် ငွေကျပ် ၄၂ သိန်းနှင့် ပစ္စည်း တချို့ ထောက်ပံ့လှူဒါန်း

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒဏ်ရာရ ရဲဘော်တွေအတွက် အာရက္ခတပ်တော်က ငွေကျပ် ၄၂ သိန်း အပါအဝင် ကဗျာစာအုပ်နဲ့ လွယ်အိတ်တွေကို ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ( CNO/CNDF) က ထုတ်ပြန်ပါတယ်။ 
Read More

ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က အရာရှိအဆင့် ဗိုလ်မှူး (၁) ဦးအပါအဝင် စစ်သားနဲ့ရဲ (၁၃၆) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ…

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေနဲ့ ပကဖတွေကို ဆက်သွယ်ပြီး ဇန်နဝါရီလအတွင်း စစ်သားနဲ့ ရဲ (၁၃၆) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်အုပ်စု လေကြောင်းတိုက်ခိုက်ကာ စစ်ကြောင်းထိုးနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ၁လနီးပါးကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

သီပေါမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် - TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့နယ် တအာင်းစာအဖွဲ့ – TLA ၏ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာမှာ တအာင်းစာအဖွဲ့-TLA က အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KPLA တပ်ရင်း(၉၄၂၀) ကျဆုံးရဲဘော်များကို ရည်စူးပြီး သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) KPLA-တပ်ရင်း ၉၄၂၀ အနေနဲ့ ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို ရည်စူးပြီး သံဃာတော်တွေကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းနဲ့ ဝတ္ထုကပ်လှူတာတွေကို ဘာသာရေးထုံးတမ်းစဥ်လာတွေနဲ့အညီ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။