မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်း ဒရုန်းဗုံးသီးကြဲချ ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ − ပအဖ ဆီက သိရပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့မှာ မကျီးဖျားအုပ်စု ကျောက်ခဲကုန်းရွာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဘုရားတန်းဆောင်ပေါ်ကို အကြမ်းဖက်စစ်ကော်မရှင် ဒရုန်းဗုံးသီး နဲ့ လာရောက်ကြဲချခဲ့တာလို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူ တစ်ယောက်ပွဲချင်းပြီး သေဆုံးခဲ့ကာ တစ်နှစ်အရွယ် ကလေးတစ်ကတော့ ဆေးကုသမှု ခံယူရင်း ၂၀ ရက်နေ့မှာ သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

“ကလေးကတော့ ၂၀ ရက်နေ့မှာ ဆုံးပါတယ်။ ကလေးက ဆေးကုသမှု တော့ပေးနိုင် ခဲ့ပါတယ်။ Drone ဗုံးသီးရဲ့ အရှိန်ကြောင့် ကလေးက ဝါးတပြန်လောက် လွှင့်သွားခဲ့တယ်။ ဦးခေါင်းပြင်းပြင်းထန်ထန် ထိခိုက်သွားတယ်” လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ − ပအဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဲဒီဒရုန်းဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၅ ယောက် ထက်မနည်းရှိတယ်လို့ သိရပြီး အဲဒီထဲက သေဆုံးသွားတဲ့ တစ်နှစ်အရွယ် ကလေးရဲ့ မိခင်ကတော့ စိုးရိမ်ရတဲ့ အခြေနေရှိတယ် လို့ဆို ပါတယ်။

သေဆုံးသွားတဲ့ ကလေးဟာ စစ်ရှောင်နေရင်း မွေးဖွားခဲ့တာဖြစ်ပြီး အခုလို စစ်ဘေးတိမ်း ရှောင်နေရတာလဲ တစ်နှစ်ကျော်လောက်ရှိပြီလို့ သိရပါတယ်။

သေဆုံးသွားသော ကလေးအား တွေ့ရစဥ်



သူတို့နေထိုင်တဲ့ ကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ၂၀၂၅ ခုနှစ်ဇန်နဝါရီ ၈ ရက်နေ့မှာ ထွက်ပြေး တိမ်းရှောင်ခဲ့ရတာလို့ သိရ ပါတယ်။

“ကလေးက တစ်နှစ်သားပါ။ စစ်ရှောင်တာလဲတစ်နှစ်ကျော်ပြီ။ ရွာက ၂ ကြိမ် မီးရှို့ခံရတယ်။ တစ်ခြားအဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၅ လောက်က ဒီဘက်ရောက်တာလို့ ပြောပါတယ်။ တစ်ချို့ကလည်း ဒီထက်စောပြီး ရောက်ကြတယ် ”လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်ကော်မရှင် တပ်သားတွေ လာရောက်ပစ်ခတ်ခဲ့တဲ့ ဒရုန်းဟာ ဆင်ဖြူကျွန်း ပြည်တော်ပြန် ဘုရားအနီးမှာ အထိုင်ချထားတဲ့ စခန်းက လာရောက် ပစ်ခတ်တာ ဖြစ်နိုင်သလို ကြိမ်မြောင်းရွာ သုသာန်အနီး ထိတွေ့မှုဖြစ်ပွားခဲ့တဲ့ နေရာက တက်လာတဲ့ ဒရုန်းလည်း ဖြစ်နိုင်တယ် လို့ဒေသခံတွေက ပြောဆိုကြပါတယ်။

0 Shares:
You May Also Like
Read More

ကန်နီပျူစောထီးရွာ စစ်ဆင်ရေးအတွင်း ခမရ ၂၅၂ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်

မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကန်နီ ပျူစောထီးကျေးရွာ စစ်ဆင်ရေးအတွင်း ခမရ ၂၅၂ က စစ်ကောင်စီတပ်သား ၁ ယောက် ‌ လက်နက်နဲ့ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

သန်းခေါင်စာရင်းကောက်နေသူ ၉ယောက်ကို လောင်းလုံး ပကဖ ဖမ်းဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ယူနေတဲ့ လူ၉ ယောက်ပါတဲ့ အဖွဲ့ကို ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံးပကဖ သတင်းပြန်ကြားရေးတာ၀န်ခံက အတည်ပြုပြောဆိုပါတယ်။
Read More

လက်ပံတန်းတွင် စစ်တပ် ပျက်ကျသည့် တိုက်ခိုက်ရေးဒရုန်းကို တော်လှန်ရေးတပ် သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာတိုက်ပွဲအတွင်း ပျက်ကျလာတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်ရေးဒရုန်း ၁ စီးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ဖြစ်တဲ့ သာယာဝတီဂဠန်တပ်ဖွဲ့ကနေ သိမ်းဆည်းရှိထားတယ်လို့ သိရပါတယ်။
Read More

ဖားကန့်တွင် စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ၊ လက်သည်မပေါ်ဘဲ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း ၂ လောင်းလည်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

လက်ပံတန်းတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့ဖျက်ဆီးနေသလို ဒေသခံများကိုလည်း ဖမ်းဆီးထား

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ စီတုန်းရွာက နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

စစ်ကိုင်း တပ်မ ၃၃က စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၁၂ယောက်သေ၊ အများအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ တပ်မ ၃၃က ထွက်လာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်းအပါအဝင် မိုင်းရှင်းစစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁၂ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။