ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း (၃) မှာမဲထည့်မယ့်သူမရှိ တာကြောင့် ကြိုတင်မဲတွေ လိုက်လံကောက်ယူခဲ့သလို  ပြည်သူတွေကို ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းတာမျိုးတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပမယ့် ရက်မတိုင်ခင်က ဝိုင်းပတ်ကျေးရွာက ကြံခိုင်ရေးပါ တီဝင်ခြောက် ယောက်ဟာ မဲရုံလုံခြုံရေးယူထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်အရာရှိတွေ နဲ့ ပေါင်းပြီး ရွာထဲက ပြည်သူတွေကို ကြိုတင်မဲ ကောက်ခံပြီး မဲမထည့်တဲ့သူတွေ ကိုလည်း အရေးယူမယ့် ပုံစံမျိုးနဲ့ ပြောဆိုတာတွေ လုပ်ခဲ့တယ်လို့သိရ ပါတယ်။

“မဲပေးမယ့်နေ့ မတိုင်ခင် ဆယ်အိမ်မှုးအိမ်ကို ရဲရယ်၊ စစ်သားရယ်၊ ရာအိမ်မှူးရယ် ရောက်လာပြီးတော့ တစ်အိမ်ထောင်စုင တစ်ယောက်လာပေး။  ဒီ ၁၈ နှစ်ထက်လည်း တစ်ယောက်တည်း ထည့်ပေး လို့ရတယ်။ မဲမထည့်မနေရပုံစံနဲ့ လိုက်လံပြီးတော့ ကြိုတင်မဲ လိုလိုဘာလိုလိုနဲ့ ဖိအားပေးပြီးတော့ မဲယူသွားတယ်။ လိုက်လာတဲ့ ခုနှစ်ယောက်ကလည်း ကြံဖွတ်အဖွဲ့တွေပဲ ကြံခိုင်ရေးကို မဲပေးဖို့အတွက် သူတို့ကလိုက်ပြီးတော့ နည်းနည်းလေးဆော်အော်တာတို့ လိုက်ကြည့်တာတို့ မဲမထည့်တဲ့သူတွေကိုပဲအ ရေးယူတော့မယ့် ပုံစံမျိုးလိုက်လုပ်နေတာ”လို့ ဝေါနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

တနင်္သာရီတိုင်းထဲရှိ မဲရုံများကို အကြမ်းဖက်စစ်တပ်က ပြင်ဆင်ကျင်းပနေပုံ (ဓာတ်ပုံ − ဒူးရင်းမြေ)

အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ စစ်ရေးအခြေနေ တင်းမာနေ တဲ့ကျေးရွာတွေ ကိုတော့ ကြိုတင်မဲ လိုက်လံကောက်ခံတာမျိုးလုပ်ဆောင်ခဲ့တယ် လို့သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက် ဒီနေ့မှာလည်း အကြမ်းဖက်စစ်ကော်မရှင် တပ်သားတွေဟာ မဲရုံရှိတဲ့ စာသင်ကျောင်း တွေမှာ လုံခြုံရေးအများအပြား ချထားတယ်လို့ သိရပါတယ်။

“တစ်ချို့ရွာတွေမှာတော့ ၂၅ ရက်နေ့ စာသင်ကျောင်းမှာလုပ်တယ်။ သူတို့လုံခြုံရေးတင်းတင်း ကြပ်ကြပ်နဲ့နေရာယူပြီးတော့ မဲထည့်တဲ့ ဟာတော့လုပ်သွားတယ်။ ဒီဝေါမြို့ပေါ်မှာလည်း လုံခြုံရေးအင်အား အများအပြားချပြီးတော့ သူတို့မဲထည့်ခိုင်းတယ်။ အဓိကကတော့ သူတို့လုပ်တဲ့ရွာတွေကတော့ တော်လှန် ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်နိုင်ခြေရှိတဲ့ရွာတွေပေါ့။ ဒါတွေကို သူတို့က  ရွေးကောက် ပွဲမပျက်အောင် ကြိုပြီးတော့ မဲကိုအတင်း အဓမ္မထည့်ခိုင်းသွားတာ ”လို့ ဝေါနယ်ခံက ဆက်ပြောပါတယ်။

အလားတူ သဲကုန်းမြို့နယ်မှာ ကျင်းပတဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၃) မှာ မဲထည့်မယ့်သူ နည်းပါးတဲ့အတွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက တစ်အိမ်ဝင် တစ်အိမ်ထွက် မဲစားရင်းနံပတ်၊ မှတ်ပုံတင်နံပတ်တွေလိုက်ပေးပြီး မဲလာထည့်ဖို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် မဲလာမထည့်ခဲ့ရင် အရေးယူမယ်လို့ ပြည်သူတွေကို ဖိအားပေး ပြောဆိုခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

တနင်္သာရီတိုင်းထဲရှိ မဲရုံများကို အကြမ်းဖက်စစ်တပ်က ပြင်ဆင်ကျင်းပနေပုံ (ဓာတ်ပုံ − ဒူးရင်းမြေ)

“မနက်ပိုင်းက မဲပေးတဲ့သူအနည်း အကျဉ်းလောက်ပဲရှိတယ်။ ရွာတွေမှာ မြို့တွေမှာ မှတ်ပုံတင်နံပတ်က အိမ်မှာရှိတဲ့ လူတွေရဲ့ မဲစာရင်းမှာပါတဲ့ မှတ်ပုံတင်နဲ့ လိုက်ပေးတာ။ ပြည်သူတွေ ကတော့ ညနေပိုင်း သွားပေးတဲ့သူရှိသလို မပေးတဲ့ သူတွေလည်း ရှိတယ်” လို့ သဲကုန်း နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဒီကနေ့ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲအပိုင်း (၃)မှာ ပြည်ခရိုင်ထဲက သဲကုန်းမြို့နယ်ပါဝင်ပြီး ရွေးကောက်ပွဲမပြုလုပ်နိုင်တဲ့ ကျေးရွာအုပ်စု (၁၀)ရွာရှိကာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်တဲ့ နေရာ တွေမှာလည်း လုံခြု့ရေးတင်းကြပ် ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်ဘက် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်မှ တပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့် ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုထဲက စစ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ချောက်မှာ ရွာမီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကို ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီက လင်းတကိုင်းတိုက်နယ်ကို ဝင်ရောက်စီးနင်းပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေဆီက ကာလတန်ဖိုး ငွေကျပ် သိန်း ၇၀၀ နီးပါးရှိတဲ့ ငွေကြေးနဲ့ပစ္စည်းတွေ လုယက်သွားတယ်လို့ သိရပါတယ်။
Read More

ပေါင်းတည်မှာ ရိက္ခာပို့ရန် ရှေ့ပြေးထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာ (၂) ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ ရိက္ခာပို့ဖို့ ရှေ့ပြေး ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က (၂) ယောက် သေဆုံးပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က ရဲဘော်တွေကို ဒေသခံပြည်သူလူထုက ကြိုဆိုဂုဏ်ပြုခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ (ဝက်လက်) က ရဲဘော်တွေကို အောက်တိုဘာလ ၂၈ ရက်မှာ ဒေသခံပြည်သူလူထုက ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဗျူဟာအမှတ် (၈၁) – ယောဗျူဟာကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအကြိမ် လက်နက်တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဂန့်ဂေါခရိုင်အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈) တပ်ရင်းတွေနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ ဗျူဟာအမှတ် (၈၁) - ယောဗျူဟာကို ဒုတိယအကြိမ်အဖြစ် လက်နက်တွေ တပ်ဆင်ပေးတဲ့ လက်နက်တပ်ဆင်ပွဲ အခမ်းအနားကို ယောနယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးလာသူတချို့ ကားပေါ်က ကုန်ချထွက်ပြေးလို့ အကြမ်းဖက်စစ်တပ် ပိုက်စိပ်တိုက် ရှာဖွေနေ

ကျုံပျော်မြို့မှာ အကြမ်းဖက်စစ်တပ် လူငယ်တချို့ကို ပေါ်တာဆွဲဖမ်းဆီးပြီး ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ ဓနုဖြူမြို့ဘက်ကို ပို့ဆောင်စဉ် ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားလို့ဆိုပြီး အကြမ်းဖက်စစ်တပ်က ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။