စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်ရှိ လက်ထောက်ကြီးကြပ်ရေးမှူး ကျော်ထက်ဦးဟာ အကျဥ်းသားတွေဆီက လာဘ်ယူတာ၊ ခေါင်းပုံဖြတ်တာတွေ လုပ်နေတယ်လို့ Political Prisoners Network – Myanmar က သိရပါတယ်။

အဲဒီ လက်ထောက်ကြီးကြပ်ရေးမှူး ကျော်ထက်ဦးဟာ အကျဉ်းထောင်အတွင်း ကွမ်းပေါင်းရောင်းချတာ၊ အကျဉ်းသားတွေ စိုက်ပျိုထားတဲ့ သီးနှံတွေကို ပုံမှန်ထက် ၃ ဆတင်ပြီး ရောင်းချတာတွေလုပ်နေ တယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် အကျဉ်းသားတွေကို ငွေညှစ်ပြီး အခန်းပြောင်းတာ၊ အိပ်ဆောင်ပြောင်းတာတွေ ကိုလည်း ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာတယ်လို့ သိရပါတယ်။

လက်ထောက်ကြီးကြပ်ရေးမှူး ကျော်ထက်ဦးဟာ ရာထူးတစ်ပွင့်ကနေ နှစ်ပွင့်ကိုရာထူးတိုးသွားပြီနောက် ကလေးအကျဉ်းထောင် စီမံကွပ်ကဲမှု ယန္တရားမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေသူ တစ်ယောက်လည်း ဖြစ်တယ်လို့ဆိုပါတယ်။

“ကလေးအကျဉ်းထောင်မှာ စိုက်ပျိုးရေးရှိတယ်။ အကျဉ်းသားတွေက အပင်တွေစိုက်ကြတယ်။ စားပင်တွေစိုက်ကြတဲ့အခါမှ အပင်တွေရရှိလာပြီးဆိုရင် အကျဉ်းသားတွေကို ချက်ဖို့အတွက် စားဖိုကို ပေးရတာတွေရှိတယ်။ အဲဒါမျိုးတွေကိုမပေးပဲနဲ့ အကျဉ်းသားတွေကို ၃ ဆလောက်ဈေး တင်ပြီးတော့ ရောင်းနေတာမျိုးလုပ်တယ်”လို့ Political Prisoners Network – Myanmar ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။

ကျော်ထက်ဦးဟာ အရင်က အကျဉ်းသား တစ်ယောက်ကို ဦးခေါင်းကွဲအောက် ရိုက်နက်ခဲ့ပေမယ့်လည်း အရေးယူခံရတာမျိုး မရှိတဲ့အတွက် အခုအခါမှာ အကျဉ်းသားတွေအပေါ် ကျဉ်စက်အသုံးပြုတာ၊ ခြိမ်းခြောက်တာ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် သူ့ရဲ့ မနက်စာ၊ နေ့လယ်စာ နဲ့ ညစာတွေကို အကျဉ်းသားတွေရဲ့ ရိက္ခာတွေထဲက ဖြတ်ယူစားသောက် နေသူတစ်ယောက် လည်းဖြစ်တယ်လို့ သိရပါတယ်။

ကလေး အကျဉ်းထောင်မှာ စားနပ်ရိက္ခာတွေကို လောက်ငှအောင် မပေးတဲ့အပြင် ဖြတ်ယူစား သောက်တာမျိုးလည်း လုပ်ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။

အခုလို ရိက္ခာတွေကို လောက်ငှအောင် မပေးတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေဟာ ကိုယ့်စရိတ်နဲ့ မှာယူစားသောက်နေရပြီး မိသားစုနဲ့ အပေါင်းအသင်းတွေက ပေးပို့လာတဲ့ ထောင်ဝင်စာတွေကို ထောင်အရာရှိတွေက ခေါင်းပုံဖြတ် စားနေတယ်လို့ ဆိုပါတယ်။

“အကျဉ်းသားတွေရမဲ့ ရိက္ခာတွေထဲက နိုက်ယူစားသောက်နေတာမျိုး တွေကို ပေါ်ပေါ်ထင်ထင်ကျူး လွန်နေတာကိုတွေ့ရပါတယ်။ PPNM အနေနဲ့ ပြောရမယ်ဆိုလို့ ရှိရင် အကျဉ်းထောင်က စီးပွားရှာရမယ့်နေရာမဟုတ်ပါဘူး။ ဒီအကျဉ်းထောင်ထဲမှာ မိမိဘာသာ မိမိဝယ်စားပြီးတော့မှ ထောင်ကျနေရတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ လူ့အခွင့်အရေးနဲ့ အကျဉ်းသားအခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခံနေရတာ”လို့ သတင်းပြန်ကြားရေး တာဝန်ခံက ဆက်ပြောပါတယ်။

ဒါ့အပြင် ထောင်ဝင်စာလာတဲ့ ပါဆယ်တွေကိုလည်း လက်ထောက်ကြီး ကြပ်ရေးမှူးရုံးက အကျဉ်းသား အောင်လှိုင်သန်း (ခ)ဖိုးလုံးကို စေခိုင်းပြီး ကျော်ထက်ဦးက စားသောက်ချင်တဲ့ တာတွေကို ယူဆောင်တာတွေ ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်အကြောင်းပြုကာ သူတို့ရဲ့ ယုတ်မာမှုတွေ ပေါ်ကုန်မှာစိုးတာကြောင့် နိုင်ငံတကာသတင်းသမားတွေကို ဝင်ခွင့်မပေးတဲ့ စစ်ကောင်စီ

နိုင်ငံတကာသတင်းဌာနတွေက သတင်းထောက်တွေကို ငလျင်ဘေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ သတင်းလာယူခွင့်မပြုဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြောခဲ့ပါတယ်။ 
Read More

ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို PDF နှင့် KNLA တိုက်ခိုက်သိမ်းပိုက် ၊ စစ်ကောင်စီတပ်မှ ၁၆ ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းအပြား သိမ်းဆည်းရရှိ…

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ KNLA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီစခန်း​တွေကို တစ်နေ့တည်းမှာ တိုက်ခိုက် သိမ်းပိုက်ရာ လက်နက်ခဲယမ်းအများအပြားရရှိခဲ့တယ်လို့ PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီးမော့ဆို အနောက်ခြမ်းတွင် စစ်အုပ်စု ဗုံးကြဲမှုကြောင့် တော်လှန်ရေးရဲဘော် ၅ ဦး ကျဆုံး၊ ၇ ဦး ဒဏ်ရာရ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတစ်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် တော်လှန်ရေးရဲဘော် ၅ ယောက် ကျဆုံးပြီး ၇ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်က ပြောပါတယ်။
Read More

ခရစ္စမတ်နှင့် နှစ်သစ်ကူးတွင် လူစုလူဝေးမလုပ်ရန် အရေးကြီးကာလအဖြစ် ကရင်နီပြည်တပ်မတော် ကြေညာ

အကြမ်းဖက်စစ်တပ် အန္တရာယ်ပြုလာနိုင်တဲ့အတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ ကရင်နီပြည်အတွင်း လူစုလူဝေးမလုပ်ဖို့ ဒီနေ့ ဒီဇင်ဘာ ၁၉ရက် ကစပြီး အရေးကြီးကာလအဖြစ် သတ်မှတ်တယ်လို့ ကရင်နီပြည်တပ်မတော် (KA) က ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ယောက် Loikaw Local PDF ထံ အလင်းဝင်

လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) ထံကို စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၂ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

နောင်ချိုနှင့် ကျောက်မဲတွင် စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁) ဦး သေဆုံး၊ (၃) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချမှုနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်  ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။