စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အကြမ်းဖက်စစ်ကော်မရှင်တပ်စခန်းကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက် ပစ်ခတ်ခဲ့လို့ ၂ ယောက်သေဆုံး သွားတယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေး တပ်ဆီက သိရပါတယ်။
ဇနါနဝါရီ ၂၁ ရက် ည ၇ နာရီလောက်မှာ ကျောက်ရစ်ရွာ စစ်ကာ်မရှင် အထိုင်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မီတာ ၁၀၀၀ အကွာက ၆၀ မမ လက်နက်ကြီးသုံးလုံး၊ M9 တစ်လုံး တို့နဲ့သွားရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလို သွားရောက်ပစ်ခတ်ခဲ့တဲ့ အတွက် အကြမ်းဖက်စစ်ကော်မရှင်တပ်သား နှစ်ယောက် သေဆုံးပြီး အများအပြားထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ လည်းသိရပါတယ်။
“သူတို့ဘက် 60မမ သုံးလုံးနဲ့ လက်နက်ငယ်တွေနဲ့ပြန်ပစ်တယ်။ သေဆုံးမှုကို အတွင်း ဖရဲသီး သတင်ပေးရှိပါတယ်။ ကျောက်ရစ်ကရွာမှာ သူတို့ကအထိုင်ချထားတာ။တစ်ခါတစ်ရံ စစ်ဆေးတာတွေရှိတယ် “လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ် ဗိုလ်တိုက်ဂါးက မောင်းကို ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ သူတို့ရဲ့စခန်းအနားကို ပြည်သူတွေကိုဖြတ်သန်းသွားလာခွင့် မပြုတော့ဘူးလို့ သိရပါတယ်။
အဲဒီကျောက်ရစ်စခန်းက အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေနဲ့ ပျုစောထီးတွေဟာ အပစ်ခံရမှာစိုးရိမ်တဲ့အတွက် လုံခြုံရေးကင်းပတ်တာကို ညပိုင်းမှာသာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်ရစ်ရွာ စစ်ကော်မရှင်အထိုင်စခန်းကို T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ မြောင်မြို့နယ် မြို့မ တိုက်နယ် ပကဖ ကိုဝေလင်း၊ စစ်ကိုင်းခရိုင် ထုတ်လုပ်ရေးဌာန၊မြောင်မြို့ နယ် ပကဖ၊မြောင်ဖိုက်တာ ပြည်သူကာကွယ်ရေးတပ်တို့ ပူပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။