အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးနယ်မြေ အမှတ် (၂)၊ တပ်မဟာ (၃) KNLA တပ်ရင်း (၉) နယ်မြေအတွင်းရှိ ပဲခူးတိုင်း၊ နတ်သံကွင်းမြို့နယ်မှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်ဂိတ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များက သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သာယာဝတီမြို့နယ်ဂဠုန်တပ်ဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့မှာ ပဲနွယ်ကုန်း နဲ့ ကျောက်ကြီးလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ကာကင်းစခန်းကို ROBIHHOOD Missile Team က ထုတ်လုပ်ထောက်ပံ့ထားတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရတာပါ။

အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကော်မရှင်တပ်ဘက်မှ ထိခိုက်သူတွေရှိပေမဲ့၊ အရေအတွက် အတိအကျကိုတော့ မသိရှိရသေးလို၊ သွားရောက်ပစ်ခတ်ချိန်မှာလည်း စစ်ကော်မရှင်တပ်ဘက်မှ ကောင်တာပြန်လည်ပစ်ခတ်တာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“အထိခိုက်သေဆုံးကတော့ အတိအကျတော့ မသိသေးဘူး၊ ထိခိုက်မှုရှိနိုင်တယ်လို့ ယူဆထားတယ်၊ စခ ဘက်က ကောင်တာပြန်ပစ်တာတော့ မရှိဘူး၊ ဘယ်ကနေပစ်လို့ပစ်မှန်းတောင် သိမှာမဟုတ်ဘူး၊ ဒီဘက်မှာ ဒီလက်နက်က အစိမ်းဖြစ်နေတာပေါ့၊ သူတို့ အဲဒီအထိုင်စခန်းကို ကျနော်သိသလောက် သွားပစ်တာက ၄၊ ၅ ကြိမ် မကတော့ဘူး” လို့ သာယာဝတီမြို့နယ် ဂဠုန်တပ်ဖွဲ့ရဲ့စစ်ရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ အဆိုပါလမ်းပိုင်းမှာ အင်အား ၁၀၀ ကျော်နဲ့ အထိုင်ချတပ်စွဲထားတာ ၁ လကျော်ခန့်ရှိပြီလို့သိရပါတယ်။ လက်ရှိမှာ သူတို့ လမ်းသစ်တစ်ခုကိုဖောက်နေပြီး တင့်ကားတွေလာနိုင်ဖို့ လမ်းဖောက်လုပ်နေတာလို့လည်းကြားတယ်လို့ ဆိုပါတယ်။

“သူတို့အထိုင်ချထားတဲ့နေရာကို လမ်းပြင်နေတာ၊ အဲဒီလမ်းပေါက်သွားပြီဆိုရင် သူတို့တင့်ကားတွေရော ဝင်လာမှာ၊ ကျောက်ကြီးကိုဆို ခနလေးနဲ့ ရောက်နိုင်တယ်” လို့ အထက်ပါစစ်ရေးတာဝန်ခံက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို KNLA တပ်ရင်း (၉)၊ ပဲခူးခရိုင်အမှတ်(၂) P2-3702 တပ်ရင်း၊ သာယာဝတီမြို့နယ် ဂဠုန်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂဠုန်တပ်ဖွဲ့အနေနဲ့ သာယာဝတီမြို့နယ်ထဲမှာ ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းတပ်ဖွဲ့များနဲ့ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

ပုံစာ – နတ်သံကွင်းနယ်ရှိ စစ်တပ်အထိုင်စခန်းကို သွားရောက်ပစ်ခတ်ပုံ
0 Shares:
You May Also Like
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာနှင့် သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်း ထပ်မံတွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်ရှိ မရှီကထောင်ရပ်ကွက်၊ ယူမာကျေးရွာအဝင် တံတားလေးအနီးမှာ သေဆုံးနေတဲ့ အမျိုးသား ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှု ကင်းဖို့လိုကြောင်း တရုတ်အကူအညီဖြင့် လားရှိုးမှာ ပြန်လည်တပ်စွဲထားသည့် မင်းအောင်လှိုင် ပြော၊ ယခု နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပမည်ဟု ဆို

မြန်မာပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှုမရှိဖို့နဲ့ ပြည်တွင်းအဖျက်အမှောင့် ပယောဂတွေ ကင်းစွာ လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ တရုတ်အကူအညီနဲ့ လားရှိုးမှာ ပြန်လည်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
Read More

နေပြည်တော် ပကဖ ရဲဘော်များကို နေပြည်တော် တိုင်းစစ်ဌာန၏ တိုင်းဦးဆောင်အဖွဲ့ သွားရောက်တွေ့ဆုံ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့က ဒဏ်ရာရရဲဘော်တွေနဲ့ နောက်တန်းကို ပြန်နားတဲ့ ရဲဘော်တွေကို တိုင်းဦးဆောင်အဖွဲ့က သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့တယ်လို့ နေပြည်တော် ပကဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၅)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက် ပြင်းထန်နေ၊ စစ်ကောင်စီ လက်နက်ကြီးနှင့် ဒရုန်း အလွန်အကျွံ အသုံးပြု ထိုးစစ်ဆင်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ရွှေပြည်ညွန့်၊ ကျောက်တော၊ ကုန်းစံ၊ ပန်လန်းနဲ့ ကျောက်ကြမ်းကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လက်နက်ကြီး (၁၈၂)လုံး၊ ဒရုန်းနဲ့ ဗုံး (၅၇)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့အစွန်ရှိ စစ်အုပ်စု ဝန်ထမ်းအိမ်ရာအား မြင်းခြံခရိုင်တပ်ရင်း (၃) က  ဝင်ရောက်ရှင်းလင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ အကြမ်းဖက် စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရင်း တပ်စွဲထားတဲ့ ဝန်ထမ်းအိမ်ရာကိုပါ တစ်ပါတည်း မီးရှို့ရှင်းလင်းခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃) သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မိုးကုတ်နှင့် မိုးမိတ် မတတ်သာဘဲ လက်လွှတ်ခဲ့ရမှုအတွက် အနူးအညွှတ်တောင်းပန်ကြောင်း ဗိုလ်ချုပ် တာဘုန်းကျော် ပြောကြား

နွေဦးတော်လှန်ရေးအတွင်း အကောင်းဆုံးပေးဆပ်ခဲ့ပေမယ့် မိုးကုတ်နဲ့ မိုးမိတ်မြို့တွေ အကြမ်းဖက်စစ်တပ်ထံ ပြန်ပေးလိုက်ရတဲ့အတွက် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ကြောင်း တအာင်းတပ် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။