ရန်ကုန်မြို့မှာ ပန်းရံလုပ်ကိုင်တဲ့ ချစ်ကိုဇင်ကို စစ်ကော်မရှင်က အဓမ္မပေါ်တာဆွဲဖမ်းဆီးပြီး ရှေ့တန်းပို့ဆောင်ခဲ့ရာကနေ ဇန်နဝါရီ ၁၇ ရက်က အမ်း-ပဒါန်းလမ်း ပဇီကျေးရွာအနီး တိုက်ပွဲမှာ အာရက္ခတပ်တော်ရဲ့ လက်ရဖမ်းဆီးခံခဲ့ရပါတယ်။
တပ်သား ချစ်ကိုဇင်ရဲ့ ထွက်ဆိုချက်ကို အာရက္ခတပ်တော် (AA)က ဇန်နဝါရီ ၂၃ ရက် ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
စစ်သင်တန်းကျောင်းမှာ အရာရှိ၊နည်းပြတွေက မူးယစ်ဆေးဝါးများကို မှောင်ခိုယူဆောင်ပေးပြီး စစ်မှုထမ်းတပ်သားတွေထံ ရောင်းချပေးတယ်လို့ တပ်သား ချစ်ကိုဇင်က ထွက်ဆိုခဲ့ပါတယ်။
သင်တန်းကာလအတွင်း စစ်တိုက်စရာမလိုတော့ဘူးလို့ အရာရှိဖြစ်သူက ပြောကြားခဲ့ပေမယ့် ရှေ့ တန်းသို့ ပို့ဆောင်ခံခဲ့ရပြီး AA ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်မြေပြင်သို့ အင်အား ၁၁၈ ယောက်ပို့ဆောင်ခံခဲ့ရပြီး ၁ လကျော်တိုက်ပွဲအတွင်း အင်အား ၅၀ ကျော်သာ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။
Video-AA info