အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ဖိလစ်ပိုင်အာဆီယံအထူးသံတမန် မစ္စမာရီယာ ထရီဆာပါရန်နိုလာဇာဇို က NUG အပါအဝင် မြန်မာနိုင်ငံမှ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ Reuters သတင်းဖော်ပြချက်အရ သိရပါတယ်။

ဖိလစ်ပိုင်အာဆီယံအထူးသံတမန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖိလစ်ပိုင်နိုင်ငံ၊ တာဂေးတေးမြို့မှာ မြန်မာ့အရေးအစည်းအဝေးကျင်းပခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် မြန်မာ့အရေးသက်ဆိုင်သူတွေနဲ့ နှစ်ရက်ကြာ ဆွေးနွေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ 

“ဒါက အပြုသဘောဆောင်တဲ့ အစည်းအဝေးတစ်ခုပါပဲ။ တစ်လအတွင်းမှာ အာဆီယံဥက္ကဌအသစ်က မြန်မာနိုင်ငံက သက်ဆိုင်သူတွေနဲ့ တွေ့ဆုံခဲ့တဲ့အ ခြေအနေအပေါ် အကောင်းမြင်ပါတယ်” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန်က ဆိုပါတယ်။

အဆိုပါအစည်း အဝေးမှာ ပဋိပက္ခလျှော့ချ ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူညီများ ပေးအပ်နိုင်ရေး၊ နိုင်ငံရေးအရ ဆွေးနွေးမှုများဖော်ဆောင်ရေးတို့အတွက် အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်တဲ့အစုအဖွဲ့ တွေ စုံလင်စွာပါဝင်တဲ့ အစည်းအဝေးလိုမျိုး ထပ်မံထိတွေ့ဆက်ဆံဖို့ရှိတယ်လို့ မစ္စမာရီယာ ထရီဆာပါရန်နို လာဇာဇို က ပြောကြားခဲ့ပါတယ်။

“မြန်မာစစ်ကောင်စီကို ဆန့်ကျင်သူတွေနဲ့ ထပ်မံဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။ စစ်တပ်ရဲ့အထွေထွေရွေးကောက်ပွဲရလဒ်တွေအပေါ် လမ်းဖွင့်ထားပေမဲ့ အဲဒီရွေးကောက်ပွဲကို အသိအမှတ်ပြု ထောက်ခံတာမရှိသေးဘဲ အစုအဖွဲ့များစွာနဲ့ ဆက်လက်ထိတွေ့ဆက်ဆံသွားဖို့ မျှော်လင့်ထားပါတယ်” ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ အာဆီယံနဲ့ မြန်မာနိုင်ငံတို့အကြား သဘောတူညီထားတဲ့  ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ပါဝင်မှုကို အားရတယ်လို့  မစ္စမာရီယာ ထရီဆာပါရန်နို လာဇာဇိုက သူမရဲ့ X (ယခင် Twitter) လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အာဆီယံအထူးကိုယ်စားလှယ် မစ္စမာရီယာ ထရီဆာပါရန်နို လာဇာဇိုဟာ ပြီးခဲ့တဲ့ဇန်နဝါရီလစပိုင်းမှာ နေပြည်တော်ကို သုံးရက်တာရောက်ရှိခဲ့ပြီး အာဏာသိမ်းစစ်‌ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုအရာရှိတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင် ထုတ်ပြန်ထားပါတယ်။

ကိုးကား – ASEAN chair Philippines hopes to widen talks with anti-junta forces in Myanmar

0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ နိုင်ငံတကာကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် တောင်းဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) က နိုင်ငံတကာကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read More

ဆိုးလ်မြို့လယ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ မြန်မာ့လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဆန္ဒပြချီတက်ပွဲကို ဇွန်လ ၁၅ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) က ထုတ်ပြန်ပါတယ်။
Read More

မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၂၃ သန်း ပံ့ပိုးမယ်လို့ တောင်ကိုးရီးယားသမ္မတ ပြော

၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်ကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၂၃ သန်း ပံ့ပိုးပေးအပ်သွားမယ့် အစီအစဉ်ကို တောင်ကိုးရီးယားသမ္မတ ယွန်ဆော့ယိုလ်က အောက်တိုဘာလ ၁၁ ရက် သောကြာနေ့မှာ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်စဉ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Read More

မြန်မာ့ငလျင်အတွက် လာရောက်ကူညီနေသည့် USAID ဝန်ထမ်း သုံးဦး အလုပ်ထုတ်ခံရ

ငလျင်ဒဏ်သင့်  မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ USAID ဝန်ထမ်း ၃ယောက် အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ The New York Times သတင်းက ဖော်ပြပါတယ်။ 
Read More

မြန်မာငလျင်အတွက် ယူကေအစိုးရက စတာလင်ပေါင် ၁၀ သန်းနဲ့ အမေရိကန်အစိုးရက ကန်ဒေါ်လာ ၇ သန်း ထပ်တိုးကူညီ ..

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခဲ့တဲ့ အင်အားပြင့်ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ယူကေအစိုးရက စတာလင်ပေါင် ၁၀ သန်း ထပ်မံတိုးမြှင့်ထောက်ပံ့ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်းမှုနှင့်အတူ ငလျင်ဘေးဒဏ် ခံစားနေရသည့် မြန်မာ့အခြေအနေကို နိုင်ငံတကာ ပါလီမန်များညီလာခံမှာ အသိပေးမည်

စစ်အာဏာသိမ်းမှုနဲ့အတူ မြန်မာပြည်သူတွေ ငလျင်ဘေးဒဏ် ခံစားနေရမှုအပေါ် ကမ္ဘာက ပိုမိုသိရှိပြီး အကူအညီတွေ ရရှိစေဖို့ နိုင်ငံတကာ လွှတ်တော် အသိုင်းအဝိုင်းကို သတင်းစကားပေးနိုင်အောင် ကြိုးစားနေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။