မကွေးတိုင်း၊ ဂန့်ဂေါမြို့တောင်ဘက် အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထိန်းချုပ်ထားတဲ့ ရှောက်ပင်ရွာထဲကို လမ်းမှားပြီး ဝင်ရောက်သွားသူ ဒေသခံအမျိုးသားတစ်ယောက် သတ်ဖြတ်ခံလိုက်ရတယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့က အသက် (၂၀) ဝန်းကျင်အရွယ်အမျိုးသားတစ်ယောက်ဟာ ခေါက်‌ခူကျေးရွာကနေ ရှောက်ပင်ကျေးရွာတောင်ဘက် အုတ်ဖိုလမ်းကို ဆိုင်ကယ်တစ်စီးနဲ့ လမ်းမှားပြီး ဝင်ရောက်သွားခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလို ဆိုင်ကယ်နဲ့ ဝင်ရောက်လာတာကို စစ်ကော်မရှင်တပ်သားတွေက တွေ့ရှိသွားပြီး စစ်ဆေးမှုတွေပြုလုပ်ချိန်မှာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေက သေဆုံးသူရဲ့  အလောင်းကို ဖျောက်ဖျက်ခဲ့ပြီး စီးလာတဲ့ ဆိုင်ကယ် 125 ကိုရှောက်ပင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ သိမ်းထားခဲ့တယ်လို့ သိရပါတယ်။

 “ရုပ်အလောင်းပြန်မရပါဘူး၊ အစနဖျောက်ခံရတာပါ။ ဆိုင်ကယ်ကို ရှောက်ပင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ထားထားတယ်၊ စစ်သားတွေသတ်ပစ်တာကို ရွာခံပြည်သူဆီက တိကျတဲ့ သတင်းပို့လာတာပါ” လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က မောင်းကို ပြောပါတယ်။

မတရားဖမ်းဆီး သတ်ဖြတ်ခံရတဲ့ အမျိုးသားဟာ ဂန့်ဂေါမြောက်ပိုင်း ကျော်ရွာဇာတိဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ ရှောက်ပင်ရွာထဲမှာ အထိုင်ချထားတာ တစ်နှစ်ဝန်းကျင်ရှိပြီလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုးမြို့နဲ့ အနီးတစ်ဝိုက်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို စစ်ကောင်စီတပ် ဗုံးကြဲဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်အုပ်ချုပ်နေတဲ့ လားရှိုးမြို့နဲ့ အနီးဝန်းကျင်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

တာဆွဲကြမ်းလာတဲ့ ရန်ကုန်မှာ နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို တစ်ရက်တာ ပယ်ဖျက်ပေး

စစ်တပ်က ပေါ်တာဆွဲကြမ်းနေတဲ့ ရန်ကုန်မှာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။
Read More

PDF ရဲဘော်ကို ဖမ်းသွားတဲ့ စစ်ကြောင်းအား လိုက်လံတိုက်ခိုက်ရာ စစ်သားတစ်ယောက်ကို လက်နက်တွေနဲ့အတူ ပြန်ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက်ကို ဖမ်းဆီးသွားတဲ့ အကြမ်းဖက်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်သားတစ်ယောက်ကို လက်နက်တွေနဲ့အတူ ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာတွင် စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ဗုံး (၃၀) လုံးနှင့် အဆိပ်‌ငွေ့ဗုံး (၃) လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးအလုံး (၃၀) နဲ့ အဆိပ်ငွေ့ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တွေ ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်အုပ်စု အထိနာပြီး ပြန်ဆုတ်သွား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲရက်ဆက်ဖြစ်ပြီးစစ်ကောင်စီဘက်က အထိနာကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မုံရွာမှာ စစ်ကြောင်းထိုး လူဖမ်းတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ၂ရက်ဆက် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်​မှာ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။