မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်က အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက် တိုက်ခိုက်ခဲ့ရာ ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ ဗမာ့တပ်တော် − Bamar Army က ဇန်နဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်တပ်စွဲထားတဲ့ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ် ကျေးရွာ အထိုင်ချစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ကားငါးစီးပါထောက်ပို့ ယာဥ်တန်းကိုလည်း ဖြတ်တောက် နိုင်ခဲ့သလို ခဲယမ်းပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် နေပြည်တော်၊ မိတ္ထီလာ၊ မကွေးလေတပ် စခန်းတွေကတက်လာတဲ့ ဂျက်ဖိုက်တာတွေ၊ Y -12 လေယာဉ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ BA)
(ဓာတ်ပုံ BA)

အကြမ်းဖက်စစ်တပ်ဟာ အထိနာသွားတဲ့ အတွက် လေကြောင်းပစ်ကူမှုများစွာ ပြုလုပ်ခဲ့သလို စလင်းမြို့အခြေစိုက် ခလရ (၄၁၆) ကလည်း တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ဟောင်ဝှစ်ဇာတွေနဲ့ နေ့တိုင်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ အထိုင်စခန်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က အများအပြားသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိသလို ဗမာ့တပ်တော် (Burmar Army )နဲ့ မဟာမိတ် တပ်ဖွဲ့ဘက်ကလည်း ရဲဘော်တစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဗမာ့တပ်တော်တပ်ဖွဲ့ဝင်တွေဟာ  ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ အတူတိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ BA)

အဲဒီတိုက်ပွဲအတွင်း ဇန်နဝါရီ ၁၆ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေမှာ ဗမာ့တပ်တော်ဘက်က ရဲဘော်နှစ်ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဗမာ့တပ်တော် (BA) ဟာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ရှမ်းပြည်နယ် ပင်လုံမြို့က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်၊ ပင်လုံအနှစ်သာရကို လေးစားတန်ဖိုးထားတဲ့ တပ်တော်တစ်ခုဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ယောက် သေပြီး၊ (၃) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာရှိ စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်ဘက်မှ ၄ ဦးခန့် သေဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၄ ယောက်ခန့် သေဆုံးနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာလုပ်သား ၁၄၀၀ကျော်ကို ဂျပန် ခေါ်ယူမယ်

မြန်မာအလုပ်သမား ၁၄၀၀ ကျော်ကို ဂျပန်နိုင်ငံက ခေါ်ယူသွားဖို့ရှိတယ်လို့ တိုကျိုမြို့မှာရှိတဲ့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
Read More

ဖြူး-အုတ်ဖြတ်လမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦး သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်လမ်းပေါ်က တာကျိုးလမ်းဆုံမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) အာဠာဝကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ရောက်ရှိနေသည့် ပဲခူးတိုင်းအတွင်း တိုက်ပွဲပြင်းထန်နေ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဲဆွယ်ဖို့ ရောက်ရှိနေတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်မှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ 
Read More

ညောင်ဦးတွင် စစ်ကြောင်းဝင်မီးရှို့သည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့၊ နှစ်ဖက်ထိခိုက်မှုများပြီး စစ်ကောင်စီက ရွာများကိုဆက်လက်မီးရှို့နေ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲကို မီးဝင်ရှို့တဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။