မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းဗုံးထိမှန်ထားတဲ့ ဂန့်ဂေါမြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ယောက်ဟာ တစ်ပတ်ကျော်အကြာမှာ ရရှိဒဏ်ရာတွေနဲ့ပဲ ဆေးရုံပေါ် သေဆုံးသွားတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၂)ရက်နေ့က ဂန့်ဂေါမြို့၊ အမှတ် (၅၀)ခြေလျင်တပ်ရင်းအနီးမှာရှိတဲ့ စစ်တပ် လမ်းဆုံဂိတ်တစ်ခုကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီး၄လုံး ကြဲချတိိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း ဂိတ်မှာရှိနေကြတဲ့ ပြည်သူ့စစ်(ပစ) တပ်သား (၂) ယောက်နဲ့ ရဲတပ်ဖွဲ့ဝင်(၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာတော့ စစ်အုပ်စုက မြို့ကိုလုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ယောအလင်းတန်းက ဆိုခဲ့တာပါ။

အဆိုပါပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ဂန့်ဂေါမြို့မ ရဲစခန်းရဲ့ ဒုရဲအုပ်ဟာ ဇန်နဝါရီလ ၂၃ရက် မနေ့ကပဲ သေဆုံးသွားခဲ့ပြီး ဂန့်ဂေါမြို့၊ မိုးကောင်းသင်္ချိုင်းမှာ နေ့ချင်းပြီးသင်္ဂြိုလ်လိုက်တယ်လို့ ကိုမင်းဒဿက ပြောပါတယ်။

“ဒုရဲအုပ်လို့ပဲသိရသေးတယ်။ ကျန်တာတွေကစုံစမ်းဆဲပါ။ ကျန်တဲ့ကောင်တွေလည်း ဆေးကုနေရဆဲလို့ သိရတယ်” လို့ ကိုမင်းဒဿက မောင်းကိုပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ (၂၅) ရက် မနက်ဖြန်မှာ ဂန့်ဂေါမြို့ပေါ် မဲရလဒ်တွေ ကြေညာဖို့ ရှိတာကြောင့် စစ်အုပ်စုက မြို့ကိုလုံခြုံရေးတိုးမြှင့်ထားတယ်လို့လည်း သိရပါတယ်။

“မနက်ဖြန်က မဲရလဒ်ကိုကြေညာမယ်ပြောတာပဲ။ ဂန့်ဂေါမှာ ကြိုတင်မဲတွေများတယ်။ ပြည်သူတွေကတော့ စိတ်မဝင်စားကြဘူး။ ခလရ ၅၀ တပ်ကကောင်တွေကတော့ ဒီနေ့ မနက် ၉ နာရီလောက်တည်းက ဂန့်ဂေါမြို့ပတ်လည်နေရာတွေမှာ ကင်းပုန်းတွေ အများကြီးကြိုချထားကြပါတယ်” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းကို ဆက်ပြောပါတယ်။

ပုံစာ- အကြမ်းဖက်ရဲတစ်ဦး၏ စျာပနမြင်ကွင်း(ပုံဟောင်း)
0 Shares:
You May Also Like
Read More

စစ်ဘေးရှောင်ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီ… (ဓာတ်ပုံသတင်း)

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတစ်ခုရှိ စစ်ဘေးရှောင်စခန်း တစ်ခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ၊ နိုင်ငံရေးဌာန ရဲဘော်တွေက ဒီဇင်ဘာ ၂၅ ရက်က သွားရောက်ပြီး ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်၏‌‌ ထောက်ပို့ယာဉ်တန်းကို K.N.L.A မှ ကြားဖြတ်တိုက်ခိုက်၊ စစ်တပ်မှ (၅) ဦး သေပြီး ထောက်ပို့ယာဉ် (၂) စီးပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ထောက်ပို့ယာဉ်တန်းကို K.N.L.A မှ ကြားဖြတ်တိုက်ခိုက်ရာ ထောက်ပို့ယာဉ် (၂) စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တပ်နှင့်ကင်းကွာနေသူများ၊ ခွင့်ယူနေသူများ၊တပ်ပြေးများ ပြန်လာကြရန်နှင့် ပြန်မလာပါက အရေးယူသွားရန်ရှိကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း (၃) ပြောကြား

တော်လှန်ရေးကာလ အရေးကြီးချိန်ဖြစ်တာကြောင့်အကြောင်းအမျိုးမျိုးနဲ့ တပ်နဲ့ကင်းကွာနေသူတွေ၊ ခွင့်ယူနေသူတွေနဲ့ တပ်ပြေးရဲဘော်တွေအနေနဲ့ မိခင်တပ်ရင်းထံ ပြန်လာပြီး တာဝန်ထမ်းဆောင်ကြဖို့နဲ့ သတ်မှတ်ရက်အတွင်း ပြန်မရောက်ရင် ဖမ်းဆီးအရေးယူခံရနိုင်ချေရှိကြောင်း စစ်ကိုင်းခရိုင် အမှတ် -၃ တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်ကာ မိသားစုနှင့်အတူ အလင်းဝင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖြူးမှာ တိုက်ပွဲတွင်း စစ်သုံ့ပန်း ၂ဦးကို အရှင်ဖမ်းမိပေမဲ့ သေနတ်လု ထွက်ပြေးတာကြောင့် ရှင်းလင်းခဲ့ရဟုဆို

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်း စစ်သား ၂ဦးကို အရှင်ဖမ်းမိခဲ့ပေမယ့် စစ်ဆေးနေစဉ်အတွင်း သေနတ်လု ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ဖြူးမြို့နယ် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့၊ မနက် ၁၀ နာရီခွဲဝန်းကျင်အချိန်မှာ ဖြူးမြို့နယ်၊ ဇေယျာဝတီ အရှေ့တောင်ဘက်၊ ကြပ်ကွင်းကျေးရွာ၊ ကြပ်ကွင်းတာဝါတိုင်အနီးမှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးရဲဘော်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူထံမှ လစဥ်ဆက်ကြေးကောက်နေသည့် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကော်မရှင်တပ်သား ၁၀ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သမန္တာရွာ၊ ခိုးသန်းရွာနဲ့ တောင်ပလူရွာကြားရှိ စက်တဲကွင်းမှာ အထိုင်ချ တပ်စွဲပြီး ပြည်သူတွေဆီက လစဥ် ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ထံက သိရပါတယ်။