ကချင်ပြည်နယ် ဗန်းမော်မြို့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း စစ်ရှောင်စခန်းမှာ နာရေးဆုတောင်းပွဲ ပြုလုပ်နေ ချိန် အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် လူ ၂၀ ကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းက ဗန်းမော်မြို့ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်နေချိန် အကြမ်းဖက်စစ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဗုံးဒဏ်ကြောင်း အရပ်သား ၂၀ ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ ၄၀ လောက်ရှိတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူထဲမှာ (၂) သားအရွယ် ကလေးငယ် ၁ ဦးလည်းပါဝင်ပြီး သူ့ရဲ့ မိဘ ၂ ယောက်လုံး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
Video – Nang Pu