စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ချိုင်းကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုတပ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မတ္တရာမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၀ ရက်က စစ်ကိုင်းမြို့နယ် ချိုင်းကြီးကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုတပ် စခန်းကို မတ္တရာမြို့နယ်ပကဖနဲ့ နယ်မြေခံတပ်‌ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါ တယ်။

တိုက်ပွဲအတွင်း စစ်သား ၅ ဦး မျက်မြင်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိသွားကာ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မတ္တရာမြို့နယ်

0 Shares:
You May Also Like
Read More

မန္တလေးမြို့မှာ ငလျင်ဒဏ်ခံထားရသည့် အဆောက်အအုံဖြိုချရာ လမ်းမပေါ် ပြိုကျမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ငလျင်ဒဏ်ခံထားရတဲ့ အဆောက်အအုံဖြိုချရာ လမ်းမ ပေါ်ပြိုကျခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ရန်ကုန်မှာ ”ငုံ့မခံနဲ့ တုံ့ပြန်၊ အံတုတွန်းလှန်ဖက်ဆစ်ဒဏ်”စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ယနေ့ ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှာ နှစ်ငါးလုံးလှုပ်ရှားမှုအဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖာပွန်မြို့နယ် ကူးဆိပ် စစ်ကောင်စီ ခံစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကူးဆိပ် စစ်ကောင်စီခံစစ်တပ်စခန်းကို တောင်ပိုင်းစစ်ဆင်ရေးနယ်မြေ အမှတ် ၂၇ စစ်ဗျူဟာရဲ့ ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရုပ်သံမှတ်တမ်းကို အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ဒီနေ့ မတ်လ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကိုင်းမြို့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကနေ ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ သံပြာကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကနေ ထွက်လာတဲ့ ကြေးနီသယ် ယာဉ် ၄၃ စီးနဲ့ သံပြားကာယာဉ် ၅ စီးကို မုံရွာ-မန္တလေးလမ်းပိုင်း မအူဂိတ်အနီး ပဒေသာပွိုင့် ၅ လုံး နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။
Read More

မိုးဗြဲမြို့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက် ပြန်လည်မရောက်စေဖို့ ထောက်ပို့ပြည်သူများ ဝိုင်းဝန်းကူညီကြဖို့ အကူအညီတောင်းခံ (ရုပ်/သံ)

''မိုးဗြဲမှာ စစ်ကောင်စီရဲ့ထိုးစစ်ကို ကြံ့ကြံ့ခံရင်း နေ့စဉ်နီးပါးတိုက်ပွဲပြင်းထန်နေတာ အားလုံး အသိဘဲဖြစ်ပါတယ်။ ဒေသတွင်း အရေးပါတဲ့မိုးဗြဲမြို့ကို စစ်ကောင်စီ၏ပြန်လည်မထိန်းချုပ်နိုင်ရေးအတွက် အားလုံး ပါဝင်ပေးကြဖို့လိုအပ်ပါတယ်''လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဆိုပါ တယ်။
Read More

TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့အခြေစိုက် ခမရ ၅၀၁ နဲ့ ခမရ ၅၀၂ ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၀၁ နဲ့ ခမရ ၅၀၂ ကို ဒီနေ့ မတ်လ ၃ ရက်မှာ အကြမ်းဖက်စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။