စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရပ်/ရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေကို အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သင်တန်းမှာ ပါဝင် လှုပ်ရှားသူက ပြောပါတယ်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ အပတ်စဉ် (၁) သင်တန်းကို စတင် လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အဲဒီအပတ်စဉ် (၁) မွန်းမံသင်တန်းမှာ သင်တန်းသားဦးရေ ၁၀၇ ယောက်နဲ့ စုစုပေါင်း ၁၅၀ တို့ကို မုံရွာခရိုင် စစ်ဌာန သင်တန်းဆရာတွေနဲ့အတူ ပကဖ သင်တန်းတာဝန်ခံ ဆရာတွေက ထိရောက်စွာ သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းအန္တရာယ်ကြောင့် သင်တန်းဆင်းပွဲကို နောက်ကျမှပြုလုပ်ခဲ့ရတယ် လို့လည်းသိရပါတယ်။

တော်လှန်ရေးကာလ ၅ နှစ်နီးပါးရှိလာတာနဲ့ အမျှ လိုအပ်တဲ့တာဝန်အရပ်ရပ်ကို ထိထိရောက်ရောက် တာဝန်ကြေပွန်စွာ ထမ်းဆောင်နိုင်ဖို့အတွက် အခုလို အပတ်စဉ် (၁) မွန်းမံသင်တန်းကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲအား တွေ့ရစဥ် (ဘုတလင် ပဖက)

0 Shares:
You May Also Like
Read More

စဉ့်ကူးမြို့ပေါ် မြသိန်းတန်ဘုရားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြသိန်းတန် ဘုရားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပဲခူးခရိုင် ပကဖ စစ်ကြောင်းအတွက် ကဝ မြို့နယ် ပကဖ မှ စစ်အသုံးအဆောင်များနှင့် စားနပ်ရိက္ခာများ မျှဝေထောက်ပံ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်ပကဖ ခရိုင်စစ်ကြောင်းက ရဲဘော်တွေအတွက် ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စစ်အသုံးအဆောင်နဲ့ ရိက္ခာတွေ မျှဝေပေးခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဉာဏ်တောနှင့် ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဉာဏ်တောနဲ့ ရွှေသွန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် - TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့က ရဲဘော်တွေ ပေါင်းစည်းထားတဲ့ အမှတ်(၈) စစ်ကြောင်းရဲ့ ပထမသက်တမ်း တိုက်ပွဲဝင် ပုံရိပ်များ

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ /ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) နဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တို့ရဲ့ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းကာ ၂၀၂၄ နှစ်စပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမှတ်(၈) စစ်ကြောင်း (ပထမသက်တမ်း) ပုံရိပ်တွေကို အဆိုပါစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

US ရှိ မြန်မာသံရုံးနှင့် တရုတ်သံအမတ် နေအိမ်ရှေ့တွင် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့် ဆန္ဒပြ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးနဲ့ တရုတ်သံအမတ်ကြီးနေအိမ်ရှေ့မှာ အ​မေရိကန်ရောက် မြန်မာပြည်သူတွေက မြန်မာပြည် တစ်ကျော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်တပ် ပြန်လည်ထိန်းချုပ်၊ စစ်တပ်က မီးလောင်ဗုံးများဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာရုံးတချို့ မီးလောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ကနေ တအာင်းတပ် (TNLA)တွေ ပြန်လည်ဆုတ်ခွာသွားပြီးနောက် အကြမ်းဖက်စစ်ကော်မရှင်တပ်က ကျောက်မဲမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။