ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထာင်က နိုင်ငံရေး အကျဉ်းသူတွေကို ထောင်အာဏာပိုင်တွေက အလုပ်တွေကို အတင်း အဓမ္မစေခိုင်းနေပြီး အလုပ်မလုပ်ရင် တိုက်ပိတ်တာတွေကို လုပ်ဆောင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ဆီက သိရပါတယ်။

ဒိုက်ဦး အကျဉ်းထောင်မှာ အကျဉ်းထောင်ဝန်းထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသူတွေကို အဆောင်နံရံတွေ သန့်ရှင်းရေးလုပ်ဖို့ အတင်းအဓမ္မ တိုက်ခိုင်းတာတွေ၊ အကြောင်းမဲ့ အော်ဟစ်ဆဲဆိုတာတွေအပြင်  လူသားတစ်ယောက်အနနဲ့ ရသင့်ရထိုက်တဲ့ အခြေခံနေထိုင်ခွင့် တွေကို ကန့်သတ် ပိတ်ပင်တာတွေ လုပ်ဆောင် နေတယ်လို့ WOPP ကနေ ဆိုထားပါတယ်။

“လတ်တလောမှာ တောက်လျှောက်ဖြစ်နေတဲ့ ပြဿနာက နိုင်ငံရေးအကျဉ်းသူတွေကို အလုပ်ခိုင်းစေတဲ့ ကိစ္စပါ။  မလုပ်ခဲ့လိုရှိရင် အဲ့လူကို ချက်ချင်းဆိုသလိုပဲ ဘာမှကို မပြောနေတော့ပဲ တိုက်ပိတ်တယ်။ အဲ့လို လုပ်ရပ်အပေါ် ဒီလို တိုက်ပိတ်ခံရတာက ဘယ်လောက်ကြာ မလဲဆိုပြီး ဘယ်နှရက်လဲ။ ဘယ်တော့လွတ်ပေးမလဲ ဆိုပြီး သွားမေးတဲ့ အကျဉ်းသူကိုပါ သိချင်ရင် ကိုယ်တိုင် သွားမေးဆိုပြီး  တိုက် ထပ်ပိတ်တယ် ” လို့ WOPP ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ မဆုမြတ်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂ ပတ်ကလည်း ဒိုက်ဦး အကျည်းထောင်ကို ညွှန်မှူးတစ်ဦး လာရောက် စစ်ဆေးပြီးနောက်ပိုင်း ကျွေးမွေးတဲ့ အစားအစာတွေမှာ စားသောက်လို့ မရနိုင်သည်အထိ ဆိုးရွားလာခဲ့တာကြောင့်  စားသောက်တဲ့ အကျဉ်းသားတွေမှာ အစာအိမ်နာတာတွေ၊ ဗိုက်အောင့်တာတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အစာအိမ်ရောဂါ အခံရှိသူတွေဟာ ရောဂါပိုမိုဆိုးရွားလာတဲ့ အခြေအနေတွေကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ကျန်းမာရေး ထိခိုက်မှုတွေအတွက် ဆေးကုသမှု ခံယူရာမှာလည်း ပါရာစီတမောကိုသာ ပေးလေ့ရှိပြီး မိသားစုတွေက ထောင်ဝင်စာက တစ်ဆင့် ပေးပို့တဲ့ ဆေးဝါးတွေကိုကြားဖြတ်ယူထားတာတွေ၊ သွင်းခွင့်မပေးတာတွေအပြင် အရည်အသွေးညံ့ ပစ္စည်းတွေနဲ့ လဲလှယ်ထားတာတွေကို အကျဉ်းထောင်ဝန်ထမ်းတွေက ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတယ်လို့ WOPP ကပြောပါတယ်။

အခုလို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ချုပ်ချယ်နေမှုတွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်နေတာဖြစ်ပြီး အကျဉ်းသားတွေအတွက် အသက်အန္တရာယ်နဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတဲ့  အခြေအနေကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။

ဒါကြောင့်  လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ မိတ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ ဒိုက်ဦးအကျဉ်းထောင် အတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အထူးဂရုပြု စောင့်ကြည့်ပေးကြဖို့ကို WOPP ကနေ အသိပေး နှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖလမ်းမြို့တိုက်ပွဲအတွင်း CDF- Matupi မှ စစ်ဦးစီးဌာနမှူးကျဆုံး

"တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ လက်နက်ငယ်ထိပြီး ကျသွားတာပါ၊ dead body ကို ချက်ချင်းကျနော်တို့မကောက်နိုင်ပေမဲ့ ၄၊ ၅ မိနစ်လောက်တော့ ပစ်ခတ်အပြီး၊ ရန်သူဘက်မှပြန်ဆုတ်အသွားမှာ ကျနော်တို့ပြန်ကောက်နိုင်တာ" လို့ Chinland Defense Force - Matupi မှ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

ဖားကန့် နွံကန်ပြိုကျမှုကြောင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် အပါအဝင် သေဆုံးသူ ၃၂ ယောက်အထိ ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် (ဆိပ်မူအုပ်စု) စပေါ့ရွာမှာ နွံကန်ပြိုကျမှုကြောင့် သေဆုံးသူ ၃၂ ယောက်အထိ ရှိခဲ့ပြီး ကလေးငယ်တွေကနေ ကိုယ်ဝန်ဆောင်မိခင်အထိပါဝင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၃)တပ်ရင်းက ဒုတပ်ကြပ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ခဲယမ်းအချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဇန်နဝါရီ တစ်လတာအတွင်း ကရင်နီဒေသမှာ စစ်ရေးပြင်းထန်ခဲ့၊ စစ်ကောင်စီတပ်ဘက်က ၃၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများပါ ရရှိ 

၂၀၂၅ ခုနှစ် ဇန်နဝါရီတစ်လတာအတွင်း ကရင်နီဒေသမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ပါတယ်။ 
Read More

ရွှေကျင်မြို့နယ်တွင် မင်္ဂလာဆောင်နေအိမ်ပေါ် စစ်ကောင်စီ ဗုံးကြဲ၊ သတို့သမီး အပါအဝင် ၁၀ ဦး သေဆုံးကြောင်း ကနဦး သိရ

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရွှေကျင်မြို့နယ်၊ ကျွန်းကြီးရွာရှိ မင်္ဂလာဆောင်နေအိမ်ပေါ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သတို့သမီးနှင့် ကလေးငယ် အပါအဝင် ၁၀ယောက် သေဆုံးကာ အယောက် ၂၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ ကနဦး သိရပါတယ်။