မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်း အကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ MBT ရဲဘော် ၂ ဦးကျဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black tiger မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက မြင်းခြံမြို့နဲ့ နွားထိုးကြီးမြို့ကြား အကြမ်းဖက်စစ်တပ်နဲ့ Myingyan Black Tiger တပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဟာ အကြမ်းဖက်စစ်တပ်ဟာ အထိနာအရေးနိမ့်ခဲ့ပြီး လေကြောင်းပစ်ကူ ၂ကြိမ်ပေးခဲ့ကာ စစ်သား ၇ ဦးသေဆုံးပြီး ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)နှင့်အတူ ဗိုလ်စားပြောက်ကြားတပ်ဖွဲ့မှ Burmese Guerilla Force (BGF)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် တစ်ရက်တည်းမှာပဲ မြင်းခြံမြို့အနောက်ဘက်ရှိ ပတ္တာကျေးရွာနဲ့ လေးအိမ်တန်းကျေးရွာ အကြား အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ် ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၁၅ ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရ ပါတယ်။
တိုက်ပွဲမှာ MBT တပ်ဖွဲ့ရဲဘော် ၂ ဦးကျဆုံးခဲ့ရပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)နှင့် အတူ MGN အညာသားပြောက်ကြားတပ်မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video-Myingyan Black Tiger