ရခိုင်ပြည်နယ် ရှေ့တန်းစစ်ဆင်ရေးမှာ တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး ပြန်လာကြတဲ့ ရဲဘော်တွေကို    ရဲ‌ဘော် ရဲဘက်တွေနဲ့ မိသားစုဝင်တွေက ဝမ်းသာပျော်ရွှင်စွာ ကြိုဆိုခဲ့ကြတဲ့ ရုပ်သံဖိုင်ကို ဗမာ့တပ်တော် Bamar Army က ထုတ်ပြန်လိုက်ပါတယ်။

ဗမာ့တပ်တော်၊ အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အမှတ်(၁၀၁)တပ်ရင်းက ရဲဘော်အယောက် ၃၀ ဟာ ရခိုင်ပြည်နယ် ရှေ့တန်းစစ်ဆင်ရေးမှာ တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြပြီး ဇန်နဝါရီ ၂၄ ရက်က နောက်တန်းကို ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။

စစ်ဆင်ရေးအတွင်း ရဲဘော် ၄ ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူ ၃ ယောက် ရှိတယ်လို့ သိရပါတယ်။ 

Video – ဗမာ့တပ်တော်-Bamar Army

0 Shares:
You May Also Like
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကော်မရှင်ရေယာဉ် ၁၅ စီးကို ကြားဖြတ်တိုက်ခိုက်(ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကော်မရှင်ရေယာဉ် ၁၅ စီးကို လက်နက်ငယ်တွေနဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Groupမှ သတင်းထုတ်ပြန်ထားပါတယ်။ ယနေ့ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ စစ် ကော်မရှင်ရေယာဉ် ၁၅ စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မဲ့ပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်း FFD ထုတ်ပြန် (ရုပ်/သံ)

KNU တပ်မဟာ(၁)နယ်မြေက စစ်ကောင်စီရဲ့ မဲ့ပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy (FFD) တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

အမ်းမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ စလင်း ပကဖ ရဲဘော်‌တွေကို ပြည်သူများ ကြိုဆို (ရုပ်/သံ)

အမ်းမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ စလင်း ပကဖ ရဲဘော်‌တွေကို ပြည်သူများက အောင်သပြေပန်းနဲ့ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
Read More

သပိတ်ကျင်းမြို့နယ် တတက ၁၃ ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်မှု၊ အထက်တန်းနည်းပြအရာရှိ ၃ ဦးနှင့် အခြားအဆင့် စစ်သား ၁၈ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ အမှတ် ၁၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အထက်တန်းနည်းပြအရာရှိ ၃ ယောက်နှင့် တခြားအဆင့် တိုက်ခိုက်ရေးစစ်သား ၁၈ ယောက်သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar က သတင်းထုတ်ပြန် ထားပါတယ်။
Read More

ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်သား ၁၀ ဦး ဖမ်းဆီးမိ (ရုပ်/သံ)

ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲက ပေ ၈၀၀၀ ကျော်မြင့်တဲ့ ကနေဒီတောင်ပေါ် အကြမ်းဖက်စစ် တပ်စခန်းကို တော်လှန်ရေးတပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၀ ယောက်ဖမ်းဆီးမိခဲ့တယ်လို့ ချင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဖေဖော်ဝါရီ ၃ ရက်က အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို ငါးယှဉ်ရွာအရှေ့ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ထံက သိရပါတယ်။