မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရိက္ခာ ရှာထွက်တဲ့ စစ်အုပ်စုကင်းပုန်းနဲ့ အနီးကပ်ပစ်ခတ်မှုဖြစ်ပွားရာက လက်နက်တက်သိမ်းသည့် ပကဖတပ်ဖွဲ့ဝင် (၃) ယောက်ကျဆုံးပြီး (၁) ယောက်အရှင် ဖမ်းဆီခံခဲ့ရတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၂) ရက်နေ့က မြိုင်မြို့နယ်၊ ကန်နီ ပြည်သူ့စစ်ရွာက အကြမ်းဖက်စစ်အုပ်စုတွေ ရိက္ခာရှာ ထွက်လာချိန်ကို မြိုင်ပကဖတပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်ရင်း စစ်အုပ်စုကင်းပုန်းနဲ့ အနီးကပ်တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

ကန်နီရွာအခြေစိုက်စစ်တပ်နဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေဟာ ရွာမြောက်ဘက်မှာရှိတဲ့ ထန်းပင်တွေကို လိုက်လံလှဲယူ ခုတ်ထွင်ပြီး ထန်းအူတွေနဲ့ ရိက္ခာ​ပိုင်းဖြည့်တင်းနေတာကို  ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဒရုန်းနဲ့ ကြိုတင်သတင် းထောက်လှမ်းထားနိုင်ခဲ့တယ်လို့ မြိုင်ပကဖတာဝန်ရှိသူက ပြောပါတယ်။

ဒါကြောင့် မြိုင် ပကဖ တပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက် လိုက်နိုင်တာမျိုးတွေရှိခဲ့ပြီး ဇန်နဝါရီလ (၂၂) ရက်​နေ့ကလည်း သွားရောက်တိုက်ခိုက်ရာမှာ ​ ကြိုတင်စောင့်ဆိုင်းနေတဲ့ စစ်အုပ်စုကင်းပုန်းနဲ့ အနီးကပ်တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

ကျဆုံးရဲဘော်များ စျာပနကျင်းပပေးနေသည်ကို တွေ့ရစဥ်
ကျဆုံးရဲဘော်များ စျာပနကျင်းပပေးနေသည်ကို တွေ့ရစဥ်

တိုက်ပွဲအတွင်း ပျူစောထီး (၂) ယောက်သေဆုံးခဲ့သလို ပစ်အားသာတဲ့ စစ်အုပ်စုကြောင့် ပကဖ တပ်ဖွဲ့ဝ​င်​တွေလည်း ထိခိုက်ကျဆုံးခဲ့ရတာလို့ ဆိုပါတယ်။

“သွားပစ်တဲ့နေရာက ကန်နီပျူရွာနဲ့မီတာ (၃၀၀) လောက်ပဲ ကွာတော့တာပါ။ အလောကြီးသွားတယ်လို့ပြောရမယ်။ ကိုယ့်ဘက်က (၁၀) ယောက်လောက်နဲ့သွားပစ်တာမှာ ရှေ့ကင်းက ပျူ(၂) ကောင်ကိုတော့ပစ်လိုက်နိုင်တယ်။ အဲ့မှာလက်နက်ကောက်တော့ အညှပ်ခံလိုက်ရတယ်။ အညှပ်ခံရတဲ့သူတွေကို ပြန်ဆွဲရင်း ထိကုန်ကြတာပါ။ (၃)ယောက်ပဲ အလောင်းပြန်ရတယ်။ အရှင်ဖမ်းခံရတဲ့ရဲဘော်လည်း စိုးရိမ်ရပါတယ်” လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ(၁) ယောက်က မောင်းကိုပြောပါတယ်။

ကန်နီရွာဟာ မြိုင်မြို့နယ်အတွင်း လက်နက်နဲ့ လူအင်အားတောင့်တင်းမှုရှိတဲ့ ပျူစောထီးရွာဖြစ်ပြီး တော်လှန်ရေးတပ်တွေက နှစ်နဲ့ချီ ပိတ်ဆို့ တိုက်ခိုက်နေတာလို့ သိရပါတယ်။

“ကိုယ်ကအမြစ်ဖျက်မချေမှုန်းနိုင်ခင်မှာတော့ မစွန့်စားစေချင်ဘူးပေါ့။ အခုက ကိုယ့်ဘက်က အရမ်းစွန့်စားလွန်းတယ်။ ကျသွားတဲ့(၁) ယောက်ဆို နောက်ဆုံးအချိန်အထိ အဆက်သွယ်ရတယ်။ သူပဲ ခံပစ်သွားတာ။ ကိုယ့်ရဲဘော်တွေရဲ့ သတ္တိကိုတော့ချီးကျူးပါတယ်။ မတန်ဘူးပေါ့” လို့ တာဝန်ရှိသူက မောင်းကို ဆက်ပြောပါတယ်။

ကနီရွာဟာ ပျူခေါင်းဆောင်ရဲ့ ဖိနှိပ်မှုကြောင့် အရပ်သားတွေနဲ့ လက်အောက်ငယ်သားတွေ စားနပ်ရိက္ခာရှားပါး မှုဒဏ်နဲ့ ကြုံနေရတဲ့ ရွာလို့လည်း သိရပါတယ်။

ကျဆုံးရဲဘော်များ စျာပနကျင်းပပေးနေသည်ကို တွေ့ရစဥ်
0 Shares:
You May Also Like
Read More

လောင်းလုံးမှာ အကြမ်းဖက်စစ်တပ်က အရပ်သားလူငယ် ၂ ယောက်ကို PDF အဖြစ် စွပ်စွဲဖမ်းဆီးပြီး ရက်စက်စွာ လည်လှီးသတ်ခဲ့၊ စစ်တပ်စစ်ကြောင်းဝင်ရောက်မှုကြောင့် တခြားအရပ်သား ၃ ယောက်လည်း သေဆုံးခဲ့ရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက လူငယ် ၂ ယောက်ကို PDF အဖြစ် ဖမ်းဆီးစွပ်စွဲကာ ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။
Read More

ဘောလခဲ မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးနဲ့ ရဲတပ်ကြပ်တို့ လက်နက်ခဲယမ်းတွေနဲ့အတူ ဘောလခဲ PDF ထံ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက်နဲ့ ရဲတပ်ကြပ် ၁ ယောက်ဟာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဆီ ဒီဇင်ဘာလအတွင်း အလင်းဝင်ရောက် ခိုလှုံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ယောဒေသတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်းများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ယောတပ်တော် ပြော

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသအတွင်း ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး ပြဿနာ အပါအဝင် လောင်းကစားဝိုင်းနဲ့ ရာဇဝတ်မှုတွေ ဆက်တိုက်ဖြစ်လာတဲ့အပေါ် ထိန်းချုပ်နိုင်ဖို့ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ယောတပ်တော် (ခေါ်) Yaw Army (YA) က အသိပေးထုတ်ပြန်လာပါတယ်။
Read More

မြိုင်က ကျေးရွာတွေမှာ မဖြစ်မနေ ဗုံးခိုကျင်းတွေတူးထားဖို့ မြိုင်ပကဖ က ထုတ်ပြန်ညွှန်ကြား

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာတွေမှာ လေကြောင်းရန်ကာကွယ်ဖို့ ဗုံးခိုကျင်းများ ကြိုတင်ပြီး မဖြစ်မနေတူးထားဖို့  မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မတ်လ ၃ ရက်နေ့ မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးနှင့် မြင်းခြံ တိုက်ပွဲများအတွင်း စစ်အကြမ်းဖက်စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးကာ အများအပြားထိခိုက်ခဲ့ကြောင်း ဗိုလ်မိုက်ခဲပြော

မန္တလေးတိုင်း၊ မြင်းခြံခရိုင် မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲသုံးကြိမ် ဖြစ်ပွားပြီး စစ်အု​ပ်စုဘက်က ၁၀ ယောက် ထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

ပတ်စ်ပို့အမြန်လိုချင်လျှင် ငွေကျပ် ၅ သိန်းကျော်ပေးရမည်ဟု စစ်ကော်မရှင် ထုတ်ပြန်

အရေးကြီး၊ အရေးပေါ်ကိစ္စတွေနဲ့ ပြည်ပထွက်ခွာလို့သူတွေအတွက် နိုင်ငံကူးလက်မှတ်ကို ငွေကျပ် ၅၄၅၀၀၀ ပေးပါက စောင့်ဆိုင်းဖို့မလိုတဲ့ အမြန် ဝန်ဆောင်မှုပေးသွားမယ်လို့ စစ်ကော်မရှင်လက်အောက်ခံနိုင်ငံကူးလက် မှတ်ထုတ် ပေး‌ရေးရုံးက ဇန်နဝါရီလ ၁ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။