ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး ခြေထောက် ဖြတ်ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ခဲ့တဲ့ အဖွဲ့က သိရပါတယ်။
ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းက တောင်ငူမြို့နယ် မုန်း ၆ ရပ်ကွက်နေ အသက် (၅၇)နှစ်အရွယ် အမျိုးသမီးကြီး ၁ ဦး ထင်းခွေသွားရာကနေ မိုင်းနင်းမိပြီး ခြေထောက်ဖြတ်ခဲ့ရတယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကြီးဟာ လင်မယား ၂ ယောက်ထဲ နေထိုင်ပြီး ဆင်းရဲတဲ့အတွက် တောတောင်အတွက် ထင်းခွေ၊ ဟင်းရွက်ခူး အသက်မွေး ဝမ်းကျောင်းလုပ်ရသူ တွေဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ဟာ လက်ရှိ တောင်ငူဆေးရုံမှာ ဆေးကုသနေပြီး လိုအပ်တဲ့ အစားအသောက်၊ ဖြည့်စွက်စာတွေနဲ့ ခြေတုတပ်ဆင် တဲ့အထိ ကူညီပေးသွားမယ်လို့ သွားရောက်ကူညီခဲ့သူက ပြောပါတယ်။
Video – Kyaw Thu Ya