ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနှုန်း လျော့ကျခဲ့ပေမဲ့ အရပ်သားအစုလိုက်အပြုံလိုက် သေဆုံးမှုနှုန်း ပိုများလာတယ်လို့ သိရပါတယ်။
‎တိုက်ပွဲဖြစ်ပွားနှုန်းနဲ့ ပတ်သက်ပြီး၂၀၂၅ နှင့် ၂၀၂၄ ခုနှစ် ကာလတူလေ့လာရာမှာ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှု ၂၈ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ မြန်မာ့မူဝါဒနှင့် မူဝါဒလေ့လာရေး ( ISP Myanmar) ရဲ့ အခုနှစ် ဇန်နဝါရီထုတ် မြန်မာ့အခြေပြုစစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ တိုက်ပွဲဖြစ်ပွားမှုများတဲ့ ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်လိုက်ရင် ၅၅ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့လည်း ဆိုထားတာပါ။
‎ဒီလိုတိုက်ပွဲဖြစ်ပွားနှုန်း လျော့ကျသွားပေမဲ့ ၂၀၂၅ ခုနှစ်အတွင်း လွန်ကြူးကြမ်းကြုတ်မှု တိုင်းတာရာမှာတော့ အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ရပ် ၃၂ ထက်မနည်း ရှိခဲ့ပြီး၊ အရပ်သား ၅၉၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ISP Myanmar ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
‎အကြမ်းဖက်စစ်အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်ကာလအတွင်းမှာ အရပ်သား ၁၀ ဦးထက် မနည်းသေဆုံးမှု ၉၇ ခုထက်မနည်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီအနက် ၃၂ ခုမှာ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားခဲ့တာ အများဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။
တိုက်ပွဲလျောကျသွားခဲ့မှုနဲ့ ပတ်သက်ပြီး ဒါဟာ စစ်ရေးချိန်ခွင်လျှာ ပြောင်းလဲသွားတာကြောင့် လျော့ကျသွားခြင်း မဟုတ်ဘဲ၊ အဓိကအားဖြင့် ရခိုင်မှာ အာရက္ခတပ်‌တော် (AA) အားကောင်းလာမှုနဲ့အတူ ရခိုင်ဒေသတွင်း နေရာတော်တော်များများကို စစ်တပ်ဖက်က ပြန်လည်ထိုးစစ်မဆင်နိုင်တော့တာ နဲ့ ရှမ်းမြောက်ဒေသမှာ တရုတ်ရဲ့ဖိအားကြောင့် လတ်တလော စစ်ပွဲတွေ ရပ်စဲသွားရတာ တွေက အဓိကကျတယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက်ထားတဲ့ မြို့ ၁၅ မြို့ကို အကြမ်းဖက်စစ်တပ်က ပြန်ယူနိုင်ခဲ့ပေမဲ့ ကျန် ၈၇ မြို့ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဦးဆောင်တဲ့ တော်လှန်ရေးတပ်များက ထိန်းချုပ်ထားဆဲဖြစ်သလို နိုင်ငံ့ဧရိယာ ၂၅၆,၀၀၀ စတုရန်းကီလိုမီတာထက်မနည်းကိုလည်း အပြည့်အဝထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
‎ရလာတဲ့ စစ်ရေးအောင်မြင်မှုကို နိုင်ငံရေးအရ အဆုံးမသတ်နိုင်ရင်လည်း မြန်မာ့အ‌ရေးဟာ ပြေလည်လာဖို့ အကြောင်းမရှိသေးသလို၊ တိုက်ပွဲ‌တွေ ‌ကြွေတစ်လက် ကြက်တစ်ခုန်နဲ့ အပြန်အလှန်အနေအထားမှာ ဘယ်ဘက်ကမှ ယတိပြတ် မရှုံးနိုင်တဲ့အခြေအနေ ဖြစ်နေဆဲဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
‎အကြမ်းဖက်စစ်တပ်ဟာ စစ်ပန်းနေတဲ့စစ်သားတွေနဲ့ လူထုထောက်ခံမှု မရှိတဲ့စစ်ကို ဆင်နွှဲနေတာဖြစ်တာမို့ စစ်ဆင်ရေး ၁၀၂၇ အလွန် စစ်မီးပဋိပက္ခလျော့နိုင်ခဲ့ပေမဲ့ အကွက်လိုက်တိုက်ပွဲတွေ ဆက်လက်ရှိနေမှာဖြစ်ပြီး၊ ထိန်းချုပ်ပြီးနယ်မြေတွေကိုလည်း ထိရောက်စွာအုပ်ချုပ်ဖို့က ဆက်လက်ခက်ခဲနေဦးမှာဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
ဓတ်ပုံ- ဆိုရှယ်မီဒီယာ၊ ISP
0 Shares:
You May Also Like
Read More

သေနတ်ယူဆောင် အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား ၂ ဦးအား ဆုကြေးငွေပေးပြီး လုံခြုံရာသို့ ပို့ဆောင်ပေးခဲ့ဟု လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ ထုတ်ပြန်

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် ခလရ ၂၆၇ ကနေ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သား၂ယောက်ကို ဆုကြေးငွေပေးအပ်ပြီး လုံခြုံစိတ်ချရတဲ့နေရာဆီ ပို့ဆောင်ပေးခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ပြောပါတယ်။
Read More

နတ်တလင်းတွင် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးသည့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ရာအိမ်မှူး ၁ ယောက်ကို နေအိမ်အထိ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်-၁ တပ်ရင်း (၃၈၀၁) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကလေးမြို့နယ်အ‌ရှေ့ပိုင်းမှာ People’s Healthcare Network (Kalay) က ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးနေ (​ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အ‌ရှေ့ပိုင်းမှာ People's Healthcare Network (Kalay) ရဲ့ Medical Centre (6)၊ PHN (Kalay) ကို မေလ(၁)ရက်က စတင်ဖွင့်လှစ်ထားရှိကာ ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် အရေးပေါ်ဆေးဝါးကုသမှုတွေနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
Read More

တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့

ပြင်းထန်တဲ့ ငလျင်ကြောင့် မန္တလေးက တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့ စတင်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့မှာ စတင်ခဲ့တယ်လို့ အမျိုးသား လွတ်မြောက်ရေးတပ်တော်က ထုတ်ပြန်ပါတယ်။
Read More

နမ့်ခမ်းနဲ့ လောက်ကိုင်ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

MNDAA နဲ့ TNLA တို့ထိန်းချုပ်ထားတဲ့ နမ့်ခမ်းနဲ့ လောက်ကိုင်မြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။